လားရှိုးမှ MNDAAဆုတ်ခွာပြီးနောက် ပြည်ထောင်စုလမ်းမကြီးတွင် လက်နက်ကိုင်(၄)ဖွဲ့ အခွန်ကောက်ခံမှု လျော့နည်းလာ

845

သန့်ဇင်(NP News)-ဧပြီ ၂၂
ရှမ်းပြည်နယ်၊ လားရှိုးမြို့မှ MNDAAပြန်လည်ဆုတ်ခွာပြီးနောက် ပြည်ထောင်စုလမ်းမကြီးတွင် လက်နက်ကိုင်(၄)ဖွဲ့ အခွန်ကောက်ခံမှု လျော့နည်းလာသည်ကိုတွေ့မြင်ရကြောင်း ဒေသခံများထံမှ သိရသည်။
“လားရှိုးအနေနဲ့ကတော့ တရုတ်နိုင်ငံရဲ့စေ့စပ်မှုနဲ့ လားရှိုးမှာတော့ တပ်မတော်က စစ်ကြောင်းအလိုက်ပြန်လည်ဝင်ရောက်လာတာတွေ။ မိသားစုလိုက် ပြောင်းရွေ့လာတာမျိုးတွေတွေ့ရတယ်ပေါ့။ လားရှိုးက ရန်တိုင်းအောင်အဝိုင်း၊ လားရှိုးဈေးကြီးနဲ့ ရမခကုန်းတွေမှာ မြန်မာနိုင်ငံအလံတွေပြန်ပြီးတွေ့လာရတဲ့အနေအထားပေါ့။ ပြည်သူလူထုကလည်း ပြန်လည်ဝင်ရောက်လာတဲ့ အနေအထားကိုတွေ့ ရပါတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက NP Newsကိုပြောသည်။
သို့သော်လက်ရှိတွင် မြန်မာနိုင်ငံ၏အရှေ့မြောက်ကုန်သွယ်ရေးပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လက်နက်ကိုင်(၄)ဖွဲ့ဖြစ်သော MNDAA၊ TNLA၊ SSPPနှင့် PDFလက်နက်ကိုင်များမှာ ဆုတ်ခွာခြင်းမရှိသေးသော်လည်း အခွန်ကောက်ခံမှုများယခင်ထက်လျော့နည်းလာသည် ကိုတွေ့မြင်ရကြောင်းလည်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
“မူဆယ်-လားရှိုး-မန္တလေးပြည်ထောင်စုလမ်းမကြီးမှာတော့ အဓိကအား အဖွဲ့(၄)ဖွဲ့က လက်ရှိအချိန်ထိရှိတယ်။ အခွန်ကောက်ခံမှုရှိတယ် ပေါ့။ ပြည်လည်ဆုတ်ခွာ ခြင်းမဆုတ်ခွာခြင်းဆိုတာထက် နယ်မြေဒေသကတော့ အရင်ကထက်စာရင် ပြေလျော့မှုလေးတွေအရင်ကထက် ရှိလာတယ် ပေါ့။ အခွန် ကောက်တဲ့နေရာတွေမှာ မကောက်တော့ဘူး။ တည်ငြိမ်စပြုလာတဲ့အနေအထားတစ်ခုမှာတော့ တွေ့ရတယ်ပေါ့ ”ဟု ၎င်းကပြောသည်။
လက်ရှိတွင် တပ်မတော်မှ လားရှိုးမြို့အတွင်းဝင်ရောက်နေရာယူထားသော်လည်း MNDAAအဖွဲ့အနေဖြင့် မြို့၏ဘေးပတ်လည်တွင် နေရာယူထားမှုများကို တွေ့မြင်နေရကြောင်း သိရသည်။

Zawgyi Version:
လားရႈိးမွ MNDAAဆုတ္ခြာၿပီးေနာက္ ျပည္ေထာင္စုလမ္းမႀကီးတြင္ လက္နက္ကိုင္(၄)ဖြဲ႕ အခြန္ေကာက္ခံမႈ ေလ်ာ့နည္းလာ
သန႔္ဇင္(NP News)-ဧၿပီ ၂၂
ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕မွ MNDAAျပန္လည္ဆုတ္ခြာၿပီးေနာက္ ျပည္ေထာင္စုလမ္းမႀကီးတြင္ လက္နက္ကိုင္(၄)ဖြဲ႕ အခြန္ေကာက္ခံမႈ ေလ်ာ့နည္းလာသည္ကိုေတြ႕ျမင္ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“လားရႈိးအေနနဲ႔ကေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ေစ့စပ္မႈနဲ႔ လားရႈိးမွာေတာ့ တပ္မေတာ္က စစ္ေၾကာင္းအလိုက္ျပန္လည္ဝင္ေရာက္လာတာေတြ။ မိသားစုလိုက္ ေျပာင္းေ႐ြ႕လာတာမ်ိဳးေတြေတြ႕ရတယ္ေပါ့။ လားရႈိးက ရန္တိုင္းေအာင္အဝိုင္း၊ လားရႈိးေဈးႀကီးနဲ႔ ရမခကုန္းေတြမွာ ျမန္မာႏိုင္ငံအလံေတြျပန္ၿပီးေတြ႕လာရတဲ့အေနအထားေပါ့။ ျပည္သူလူထုကလည္း ျပန္လည္ဝင္ေရာက္လာတဲ့ အေနအထားကိုေတြ႕ ရပါတယ္”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP Newsကိုေျပာသည္။
သို႔ေသာ္လက္ရွိတြင္ ျမန္မာႏိုင္ငံ၏အေရွ႕ေျမာက္ကုန္သြယ္ေရးျပည္ေထာင္စုလမ္းမႀကီးေပၚရွိ လက္နက္ကိုင္(၄)ဖြဲ႕ျဖစ္ေသာ MNDAA၊ TNLA၊ SSPPႏွင့္ PDFလက္နက္ကိုင္မ်ားမွာ ဆုတ္ခြာျခင္းမရွိေသးေသာ္လည္း အခြန္ေကာက္ခံမႈမ်ားယခင္ထက္ေလ်ာ့နည္းလာသည္ ကိုေတြ႕ျမင္ရေၾကာင္းလည္း အထက္ပါသတင္းရင္းျမစ္ကဆိုသည္။
“မူဆယ္-လားရႈိး-မႏၲေလးျပည္ေထာင္စုလမ္းမႀကီးမွာေတာ့ အဓိကအား အဖြဲ႕(၄)ဖြဲ႕က လက္ရွိအခ်ိန္ထိရွိတယ္။ အခြန္ေကာက္ခံမႈရွိတယ္ ေပါ့။ ျပည္လည္ဆုတ္ခြာ ျခင္းမဆုတ္ခြာျခင္းဆိုတာထက္ နယ္ေျမေဒသကေတာ့ အရင္ကထက္စာရင္ ေျပေလ်ာ့မႈေလးေတြအရင္ကထက္ ရွိလာတယ္ ေပါ့။ အခြန္ ေကာက္တဲ့ေနရာေတြမွာ မေကာက္ေတာ့ဘူး။ တည္ၿငိမ္စျပဳလာတဲ့အေနအထားတစ္ခုမွာေတာ့ ေတြ႕ရတယ္ေပါ့ ”ဟု ၎ကေျပာသည္။
လက္ရွိတြင္ တပ္မေတာ္မွ လားရႈိးၿမိဳ႕အတြင္းဝင္ေရာက္ေနရာယူထားေသာ္လည္း MNDAAအဖြဲ႕အေနျဖင့္ ၿမိဳ႕၏ေဘးပတ္လည္တြင္ ေနရာယူထားမႈမ်ားကို ေတြ႕ျမင္ေနရေၾကာင္း သိရသည္။