မြေငလျင်လှုပ်မည်ဟု မဟုတ်မမှန်သတင်းအမှားဖြန့်ဝေခဲ့သူ John(Palmistry) Tiktok အကောင့်ပိုင်ရှင်ကို ဖမ်းဆီး

241

ပီယ (NP News) - ဧပြီ ၂၃
မြေငလျင်လှုပ်မည်ဟု မဟုတ်မမှန် သတင်းအမှားဖြန့်ဝေခဲ့သူ John(Palmistry) Tiktok အကောင့်ပိုင်ရှင်ကို ဖမ်းဆီးလိုက်ကြောင်း နစက က သတင်းထုတ်ပြန်သည်။
ဧပြီလ ၂၁ ရက်တွင် မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဟု Tiktok အကောင့်မှ တစ်ဆင့် မဟုတ်မမှန်သတင်းအမှားဖြန့်ဝေနေကြောင်းသတင်းအရ ဧပြီလ ၂၂ ရက် ၁၀၀၀ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ တိုးချဲ့ကွက်သစ်ရပ်၊ နယ်မြေ(၂၁)၊ ရွှေညောင်ပင်လမ်းရှိ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ တရားခံ John(Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံအား စိစစ်ဖော်ထုတ်ချက်အရ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မုံရွာမြို့ပေါ်၌ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ၂၀ ကြိမ်ခန့်လိုက်ပါ ဆောင်ရွက်ခဲ့သဖြင့် မုံရွာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခဲ့သော်လည်း အသက်မပြည့်သူ ကလေးသူငယ်ဖြစ်သဖြင့် မိဘအုပ်ထိန်းမှုအောက်တွင် ကောင်းမွန်စွာနေထိုင်ရန် မုံရွာခရိုင်တရားရုံးမှ အမိန့်ချမှတ်ခြင်းခံခဲ့ရသူဖြစ်ကြောင်း သိရသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
၎င်းအပြင် ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်တွင် ကော့ကရိတ်မြို့မှတစ်ဆင့် KNDO တပ်ရင်း(၆)သို့ သွားရောက်ခဲ့ပြီး အဆိုပါ KNDO တပ်ရင်း(၆)၌ ဖွင့်လှစ်သည့် အကြမ်းဖက်သင်တန်းအား သင်တန်းသား ၇၅ ဦးနှင့်အတူ တက်ရောက်ခဲ့ကြောင်း၊ ၎င်းနောက် အကြမ်းဖက်အဖွဲ့အစည်းများ အတွက် အွန်လိုင်းမှ တစ်ဆင့် အလှူငွေများ ကောက်ခံထောက်ပံ့ပေးခဲ့သည်ကို သိရှိရကြောင်း ဖော်ပြထားသည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်ခန့်တွင် မုံရွာမြို့သို့ပြန်လည်ရောက်ရှိနေထိုင်စဉ် အောက်တိုဘာလ ၃၀ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ ရကြောင်း၊ ၎င်းနောက် နိုဝင်ဘာလ ၁၄ ရက်တွင် မုံရွာမြို့၊ အမှတ်(၁)ရဲစခန်း၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)/၅၂(က)တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး မုံရွာခရိုင်တရားရုံးမှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည့်အတွက် မန္တလေးမြို့ရှိ လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်း၌ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံခဲ့ရကာ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ဂျွန်မိုးသဲအနေဖြင့် ထောင်မှလွတ်မြောက်ပြီးနောက် ဗေဒင်လက္ခဏာပညာအား အသုံးချ၍ ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Johnmoe5.t အမည်ဖြင့် Tiktok အကောင့်ဖွင့်လှစ်ကာ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်သည့် Post များအားလည်းကောင်း၊ မြေငလျင်နှင့်ပတ်သက်သည့် Post များအားလည်းကောင်း အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ မဟုတ်မမှန်ရေးသားဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ၎င်းအား ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ပြီး နောင်အလားတူ မဟုတ်မမှန်သတင်း အမှားများ ရေးသားဖြန့်ဝေသူများကိုလည်း စိစစ်ဖော်ထုတ်၍ ထိထိရောက်ရောက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မိဘပြည်သူများအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ သတင်းအတု သတင်းအမှားများကို မသမာသူများမှ ဖြန့်ဝေရေးသားဖော်ပြလျက်ရှိသဖြင့် ယုံကြည်မှုမရှိရန် နှင့် သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့်သတင်းများအား သက်ဆိုင်ရာမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ တိကျစွာထုတ်ပြန်ပေးလျက်ရှိကြောင်းလည်း ဖော်ပြထားသည်။

ေျမငလ်င္လႈပ္မည္ဟု မဟုတ္မမွန္သတင္းအမွားျဖန႔္ေဝခဲ့သူ John(Palmistry) Tiktok အေကာင့္ပိုင္ရွင္ကို ဖမ္းဆီး
ပီယ (NP News) - ဧၿပီ ၂၃
ေျမငလ်င္လႈပ္မည္ဟု မဟုတ္မမွန္ သတင္းအမွားျဖန႔္ေဝခဲ့သူ John(Palmistry) Tiktok အေကာင့္ပိုင္ရွင္ကို ဖမ္းဆီးလိုက္ေၾကာင္း နစက က သတင္းထုတ္ျပန္သည္။
ဧၿပီလ ၂၁ ရက္တြင္ ေျမငလ်င္ႀကီးမားစြာလႈပ္ခတ္မည္ဟု Tiktok အေကာင့္မွ တစ္ဆင့္ မဟုတ္မမွန္သတင္းအမွားျဖန႔္ေဝေနေၾကာင္းသတင္းအရ ဧၿပီလ ၂၂ ရက္ ၁၀၀၀ နာရီတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ မုံ႐ြာၿမိဳ႕၊ ျမဝတီရပ္ကြက္၊ တိုးခ်ဲ႕ကြက္သစ္ရပ္၊ နယ္ေျမ(၂၁)၊ ေ႐ႊေညာင္ပင္လမ္းရွိ ေနအိမ္သို႔ သြားေရာက္ရွာေဖြခဲ့ရာ တရားခံ John(Palmistry) အေကာင့္ပိုင္ရွင္ ဂြၽန္မိုးသဲအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိတရားခံအား စိစစ္ေဖာ္ထုတ္ခ်က္အရ ၎သည္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေနာက္ပိုင္း မုံ႐ြာၿမိဳ႕ေပၚ၌ျပဳလုပ္သည့္ ဆႏၵျပပြဲမ်ားတြင္ ၂၀ ႀကိမ္ခန႔္လိုက္ပါ ေဆာင္႐ြက္ခဲ့သျဖင့္ မုံ႐ြာနယ္ေျမရဲစခန္းမွ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅-က ျဖင့္ အမႈဖြင့္အေရးယူခဲ့ေသာ္လည္း အသက္မျပည့္သူ ကေလးသူငယ္ျဖစ္သျဖင့္ မိဘအုပ္ထိန္းမႈေအာက္တြင္ ေကာင္းမြန္စြာေနထိုင္ရန္ မုံ႐ြာခ႐ိုင္တရား႐ုံးမွ အမိန႔္ခ်မွတ္ျခင္းခံခဲ့ရသူျဖစ္ေၾကာင္း သိရသည္ဟု ထုတ္ျပန္ခ်က္တြင္ ဆိုထားသည္။
၎အျပင္ ၂၀၂၁ ခုႏွစ္၊ ေမလ ၂၈ ရက္တြင္ ေကာ့ကရိတ္ၿမိဳ႕မွတစ္ဆင့္ KNDO တပ္ရင္း(၆)သို႔ သြားေရာက္ခဲ့ၿပီး အဆိုပါ KNDO တပ္ရင္း(၆)၌ ဖြင့္လွစ္သည့္ အၾကမ္းဖက္သင္တန္းအား သင္တန္းသား ၇၅ ဦးႏွင့္အတူ တက္ေရာက္ခဲ့ေၾကာင္း၊ ၎ေနာက္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ား အတြက္ အြန္လိုင္းမွ တစ္ဆင့္ အလႉေငြမ်ား ေကာက္ခံေထာက္ပံ့ေပးခဲ့သည္ကို သိရွိရေၾကာင္း ေဖာ္ျပထားသည္။
ထို႔ေနာက္ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ တတိယပတ္ခန႔္တြင္ မုံ႐ြာၿမိဳ႕သို႔ျပန္လည္ေရာက္ရွိေနထိုင္စဥ္ ေအာက္တိုဘာလ ၃၀ ရက္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ ရေၾကာင္း၊ ၎ေနာက္ ႏိုဝင္ဘာလ ၁၄ ရက္တြင္ မုံ႐ြာၿမိဳ႕၊ အမွတ္(၁)ရဲစခန္း၌ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ-၅၀(ည)/၅၂(က)တို႔ျဖင့္ အမႈဖြင့္လွစ္ခဲ့ၿပီး မုံ႐ြာခ႐ိုင္တရား႐ုံးမွ ၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာလတြင္ ေထာင္ဒဏ္ ၂ ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခဲ့သည့္အတြက္ မႏၲေလးၿမိဳ႕ရွိ လူငယ္ထိန္းသိမ္းေရးသင္တန္းေက်ာင္း၌ ထိန္းသိမ္းေစာင့္ေရွာက္ျခင္းခံခဲ့ရကာ ၂၀၂၃ ခုႏွစ္၊ ဇြန္လတြင္ ျပန္လည္လြတ္ေျမာက္လာခဲ့ေၾကာင္း သိရသည္။
ဂြၽန္မိုးသဲအေနျဖင့္ ေထာင္မွလြတ္ေျမာက္ၿပီးေနာက္ ေဗဒင္လကၡဏာပညာအား အသုံးခ်၍ ျပည္သူလူထု ထင္ေယာင္ထင္မွားျဖစ္ေစရန္ ရည္႐ြယ္ခ်က္ျဖင့္ ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ Johnmoe5.t အမည္ျဖင့္ Tiktok အေကာင့္ဖြင့္လွစ္ကာ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ပတ္သက္သည့္ Post မ်ားအားလည္းေကာင္း၊ ေျမငလ်င္ႏွင့္ပတ္သက္သည့္ Post မ်ားအားလည္းေကာင္း အမ်ားျပည္သူ အထိတ္တလန႔္ျဖစ္ေစရန္ရည္႐ြယ္၍ မဟုတ္မမွန္ေရးသားေဖာ္ျပခဲ့ေၾကာင္း စိစစ္ေတြ႕ရွိရသျဖင့္ ၎အား ဥပေဒအရ ထိထိေရာက္ေရာက္ အေရးယူသြားမည္ျဖစ္ၿပီး ေနာင္အလားတူ မဟုတ္မမွန္သတင္း အမွားမ်ား ေရးသားျဖန႔္ေဝသူမ်ားကိုလည္း စိစစ္ေဖာ္ထုတ္၍ ထိထိေရာက္ေရာက္အေရးယူေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
မိဘျပည္သူမ်ားအေနျဖင့္လည္း သဘာဝေဘးအႏၲရာယ္ႏွင့္ပတ္သက္၍ သတင္းအတု သတင္းအမွားမ်ားကို မသမာသူမ်ားမွ ျဖန႔္ေဝေရးသားေဖာ္ျပလ်က္ရွိသျဖင့္ ယုံၾကည္မႈမရွိရန္ ႏွင့္ သဘာဝေဘး အႏၲရာယ္ႏွင့္ပတ္သက္သည့္သတင္းမ်ားအား သက္ဆိုင္ရာမိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ အခ်ိန္ႏွင့္တစ္ေျပးညီ တိက်စြာထုတ္ျပန္ေပးလ်က္ရွိေၾကာင္းလည္း ေဖာ္ျပထားသည္။