တရုတ်နိုင်ငံ ရှန်ကျန်းမှာ (၁၀)နှစ်အရွယ် ဂျပန်ကျောင်းသားကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ကွပ်မျက်ခံရ

484
ရောင်နီ(NP News) - ဧပြီ ၂၃
၂၀၂၄ ခုနှစ် စက်တင်ဘာလက တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမှာ အသက် (၁၀)နှစ်အရွယ် ဂျပန်ကျောင်းသားတစ်ဦးကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ တရုတ်အမျိုးသားတစ်ဦးကို ကွပ်မျက်လိုက်တယ်လို့ သံတမန်သတင်းရင်းမြစ်တစ်ခုက ဧပြီ ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကျောင်းချောင်ချန် အမည်ရှိ တရားခံ အမျိုးသားဟာ ရှန်ကျန်းမြို့တော်တောင်ပိုင်းရှိ ဂျပန်စာသင်ကျောင်းအနီးမှာ ဂျပန်ဖခင်၊ တရုတ်မိခင်ရဲ့သားဖြစ်သူ အသက် (၁၀)နှစ်အရွယ် ကျောင်းသားကို သတ် ဖြတ်မှုအတွက် ဇန်နဝါရီလက သေဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ စီရင်ချက်နဲ့ပတ်သက်ပြီး အယူခံဝင်ခွင့်မရှိပါဘူး။ ကွပ်မျက်တဲ့သတင်းကိုတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဂျပန်သံရုံးကို ဧပြီ ၂၁ ရက်က အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
တရားခံဟာ အွန်လိုင်းပေါ်မှာ လူအများရဲ့စိတ်ဝင်စားမှုကို ရယူလိုတာကြောင့် ဓားတစ်ချောင်းဝယ်ယူပြီး ကျောင်းသွားတဲ့လမ်းမှာ ကလေးကို တိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
zawgyi version
တ႐ုတ္ႏိုင္ငံ ရွန္က်န္းမွာ (၁၀)ႏွစ္အ႐ြယ္ ဂ်ပန္ေက်ာင္းသားကို သတ္ျဖတ္ခဲ့တဲ့ လူသတ္သမား ကြပ္မ်က္ခံရ
ေရာင္နီ(NP News) - ဧၿပီ ၂၃
၂၀၂၄ ခုႏွစ္ စက္တင္ဘာလက တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ရွန္က်န္းမွာ အသက္ (၁၀)ႏွစ္အ႐ြယ္ ဂ်ပန္ေက်ာင္းသားတစ္ဦးကို ဓားနဲ႔ထိုးသတ္ခဲ့တဲ့ တ႐ုတ္အမ်ိဳးသားတစ္ဦးကို ကြပ္မ်က္လိုက္တယ္လို႔ သံတမန္သတင္းရင္းျမစ္တစ္ခုက ဧၿပီ ၂၁ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
ေက်ာင္းေခ်ာင္ခ်န္ အမည္ရွိ တရားခံ အမ်ိဳးသားဟာ ရွန္က်န္းၿမိဳ႕ေတာ္ေတာင္ပိုင္းရွိ ဂ်ပန္စာသင္ေက်ာင္းအနီးမွာ ဂ်ပန္ဖခင္၊ တ႐ုတ္မိခင္ရဲ႕သားျဖစ္သူ အသက္ (၁၀)ႏွစ္အ႐ြယ္ ေက်ာင္းသားကို သတ္ ျဖတ္မႈအတြက္ ဇန္နဝါရီလက ေသဒဏ္ခ်မွတ္ခံခဲ့ရတာ ျဖစ္ပါတယ္။ စီရင္ခ်က္နဲ႔ပတ္သက္ၿပီး အယူခံဝင္ခြင့္မရွိပါဘူး။ ကြပ္မ်က္တဲ့သတင္းကိုေတာ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳ႕ရွိ ဂ်ပန္သံ႐ုံးကို ဧၿပီ ၂၁ ရက္က အေၾကာင္းၾကားခဲ့တာ ျဖစ္တယ္လို႔ သတင္းရင္းျမစ္က ဆိုပါတယ္။
တရားခံဟာ အြန္လိုင္းေပၚမွာ လူအမ်ားရဲ႕စိတ္ဝင္စားမႈကို ရယူလိုတာေၾကာင့္ ဓားတစ္ေခ်ာင္းဝယ္ယူၿပီး ေက်ာင္းသြားတဲ့လမ္းမွာ ကေလးကို တိုက္ခိုက္မႈ ျပဳလုပ္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။