နှစ်နိုင်ငံကြားဆက်ဆံရေးတွေကို မြှင့်တင်ဖို့အတွက် ဆော်ဒီအာရေးဗျနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ သွားရောက်လည်ပတ်

249

Pika (NP News) - ဧပြီ ၂၃
အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ နှစ်နိုင်ငံကြားဆက်ဆံရေးတွေကို မြှင့်တင်ဖို့အတွက် ဧပြီလ(၂၂)ရက်မှာ ဆော်ဒီအာရေးဗျနိုင်ငံ Jeddah မြို့ကို အလည်အပတ်ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
မိုဒီဟာ အိန္ဒိယနိုင်ငံမှာ အမေရိကန်ဒုသမ္မတ JD Vance နဲ့ အဆင့်မြင့်ဆွေးနွေးပွဲကို လုပ်ဆောင်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ ဆော်ဒီအာရေးဗျနိုင်ငံကို သွားရောက်လည်ပတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုတွေကို ရှောင်ရှားနိုင်ဖို့နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို ရယူနိုင်ဖို့အတွက် အိန္ဒိယအစိုးရက ကြိုးပမ်းနေချိန်မှာပဲ မိုဒီနဲ့ JD Vance တို့ရဲ့ တွေ့ဆုံမှုထွက်ပေါ်လာတာဖြစ်ပါတယ်။
မိုဒီက"ပြီးခဲ့တဲ့နှစ်တွေအတွင်း မဟာဗျူဟာမြောက်နည်းလမ်းတွေနဲ့အတူရရှိခဲ့တဲ့ ဆော်ဒီအာရေးဗျနိုင်ငံနဲ့ ရှည်လျားတဲ့သမိုင်းဝင်ဆက်ဆံရေးကို အိန္ဒိယက လေးလေးနက်နက်တန်ဖိုးထားပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံစလုံးဟာ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ ခိုင်မာတဲ့မိတ်ဖက်ဆက်ဆံရေးတွေကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ ဆော်ဒီအာရေးဗျနိုင်ငံဟာ ကမ္ဘာပေါ်မှာလူဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံကို ရေနံအဓိကတင်ပို့သူအဖြစ် နှစ်ပေါင်းများစွာကြာအောင် ရပ်တည်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့လျင်လျင်မြန်မြန်ဖွံ့ဖြိုးတိုးတက်နေတဲ့ စီးပွားရေးဟာ ရေနံတင်သွင်းမှုအပေါ် ကြီးကြီးမားမား မှီခိုနေရပြီး ဆော်ဒီအာရေးဗျနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့တတိယမြောက်အကြီးဆုံးရေနံတင်သွင်းတဲ့နိုင်ငံဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
zawgyi version
ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးေတြကို ျမႇင့္တင္ဖို႔အတြက္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံကို အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီ သြားေရာက္လည္ပတ္
Pika (NP News) - ဧၿပီ ၂၃
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီဟာ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးေတြကို ျမႇင့္တင္ဖို႔အတြက္ ဧၿပီလ(၂၂)ရက္မွာ ေဆာ္ဒီအာေရးဗ်ႏိုင္ငံ Jeddah ၿမိဳ႕ကို အလည္အပတ္ေရာက္ရွိလာခဲ့တယ္လို႔ သိရပါတယ္။
မိုဒီဟာ အိႏၵိယႏိုင္ငံမွာ အေမရိကန္ဒုသမၼတ JD Vance နဲ႔ အဆင့္ျမင့္ေဆြးေႏြးပြဲကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ေဆာ္ဒီအာေရးဗ်ႏိုင္ငံကို သြားေရာက္လည္ပတ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အေမရိကန္ရဲ႕ အခြန္စည္းၾကပ္မႈေတြကို ေရွာင္ရွားႏိုင္ဖို႔နဲ႔ ကုန္သြယ္ေရးသေဘာတူညီခ်က္တစ္ခုကို ရယူႏိုင္ဖို႔အတြက္ အိႏၵိယအစိုးရက ႀကိဳးပမ္းေနခ်ိန္မွာပဲ မိုဒီနဲ႔ JD Vance တို႔ရဲ႕ ေတြ႕ဆုံမႈထြက္ေပၚလာတာျဖစ္ပါတယ္။
မိုဒီက"ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း မဟာဗ်ဴဟာေျမာက္နည္းလမ္းေတြနဲ႔အတူရရွိခဲ့တဲ့ ေဆာ္ဒီအာေရးဗ်ႏိုင္ငံနဲ႔ ရွည္လ်ားတဲ့သမိုင္းဝင္ဆက္ဆံေရးကို အိႏၵိယက ေလးေလးနက္နက္တန္ဖိုးထားပါတယ္။ ကြၽန္ေတာ္တို႔ႏွစ္ႏိုင္ငံစလုံးဟာ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိတဲ့ ခိုင္မာတဲ့မိတ္ဖက္ဆက္ဆံေရးေတြကို ေဖာ္ေဆာင္ႏိုင္ခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ ေဆာ္ဒီအာေရးဗ်ႏိုင္ငံဟာ ကမာၻေပၚမွာလူဦးေရအမ်ားဆုံးႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ အိႏၵိယႏိုင္ငံကို ေရနံအဓိကတင္ပို႔သူအျဖစ္ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ရပ္တည္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အိႏၵိယႏိုင္ငံရဲ႕လ်င္လ်င္ျမန္ျမန္ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ စီးပြားေရးဟာ ေရနံတင္သြင္းမႈအေပၚ ႀကီးႀကီးမားမား မွီခိုေနရၿပီး ေဆာ္ဒီအာေရးဗ်ႏိုင္ငံဟာ အိႏၵိယႏိုင္ငံရဲ႕တတိယေျမာက္အႀကီးဆုံးေရနံတင္သြင္းတဲ့ႏိုင္ငံျဖစ္တယ္လို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။