တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ဖိလစ်ပိုင်တို့စတင်

854

Pika (NP News) - ဧပြီ ၂၂
တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေအပါအဝင် ဒေသတွင်းလုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကို ကြုံတွေ့နေရချိန်မှာပဲ အမေရိကန်နဲ့ဖိလစ်ပိုင်စစ်သား(၁၄၀၀၀)ကျော်ဟာ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုကို ဧပြီလ(၂၁)ရက်မှာ စတင်ခဲ့တယ်လို့ သိရပါတယ်။
နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Balikatan စစ်ရေးလေ့ကျင့်ခန်းကို လာမယ့်မေလ(၉)ရက်ကနေစတင်ပြီး သီတင်းပတ်(၃)ပတ်ကြာ လုပ်ဆောင်သွားမည်ဖြစ်ကာ NMESIS သင်္ဘောဖျက်ဒုံးကျည်စနစ်နဲ့ HIMARS ဒုံးကျည်လောင်ချာတွေအပါအဝင် အမေရိကန်ရဲ့စစ်လက်နက်ပစ္စည်းအများအပြားကို ပြသသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒါ့ပြင် ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုအတွင်း ၎င်းရဲ့ကိုယ်ပိုင်ခေတ်မီဒုံးကျည်တွေကို စမ်းသပ်မှုတွေလုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ အမေရိကန်ဘက်က လေ့ကျင့်ရေးဒါရိုက်တာ ဒုတိယဗိုလ်ချုပ်ကြီး James Glynn က ယခုနှစ် စစ်ရေးလေ့ကျင့်မှုကို နှစ်ဖက်တပ်ဖွဲ့တွေရဲ့ စွမ်းရည်တွေကို အခြေအနေအမျိုးမျိုးမှာ တိုင်းတာမှုတွေလုပ်ဆောင်မယ့် အပြည့်အဝ တိုက်ပွဲစမ်းသပ်မှုအဖြစ် ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ရေးလေ့ကျင့်ခန်းတွေအတွင်း ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ခုခံကာကွယ်မှု၊ ပင်လယ်ပြင်အတွင်း ကျူးကျော်ဝင်ရောက်မှုတွေကို တားဆီးမှုနဲ့ ရေကြောင်းတိုက်ခိုက်မှုစမ်းသပ်မှုတွေပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ James Glynn က"ဒီစစ်ရေးလေ့ကျင့်ခန်းက တောင်တရုတ်ပင်လယ်အတွင်း ကျွန်တော်တို့ကြုံတွေ့နေရတဲ့ ဒေသတွင်း လုံခြုံရေးစိန်ခေါ်မှုတွေအားလုံးကို ထည့်သွင်းစဉ်းစားဖို့ ရည်ရွယ်ထားတာပဲဖြစ်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
zawgyi version
တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ ႏွစ္စဥ္စစ္ေရးေလ့က်င့္မႈကို အေမရိကန္နဲ႔ဖိလစ္ပိုင္တို႔စတင္
Pika (NP News) - ဧၿပီ ၂၂
ေတာင္တ႐ုတ္ပင္လယ္အတြင္း တင္းမာမႈေတြအပါအဝင္ ေဒသတြင္းလုံၿခဳံေရးဆိုင္ရာစိုးရိမ္မႈေတြကို ႀကဳံေတြ႕ေနရခ်ိန္မွာပဲ အေမရိကန္နဲ႔ဖိလစ္ပိုင္စစ္သား(၁၄၀၀၀)ေက်ာ္ဟာ ႏွစ္စဥ္စစ္ေရးေလ့က်င့္မႈကို ဧၿပီလ(၂၁)ရက္မွာ စတင္ခဲ့တယ္လို႔ သိရပါတယ္။
ႏွစ္စဥ္က်င္းပၿမဲျဖစ္တဲ့ Balikatan စစ္ေရးေလ့က်င့္ခန္းကို လာမယ့္ေမလ(၉)ရက္ကေနစတင္ၿပီး သီတင္းပတ္(၃)ပတ္ၾကာ လုပ္ေဆာင္သြားမည္ျဖစ္ကာ NMESIS သေဘၤာဖ်က္ဒုံးက်ည္စနစ္နဲ႔ HIMARS ဒုံးက်ည္ေလာင္ခ်ာေတြအပါအဝင္ အေမရိကန္ရဲ႕စစ္လက္နက္ပစၥည္းအမ်ားအျပားကို ျပသသြားမွာျဖစ္တယ္လို႔လည္းသိရပါတယ္။ ဒါ့ျပင္ ဖိလစ္ပိုင္ဟာ အေမရိကန္နဲ႔ တိုက္႐ိုက္ပစ္ခတ္ေလ့က်င့္မႈအတြင္း ၎ရဲ႕ကိုယ္ပိုင္ေခတ္မီဒုံးက်ည္ေတြကို စမ္းသပ္မႈေတြလုပ္ေဆာင္သြားမယ္လို႔လည္း သိရပါတယ္။ အေမရိကန္ဘက္က ေလ့က်င့္ေရးဒါ႐ိုက္တာ ဒုတိယဗိုလ္ခ်ဳပ္ႀကီး James Glynn က ယခုႏွစ္ စစ္ေရးေလ့က်င့္မႈကို ႏွစ္ဖက္တပ္ဖြဲ႕ေတြရဲ႕ စြမ္းရည္ေတြကို အေျခအေနအမ်ိဳးမ်ိဳးမွာ တိုင္းတာမႈေတြလုပ္ေဆာင္မယ့္ အျပည့္အဝ တိုက္ပြဲစမ္းသပ္မႈအျဖစ္ ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
စစ္ေရးေလ့က်င့္ခန္းေတြအတြင္း ဒုံးက်ည္ၿခိမ္းေျခာက္မႈေတြကို ခုခံကာကြယ္မႈ၊ ပင္လယ္ျပင္အတြင္း က်ဴးေက်ာ္ဝင္ေရာက္မႈေတြကို တားဆီးမႈနဲ႔ ေရေၾကာင္းတိုက္ခိုက္မႈစမ္းသပ္မႈေတြပါဝင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။ James Glynn က"ဒီစစ္ေရးေလ့က်င့္ခန္းက ေတာင္တ႐ုတ္ပင္လယ္အတြင္း ကြၽန္ေတာ္တို႔ႀကဳံေတြ႕ေနရတဲ့ ေဒသတြင္း လုံၿခဳံေရးစိန္ေခၚမႈေတြအားလုံးကို ထည့္သြင္းစဥ္းစားဖို႔ ရည္႐ြယ္ထားတာပဲျဖစ္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။