ဘိလပ်မြေတန်ချိန်(၂,၄၀၀) တင်ဆောင်လာသော ရေယာဉ်တစ်စင်း ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

4042

ချယ်ရီ(NP News)-ဧပြီ ၂၂
ပြည်ပမှ တင်သွင်းခွင့်ပြုထားသော ဘိလပ်မြေများများအနက် ဘိလပ်မြေတန်ချိန်(၂,၄၀၀)တင်ဆောင်လာသော ရေယာဉ်တစ်စင်း ရန်ကုန်မြို့ရှိ သာကေတဆိပ်ခံတံတားသို့ ရောက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်သောကြောင့် နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ် ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ အဆိုပါတည်ဆောက်မှုလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သောပြည်တွင်း ဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို ဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက် မပြတ် ရောက်ရှိလျက်ရှိပြီး ယခုတန်ချိန် (၂,၄၀၀) တင်ဆောင်လာသောရေယာဉ်သည် ရန်ကုန်မြို့၊ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊ သာကေတဆိပ်ခံတံတားသို့ ပြီးခဲ့သည့်(ဧပြီလ ၂၀ ရက်)၊ ညနေပိုင်းက ထပ်မံရောက်ရှိခဲ့ပြီး ယမန်နေ့(ဧပြီလ ၂၁ ရက်)၊ နံနက်ပိုင်းမှ စတင်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သောဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားပြီး လက်ရှိရေယာဉ်အပြင် ကျန်ဘိလပ်မြေ တင်ဆောင်လာသည့် ရေယာဉ်များပါ အပတ်စဉ် ဆက်လက်ရောက်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အတွင် ဖော်ပြထားသည်။
ရန်ကုန်တွင်ပြည်ပမှတင်သွင်းသောဘိလပ်မြေများ ဈေးကွက်အတွင်း ဝင်ရောက်နေပြီးဟုဆိုသော်လည်း ရန်ကုန်ဈေးကွက်အတွင်း အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေသည်အပြင် အဓိကလိုအပ်သောဘိလပ်မြေ မှာလည်း အမျိုးအစားအလိုက် တစ်အိတ်လျှင် လေးသောင်းနှင့်အထက် ပေါက်ဈေးရှိကြောင်းသိရသည်။

Zawgyi Version:
ဘိလပ္ေျမတန္ခ်ိန္(၂,၄၀၀) တင္ေဆာင္လာေသာ ေရယာဥ္တစ္စင္း ရန္ကုန္ဆိပ္ကမ္းသို႔ ေရာက္ရွိ
ခ်ယ္ရီ(NP News)-ဧၿပီ ၂၂
ျပည္ပမွ တင္သြင္းခြင့္ျပဳထားေသာ ဘိလပ္ေျမမ်ားမ်ားအနက္ ဘိလပ္ေျမတန္ခ်ိန္(၂,၄၀၀)တင္ေဆာင္လာေသာ ေရယာဥ္တစ္စင္း ရန္ကုန္ၿမိဳ႕ရွိ သာေကတဆိပ္ခံတံတားသို႔ ေရာက္ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။
ယခုအခ်ိန္သည္ ငလ်င္ဒဏ္အလြန္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းအျပင္ ပြင့္လင္းရာသီျဖစ္ေသာေၾကာင့္ ႏိုင္ငံတစ္ဝန္းတြင္ ေဆာက္လုပ္ ေရးလုပ္ငန္းမ်ားအား ေဆာင္႐ြက္လ်က္ရွိရာ အဆိုပါတည္ေဆာက္မႈလုပ္ငန္းမ်ားအတြက္ ယခုကာလအတြင္း လိုအပ္ေသာျပည္တြင္း ဘိလပ္ေျမလိုအပ္ခ်က္ကို ျပည့္မီေစရန္ႏွင့္ ျပည္တြင္းထုတ္လုပ္မႈကို ျဖည့္တင္းေပးႏိုင္ရန္အတြက္ ျပည္ပမွ ဘိလပ္ေျမမ်ားကို တင္သြင္းခြင့္ျပဳလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာ ေကာ့ေသာင္းနယ္စပ္ကုန္သြယ္ေရးစခန္းမွတစ္ဆင့္ တင္သြင္းလာေသာ ဘိလပ္ေျမေရယာဥ္မ်ား စဥ္ဆက္ မျပတ္ ေရာက္ရွိလ်က္ရွိၿပီး ယခုတန္ခ်ိန္ (၂,၄၀၀) တင္ေဆာင္လာေသာေရယာဥ္သည္ ရန္ကုန္ၿမိဳ႕၊ ျမန္မာ့ၾကယ္ငါးပြင့္သေဘၤာလုပ္ငန္း၊ သာေကတဆိပ္ခံတံတားသို႔ ၿပီးခဲ့သည့္(ဧၿပီလ ၂၀ ရက္)၊ ညေနပိုင္းက ထပ္မံေရာက္ရွိခဲ့ၿပီး ယမန္ေန႔(ဧၿပီလ ၂၁ ရက္)၊ နံနက္ပိုင္းမွ စတင္၍ ေဈးကြက္အတြင္း ျဖန႔္ျဖဴးရန္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ျပည္တြင္းေဆာက္လုပ္ေရးလုပ္ငန္းမ်ားအတြက္ ယခုကာလအတြင္း လိုအပ္ေသာဘိလပ္ေျမမ်ားကို တင္သြင္းခြင့္ျပဳထားၿပီး လက္ရွိေရယာဥ္အျပင္ က်န္ဘိလပ္ေျမ တင္ေဆာင္လာသည့္ ေရယာဥ္မ်ားပါ အပတ္စဥ္ ဆက္လက္ေရာက္ရွိမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အတြင္ ေဖာ္ျပထားသည္။
ရန္ကုန္တြင္ျပည္ပမွတင္သြင္းေသာဘိလပ္ေျမမ်ား ေဈးကြက္အတြင္း ဝင္ေရာက္ေနၿပီးဟုဆိုေသာ္လည္း ရန္ကုန္ေဈးကြက္အတြင္း အိမ္ေဆာက္ပစၥည္းမ်ား ေဈးႏႈန္းျမင့္တက္ေနသည္အျပင္ အဓိကလိုအပ္ေသာဘိလပ္ေျမ မွာလည္း အမ်ိဳးအစားအလိုက္ တစ္အိတ္လွ်င္ ေလးေသာင္းႏွင့္အထက္ ေပါက္ေဈးရွိေၾကာင္းသိရသည္။