လားရှိုးမြို့အတွင်းသို့ တပ်မတော်က ပြန်လည်ဝင်ရောက်

 1440

သန့်ဇင်(NP News)-ဧပြီ ၂၂
ရှမ်းပြည်နယ်၊ လားရှိုးမြို့အတွင်းသို့ တပ်မတော်က ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် လားရှိုးမြို့အတွင်းမှ MNDAA အဖွဲ့များပြန်လည်ဆုတ်ခွာသွားပြီးနောက် ရှေ့မြောက်တိုင်းစစ် ဌာနချုပ် အလံများ လွှင့်ထူထားသည့် တပ်မတော်ယာဉ်တန်းများသည် ယနေ့(ဧပြီ ၂၂ရက်)နံနက်ပိုင်းက စတင်ဝင်ရောက်လာခြင်းဖြစ် ကြောင်းသိရသည်။

“ကိုးကန့်ကဆုတ်သွားပြီပေါ့လေ။ အဲဒီတော့ မြို့တော်ခန်းမရှေ့မှာကြိုတဲ့သူတွေအများကြီးပဲ။ အဲဒီမှာတပ်ကရောက်တာ။ ကျွန်မတို့ လည်းသွားကြိုတယ်”ဟု လားရှိုးတွင်နေထိုင်သူအမျိုးသမီးတစ်ဦးက NP Newsကိုပြောသည်။

ထို့ပြင် လားရှိုးမြို့မှနေရပ်စွန့်ခွာသွားသူများအနက် အချို့မှာလည်း ယခင်ကထက် ပြန်လည်ဝင်ရောက်နေထိုင်မှုများပြားလာသည် ကိုတွေ့ မြင်လာရကြောင်းလည်း အခြားသောဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“လားရှိုးမြို့အနေအထားနဲ့ပတ်သက်ပြီးတော့ တည်ငြိမ်စပြုလာပြီးတော့ ကျွန်တော်တို့နေရပ်ပြန်တွေပြန်လည်ဝင်ရောက်လာတာကလည်း ကောင်းတဲ့ကိစ္စတစ်ခုလို့တော့ မြင်မိပါတယ်ပေါ့။ လားရှိုးကစိတ်ချရပြီဆိုပေမယ့် တချို့နေရာတွေမှာ စစ်ဖြစ်လာမယ့်အရိပ်ယောင်တွေ တွေ့နေရတော့ အဲဒီဘက်ကဒေသခံတွေကလည်း လားရှိုးဘက်ကို စစ်ဘေးရှောင်လာတာတွေတွေ့နေရတယ်”ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် လားရှိးမြို့အုပ်ချုပ်ရေးနှင့်ပတ်သက်၍ နစကနှင့် MNDAAအဖွဲ့ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ယမန်နေ့ (ဧပြီ ၂၁ရက်)တွင်မူ MNDAAက လားရှိုးမြို့အတွင်းရှိ ၎င်းတိုး၏ အထူးဒေသ (၁) အလံများကိုဖြုတ်သိမ်းသွားခဲ့ကြောင်း သိရသည်။

Zawgyi Version:
လားရႈိးၿမိဳ႕အတြင္းသို႔ တပ္မေတာ္က ျပန္လည္ဝင္ေရာက္
သန႔္ဇင္(NP News)-ဧၿပီ ၂၂
ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕အတြင္းသို႔ တပ္မေတာ္က ျပန္လည္ဝင္ေရာက္လာၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

တ႐ုတ္ႏိုင္ငံ၏ ၾကားဝင္ေစ့စပ္မႈေၾကာင့္ လားရႈိးၿမိဳ႕အတြင္းမွ MNDAA အဖြဲ႕မ်ားျပန္လည္ဆုတ္ခြာသြားၿပီးေနာက္ ေရွ႕ေျမာက္တိုင္းစစ္ ဌာနခ်ဳပ္ အလံမ်ား လႊင့္ထူထားသည့္ တပ္မေတာ္ယာဥ္တန္းမ်ားသည္ ယေန႔(ဧၿပီ ၂၂ရက္)နံနက္ပိုင္းက စတင္ဝင္ေရာက္လာျခင္းျဖစ္ ေၾကာင္းသိရသည္။

“ကိုးကန႔္ကဆုတ္သြားၿပီေပါ့ေလ။ အဲဒီေတာ့ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာႀကိဳတဲ့သူေတြအမ်ားႀကီးပဲ။ အဲဒီမွာတပ္ကေရာက္တာ။ ကြၽန္မတို႔ လည္းသြားႀကိဳတယ္”ဟု လားရႈိးတြင္ေနထိုင္သူအမ်ိဳးသမီးတစ္ဦးက NP Newsကိုေျပာသည္။

ထို႔ျပင္ လားရႈိးၿမိဳ႕မွေနရပ္စြန႔္ခြာသြားသူမ်ားအနက္ အခ်ိဳ႕မွာလည္း ယခင္ကထက္ ျပန္လည္ဝင္ေရာက္ေနထိုင္မႈမ်ားျပားလာသည္ ကိုေတြ႕ ျမင္လာရေၾကာင္းလည္း အျခားေသာေဒသခံအမ်ိဳးသားတစ္ဦးက ဆိုသည္။

“လားရႈိးၿမိဳ႕အေနအထားနဲ႔ပတ္သက္ၿပီးေတာ့ တည္ၿငိမ္စျပဳလာၿပီးေတာ့ ကြၽန္ေတာ္တို႔ေနရပ္ျပန္ေတြျပန္လည္ဝင္ေရာက္လာတာကလည္း ေကာင္းတဲ့ကိစၥတစ္ခုလို႔ေတာ့ ျမင္မိပါတယ္ေပါ့။ လားရႈိးကစိတ္ခ်ရၿပီဆိုေပမယ့္ တခ်ိဳ႕ေနရာေတြမွာ စစ္ျဖစ္လာမယ့္အရိပ္ေယာင္ေတြ ေတြ႕ေနရေတာ့ အဲဒီဘက္ကေဒသခံေတြကလည္း လားရႈိးဘက္ကို စစ္ေဘးေရွာင္လာတာေတြေတြ႕ေနရတယ္”ဟု ၎ကဆက္ေျပာသည္။

လက္ရွိတြင္ လားရွိးၿမိဳ႕အုပ္ခ်ဳပ္ေရးႏွင့္ပတ္သက္၍ နစကႏွင့္ MNDAAအဖြဲ႕ဘက္မွ တစ္စုံတစ္ရာ ထုတ္ျပန္ျခင္းမရွိေသးေသာ္လည္း ယမန္ေန႔ (ဧၿပီ ၂၁ရက္)တြင္မူ MNDAAက လားရႈိးၿမိဳ႕အတြင္းရွိ ၎တိုး၏ အထူးေဒသ (၁) အလံမ်ားကိုျဖဳတ္သိမ္းသြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.