အပါချီဘိလပ်မြေကို စက်ရုံဈေး တစ်အိတ်လျှင် ငွေကျပ် (၁၇,၀၀၀) နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေ

452

ချယ်ရီ(NP News)- ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ရွှေတောင်ဘိလပ်မြေကုမ္ပဏီလီမိတက်၏ အပါချီဘိလပ်မြေစက်ရုံ (ပြင်ညောင်)မှ အပါချီဘိလပ်မြေကို စက်ရုံဈေး တစ်အိတ်လျှင် ငွေကျပ် (၁၇,၀၀၀) နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယမန်နေ့ (ဧပြီလ ၂၄ ရက်)တွင် အပါချီဘိလပ်မြေစက်ရုံ (ပြင်ညောင်)သို့ သွားရောက်စဉ် လက်ရှိအချိန်သည် ငလျင်ဘေးဒဏ်သင့်ဒေသများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ လိုအပ်လျက်ရှိရာ ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ၊ သံ၊ သံမဏိစက်ရုံများ၊ အမိုး၊ အမိုးပြားစက်ရုံများ၊ အုတ်စက်ရုံများ၊ အထပ်သားစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး အတွက် လိုအပ်ချက်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့ပြင် စက်ရုံမှထုတ်လုပ်သည့် ဘိလပ်မြေများကို ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆေးရုံများ၊ ကျောင်းများ ပြုပြင်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေးအတွက် ဦးစားပေးရောင်းချရန်နှင့် ဈေးကွက်အတွင်း လိုအပ်ချက်မြင့်မားလျက်ရှိသော ဘိလပ်မြေများကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
အပါချီဘိလပ်မြေစက်ရုံသည် ပြီးခဲ့သည့် (ဧပြီလ ၅ ရက်မှ ၂၂ ရက်)အထိ ကလင်ကာတန်ချိန် (၈၀,၀၀၀) ခန့်ထုတ်လုပ်ခဲ့ပြီး ဘိလပ်မြေကြိတ်စက်ရုံကို ငလျင်လှုပ်ခတ်ပြီးချိန်တွင် (၃)နာရီခန့်ရပ်တန့်၍ စက်များကို စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယနေ့အချိန်ထိ တဆက်တည်း လည်ပတ်၍ ဘိလပ်မြေတန်ချိန် (၆၀,၀၀၀) ထုတ်လုပ်ကာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးခဲ့ ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ထို့ပြင် စက်ရုံမှထုတ်လုပ်သော ကလင်ကာများကို ရန်ကုန်မြို့၊ သီလဝါစက်မှုဇုန်ရှိ ဘိလပ်မြေကြိတ်စက်ရုံများသို့ပေးပို့၍ ဘိလပ်မြေများထုတ်လုပ်ပြီး ပြည်တွင်းလိုအပ်ချက်ကို စက်ရုံအထိုင်ဈေး တစ်အိပ်လျှင် ငွေကျပ် (၁၇,၀၀၀) နှုန်းဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
အပါခ်ီဘိလပ္ေျမကို စက္႐ုံေဈး တစ္အိတ္လွ်င္ ေငြက်ပ္ (၁၇,၀၀၀) ႏႈန္းျဖင့္ ျဖန႔္ျဖဴးေရာင္းခ်ေပးေန
ခ်ယ္ရီ(NP News)- ဧၿပီ ၂၅
မႏၲေလးတိုင္းေဒသႀကီး၊ သာစည္ၿမိဳ႕နယ္ရွိ ေ႐ႊေတာင္ဘိလပ္ေျမကုမၸဏီလီမိတက္၏ အပါခ်ီဘိလပ္ေျမစက္႐ုံ (ျပင္ေညာင္)မွ အပါခ်ီဘိလပ္ေျမကို စက္႐ုံေဈး တစ္အိတ္လွ်င္ ေငြက်ပ္ (၁၇,၀၀၀) ႏႈန္းျဖင့္ ျဖန႔္ျဖဴးေရာင္းခ်ေပးေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။
စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ယမန္ေန႔ (ဧၿပီလ ၂၄ ရက္)တြင္ အပါခ်ီဘိလပ္ေျမစက္႐ုံ (ျပင္ေညာင္)သို႔ သြားေရာက္စဥ္ လက္ရွိအခ်ိန္သည္ ငလ်င္ေဘးဒဏ္သင့္ေဒသမ်ားကို ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရမည္ျဖစ္၍ တည္ေဆာက္ေရးလုပ္ငန္းသုံးပစၥည္းမ်ား လိုအပ္လ်က္ရွိရာ ျပည္တြင္းရွိ ဘိလပ္ေျမစက္႐ုံမ်ား၊ သံ၊ သံမဏိစက္႐ုံမ်ား၊ အမိုး၊ အမိုးျပားစက္႐ုံမ်ား၊ အုတ္စက္႐ုံမ်ား၊ အထပ္သားစက္႐ုံမ်ား စက္စြမ္းအားျပည့္ လည္ပတ္ထုတ္လုပ္ႏိုင္ေရး အတြက္ လိုအပ္ခ်က္မ်ားကို ကူညီျဖည့္ဆည္းေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ေျပာၾကားသည္။
ထို႔ျပင္ စက္႐ုံမွထုတ္လုပ္သည့္ ဘိလပ္ေျမမ်ားကို ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ ေဆး႐ုံမ်ား၊ ေက်ာင္းမ်ား ျပဳျပင္ေရးလုပ္ငန္းမ်ား အခ်ိန္မီေဆာင္႐ြက္ႏိုင္ေရးအတြက္ ဦးစားေပးေရာင္းခ်ရန္ႏွင့္ ေဈးကြက္အတြင္း လိုအပ္ခ်က္ျမင့္မားလ်က္ရွိေသာ ဘိလပ္ေျမမ်ားကို တိုးျမႇင့္ထုတ္လုပ္ႏိုင္ရန္ ျပည္ေထာင္စုဝန္ႀကီးက မွာၾကားသည္။
အပါခ်ီဘိလပ္ေျမစက္႐ုံသည္ ၿပီးခဲ့သည့္ (ဧၿပီလ ၅ ရက္မွ ၂၂ ရက္)အထိ ကလင္ကာတန္ခ်ိန္ (၈၀,၀၀၀) ခန႔္ထုတ္လုပ္ခဲ့ၿပီး ဘိလပ္ေျမႀကိတ္စက္႐ုံကို ငလ်င္လႈပ္ခတ္ၿပီးခ်ိန္တြင္ (၃)နာရီခန႔္ရပ္တန႔္၍ စက္မ်ားကို စစ္ေဆးျပဳျပင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ၿပီး ယေန႔အခ်ိန္ထိ တဆက္တည္း လည္ပတ္၍ ဘိလပ္ေျမတန္ခ်ိန္ (၆၀,၀၀၀) ထုတ္လုပ္ကာ ေဈးကြက္အတြင္း ျဖန႔္ျဖဴးေရာင္းခ်ေပးခဲ့ ေၾကာင္း ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။
ထို႔ျပင္ စက္႐ုံမွထုတ္လုပ္ေသာ ကလင္ကာမ်ားကို ရန္ကုန္ၿမိဳ႕၊ သီလဝါစက္မႈဇုန္ရွိ ဘိလပ္ေျမႀကိတ္စက္႐ုံမ်ားသို႔ေပးပို႔၍ ဘိလပ္ေျမမ်ားထုတ္လုပ္ၿပီး ျပည္တြင္းလိုအပ္ခ်က္ကို စက္႐ုံအထိုင္ေဈး တစ္အိပ္လွ်င္ ေငြက်ပ္ (၁၇,၀၀၀) ႏႈန္းျဖင့္ ျဖည့္ဆည္းေဆာင္႐ြက္ေပးေနေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။