Max ဘိလပ်မြေစက်ရုံမှတိုက်ရိုက်မှာယူသော ကိုယ်စာလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းရန် ဝန်ခံကတိထိုးပြီးမှ ဖြန့်ဖြူးပေးနေ

2586

ချယ်ရီ(NP News)- ဧပြီ၂၂
Max ဘိလပ်မြေစက်ရုံမှ တိုက်ရိုက်မှာယူနေသောကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချပေးရန် ဝန်ခံကတိ လက်မှတ်ရေးထိုးပြီးမှ ဖြန့်ချိပေးခြင်းဖြစ်ကြောင်း ယနေ့(ဧပြီလ ၂၂ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။
Max ဘိလပ်မြေစက်ရုံမှ ထုတ်လုပ်ထားသောဘိလပ်မြေများကို ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများခဲ့သော ဝန်ကြီးဌာနများကို ဦးစားပေးဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး အများပြည်သူများနှင့်သက်ဆိုင်သော အဆောက်အအုံများ ပြုပြင်ရန်အတွက် ဝယ်ယူပါက တစ်အိတ်လျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် ရောင်းချပေးနေကြောင်း ဖော်ပြချက်တွင် ပါရှိသည်။
ထို့ပြင် ငလျင်ဘေးဒဏ်သင့်ပြည်သူများအနေဖြင့် ဝယ်ယူလိုပါက ၎င်းတို့ထံတိုက်ရိုက်မှာယူ၍ ဝယ်ယူနိုင်ပြီး အများပြည်သူများကို သယ်ယူစရိတ်မပါ စက်ရုံအထိုင်ဈေး တစ်အိတ်လျှင် ငွေကျပ် (၂၃,၀၀၀)ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ဖော်ပြထားသည်။
ပြင်ပဈေးကွက်တွင် စက်ရုံမှသတ်မှတ်ပေးထားသော ဈေးနှုန်းထက် အဆမတန်ဈေးတင်ပြီး ရောင်းချမှုများ မရှိစေရန် စက်ရုံမှ တိုက်ရိုက်မှာယူနေသော ကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချပေးရန် ဝန်ခံကတိလက်မှတ်ရေးထိုးပြီးမှ ဖြန့်ချိပေးနေခြင်းဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ Max Cement တောင်ဖီလာဘိလပ်မြေစက်ရုံမှ နေ့စဉ်ထုတ်လုပ်လျက်ရှိသည့် ဘိလပ်မြေများကို သိုလှောင်ထားခြင်း မရှိဘဲ အမှန်တကယ်လိုအပ်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းခွင်များနှင့် သုံးစွဲသူများ လက်ဝယ်သို့ ဖြန့်ခွဲရောင်းချပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Versiion:
Max ဘိလပ္ေျမစက္႐ုံမွတိုက္႐ိုက္မွာယူေသာ ကိုယ္စာလွယ္မ်ားကို သတ္မွတ္ေဈးႏႈန္းျဖင့္ေရာင္းရန္ ဝန္ခံကတိထိုးၿပီးမွ ျဖန႔္ျဖဴးေပးေန
ခ်ယ္ရီ(NP News)- ဧၿပီ၂၂
Max ဘိလပ္ေျမစက္႐ုံမွ တိုက္႐ိုက္မွာယူေနေသာကိုယ္စားလွယ္မ်ားကို သတ္မွတ္ေဈးႏႈန္းျဖင့္ ျပန္လည္ေရာင္းခ်ေပးရန္ ဝန္ခံကတိ လက္မွတ္ေရးထိုးၿပီးမွ ျဖန႔္ခ်ိေပးျခင္းျဖစ္ေၾကာင္း ယေန႔(ဧၿပီလ ၂၂ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ေဖာ္ျပခ်က္အရ သိရသည္။
Max ဘိလပ္ေျမစက္႐ုံမွ ထုတ္လုပ္ထားေသာဘိလပ္ေျမမ်ားကို ငလ်င္ေဘးေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားခဲ့ေသာ ဝန္ႀကီးဌာနမ်ားကို ဦးစားေပးျဖန႔္ျဖဴးေရာင္းခ်ေပးလ်က္ရွိၿပီး အမ်ားျပည္သူမ်ားႏွင့္သက္ဆိုင္ေသာ အေဆာက္အအုံမ်ား ျပဳျပင္ရန္အတြက္ ဝယ္ယူပါက တစ္အိတ္လွ်င္ ေငြက်ပ္ (၂၀,၀၀၀) ႏႈန္းျဖင့္ ေရာင္းခ်ေပးေနေၾကာင္း ေဖာ္ျပခ်က္တြင္ ပါရွိသည္။
ထို႔ျပင္ ငလ်င္ေဘးဒဏ္သင့္ျပည္သူမ်ားအေနျဖင့္ ဝယ္ယူလိုပါက ၎တို႔ထံတိုက္႐ိုက္မွာယူ၍ ဝယ္ယူႏိုင္ၿပီး အမ်ားျပည္သူမ်ားကို သယ္ယူစရိတ္မပါ စက္႐ုံအထိုင္ေဈး တစ္အိတ္လွ်င္ ေငြက်ပ္ (၂၃,၀၀၀)ျဖင့္ ျဖန႔္ျဖဴးေရာင္းခ်ေပးလ်က္ရွိေၾကာင္း ေဖာ္ျပထားသည္။
ျပင္ပေဈးကြက္တြင္ စက္႐ုံမွသတ္မွတ္ေပးထားေသာ ေဈးႏႈန္းထက္ အဆမတန္ေဈးတင္ၿပီး ေရာင္းခ်မႈမ်ား မရွိေစရန္ စက္႐ုံမွ တိုက္႐ိုက္မွာယူေနေသာ ကိုယ္စားလွယ္မ်ားကို သတ္မွတ္ေဈးႏႈန္းျဖင့္ ျပန္လည္ေရာင္းခ်ေပးရန္ ဝန္ခံကတိလက္မွတ္ေရးထိုးၿပီးမွ ျဖန႔္ခ်ိေပးေနျခင္းျဖစ္ေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕နယ္ရွိ Max Cement ေတာင္ဖီလာဘိလပ္ေျမစက္႐ုံမွ ေန႔စဥ္ထုတ္လုပ္လ်က္ရွိသည့္ ဘိလပ္ေျမမ်ားကို သိုေလွာင္ထားျခင္း မရွိဘဲ အမွန္တကယ္လိုအပ္လ်က္ရွိသည့္ တည္ေဆာက္ေရးလုပ္ငန္းခြင္မ်ားႏွင့္ သုံးစြဲသူမ်ား လက္ဝယ္သို႔ ျဖန႔္ခြဲေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။