EXO အဖွဲ့ဝင် ချန်းရဲ့ဒစ်ဂျစ်တယ်တေးသီချင်းအသစ် "Broken Party" ထွက်ရှိမည်

 33

ရောင်နီ (NP News) - ဧပြီ ၂၂

တောင်ကိုရီးယား၊ အမျိုးသား K Pop အဖွဲ့ EXO ရဲ့အဖွဲ့ဝင် ချန်းဟာ တေးသီချင်းအသစ်နဲ့အတူ ပရိသတ်ရှေ့ ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
ဧပြီလ ၂၁ ရက် နေ့လည် ၂ နာရီ အချိန်က ထုတ်ပြန်တဲ့ ချန်းရဲ့အေဂျင်စီ INB100 ရဲ့ပြောကြားချက်အရ ချန်းဟာ နောက်လာမယ့် ဒစ်ဂျစ်တယ်တေးသီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ "Broken Party”ကို ဧပြီလ ၂၈ ရက်မှာ ထွက်ရှိဖို့ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

"Broken Party” ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ထွက်ရှိတဲ့ ဒစ်ဂျစ်တယ်တေးသီချင်း “Beyond:” နောက် ခြောက်လအကြာမှာ ထွက်ရှိမယ့် ချန်းရဲ့သီချင်းသစ်ဖြစ်ပါတယ်။ အသစ်ထွက်ရှိမယ့် သီချင်းသစ် "Broken Party" ဟာ အထီးကျန်ဆန်မှု၊ လိုအင်၊ အချစ်အပေါ် ရောင်ပြန်ဟပ်တဲ့ခံစားချက်တွေကို သိမ်မွေ့စွာဖော်ပြမယ့် ပေါ့စ်သီချင်းဖြစ်တယ်လို့ သိရပါတယ်။

EXO အဖွဲ့ဟာ ၂၀၁၁ ခုနှစ်က စတင် debut လုပ်ခဲ့ပြီး ပရိသတ်ရဲ့အားပေးမှု များစွာ ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ အဖွဲ့လိုက် သီဆိုဖျော်ဖြေမှုတွေ မရှိတော့ပေမယ့် အဖွဲ့ဝင်တွေဟာ တစ်ကိုယ်တော် သီချင်းသစ်တွေ ဆက်လက်ထွက်ရှိနေဆဲ ဖြစ်ပါတယ်။

Related news

© 2021. All rights reserved.