ထိုင်းနိုင်ငံမှာ ငလျင်လှုပ်ခတ်မှုဘေးအန္တရာယ်အတွက် ကြိုတင်သတိပေးချက် စမ်းသပ်နေ

312

ရောင်နီ (NP News) - ဧပြီ ၂၅
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့လက လူအသေအပျောက်များခဲ့တဲ့ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ချိန်မှာ ကြိုတင်သတိပေး နှိုးဆော်ချက်ပေးပို့နိုင်ခြင်း မရှိခဲ့တာကြောင့် ယခု ငလျင်ကြိုတင်သတိပေးချက်စနစ်ကို စမ်းသပ် ဖန်တီးနေတယ်လို့ ထိုင်းအကြီးတန်းအရာရှိတွေက ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၃ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းက ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုဖြစ်ခဲ့တဲ့ မြို့တော်ဘန်ကောက် အပါအဝင် နေရာ ဒေသအလိုက် ဖြန့်ကျက်စမ်းသပ်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သဘာဝဘေးကာကွယ်ရေးနဲ့ လျော့ပါးရေးဌာန (DDPM) ညွှန်ကြားရေးမှူးချုပ် ဖာဆာခွန်ဘွန်ရာလက်ခ် က ပြောကြားခဲ့ပါတယ်။ အဆိုပါစနစ်ဟာ သဘာဝဘေးအန္တရာယ်နဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး ကြိုတင်သတိပေး စာတိုပေးပို့နိုင်မှာ ဖြစ်ပြီး မိုဘိုင်းကွန်ရက်သုံးခုနဲ့ အသုံးပြုနိုင်မှာဖြစ်တယ်လို့ ၎င်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ကနဦး မြို့တော်ခန်းမ လေးခုမှာ မေလ ၂ ရက်မှ စမ်းသပ်မှု ၃ ကြိမ်ပြုလုပ်မှာဖြစ်ပြီး ဘန်ကောက်နဲ့ ချင်းမိုင်ခရိုင် တစ်ခုလုံးကို လွှမ်းခြုံတဲ့စမ်းသပ်မှုကိုတော့ မေလ ၁၃ ရက်မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံမွာ ငလ်င္လႈပ္ခတ္မႈေဘးအႏၲရာယ္အတြက္ ႀကိဳတင္သတိေပးခ်က္ စမ္းသပ္ေန
ေရာင္နီ (NP News) - ဧၿပီ ၂၅
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ၿပီးခဲ့တဲ့လက လူအေသအေပ်ာက္မ်ားခဲ့တဲ့ ငလ်င္လႈပ္ခတ္မႈျဖစ္ပြားခဲ့ခ်ိန္မွာ ႀကိဳတင္သတိေပး ႏႈိးေဆာ္ခ်က္ေပးပို႔ႏိုင္ျခင္း မရွိခဲ့တာေၾကာင့္ ယခု ငလ်င္ႀကိဳတင္သတိေပးခ်က္စနစ္ကို စမ္းသပ္ ဖန္တီးေနတယ္လို႔ ထိုင္းအႀကီးတန္းအရာရွိေတြက ဗုဒၶဟူးေန႔ (ဧၿပီ ၂၃ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့လကုန္ပိုင္းက ျပင္းအား ၇.၇ အဆင့္ရွိ ငလ်င္လႈပ္ခတ္မႈျဖစ္ခဲ့တဲ့ ၿမိဳ႕ေတာ္ဘန္ေကာက္ အပါအဝင္ ေနရာ ေဒသအလိုက္ ျဖန႔္က်က္စမ္းသပ္မႈေတြ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ သဘာဝေဘးကာကြယ္ေရးနဲ႔ ေလ်ာ့ပါးေရးဌာန (DDPM) ၫႊန္ၾကားေရးမႉးခ်ဳပ္ ဖာဆာခြန္ဘြန္ရာလက္ခ္ က ေျပာၾကားခဲ့ပါတယ္။ အဆိုပါစနစ္ဟာ သဘာဝေဘးအႏၲရာယ္နဲ႔ လုံၿခဳံေရးၿခိမ္းေျခာက္မႈေတြနဲ႔ပတ္သက္ၿပီး ႀကိဳတင္သတိေပး စာတိုေပးပို႔ႏိုင္မွာ ျဖစ္ၿပီး မိုဘိုင္းကြန္ရက္သုံးခုနဲ႔ အသုံးျပဳႏိုင္မွာျဖစ္တယ္လို႔ ၎က သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။
ကနဦး ၿမိဳ႕ေတာ္ခန္းမ ေလးခုမွာ ေမလ ၂ ရက္မွ စမ္းသပ္မႈ ၃ ႀကိမ္ျပဳလုပ္မွာျဖစ္ၿပီး ဘန္ေကာက္နဲ႔ ခ်င္းမိုင္ခ႐ိုင္ တစ္ခုလုံးကို လႊမ္းၿခဳံတဲ့စမ္းသပ္မႈကိုေတာ့ ေမလ ၁၃ ရက္မွာ ျပဳလုပ္မွာျဖစ္တယ္လို႔ သိရပါတယ္။