တောင်ငူမြို့နယ်တွင် ဆိုင်ကယ်သူခိုးဂိုဏ်းကို ဆိုင်ကယ်(၁၈)စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးမိ

 606

သန့်ဇင်(NP News)-ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် ဆိုင်ကယ်သူခိုးဂိုဏ်းကို ဆိုင်ကယ်(၁၈)စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ ဆိုင်ကယ်သူခိုးဂိုဏ်းအနက် တစ်ဦးဖြစ်သော နေလင်းအောင်ကို(ခ)မောင်ကောင်းကို ပြီးခဲ့သည့် ဧပြီလ ၁၀ရက်၊ မွန်းလွဲ ၂နာရီခွဲအချိန်ခန့်က တောင်ငူမြို့၊ (၁၈)ရပ်ကွက်၊ ဗိုလ် ချုပ်ရုပ်တုရှေ့၊ ကန်လမ်းအတိုင်းတွင် စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် စစ်ဆေးခဲ့ရာ ဧပြီလ ၁၁ရက်၊ နံနက် ၁၁နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့နယ်ရှိ စိုးကြီး(ခ) ဝေယံစိုး နေထိုင်သော နေအိမ်မှ ရှိုန်းကိုကို (ခ) ရှိုင်းကိုကို၊ စိုးကြီး (ခ)ဝေယံစိုးနှင့် ၎င်း၏ ဇနီးဖြစ်သူ မိုးသဇင်မြင့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ကျူးလွန်ရာတွင်ပါဝင်သူ စိုးကြီး(ခ)ဝေယံစိုး၏ ဖော်ထုတ်ချက်အရ ဧပြီလ ၁၄ရက်၊ ညနေ့ ၆နာရီ အချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်(၂၀/၃)တွင် ကျူးလွန်ရာ၌ ပါဝင်သူ ဇော်ထက်(ခ) ငပြူးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏နေအိမ်မှ HONDA WAVE S-110 ဖြူ/နက် ရောင်ဆိုင်ကယ်(၁)စီးနှင့် နံပါတ်မပါ HONDA WAVE -100 အနက်ရောင် ဆိုင်ကယ်(၁)စီး နံပါတ်မပါ၊ တို့အား တွေ့ရှိသဖြင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဆိုင်ကယ်ခိုးယူသူများအနက် နေလင်းအောင်(ခ)မောင်ကောင်း၊ ရှိန်းကိုကို(ခ)ရှိုင်းကိုကို၊ ဝေယံစိုး(ခ)စိုးကြီးတို့ကို ဖမ်းဆီးရမိ ခဲ့ပြီး ကျူးလွန်ရာတွင်ပါဝင်သူ နိုင်လင်းထက်(ခ)အာဘွားမှာ ထွက်ပြေးတိမ်းရှောင်နေလျက်ရှိကြောင်း သိရသည်။

၎င်းတို့အဖွဲ့သည် တောင်ငူမြို့ပေါ်ရှိ ဆိုင်ကယ်များနှင့် အချို့ကျေးရွာများမှ ဆိုင်ကယ်များအား ဂိုဏ်းဖွဲ့ပြီး ခိုးယူခဲ့ကြောင်း ခိုးယူရရှိသည့် ဆိုင်ကယ်များအား အမြန်လမ်းမှတဆင့် EXPRESS ယာဉ် များဖြင့်တင်ကာ ခန့်ဇော်ထက် (ခ) ဇော်ထက် (ခ) ငပြူး ဆိုင်ကယ်များကို ထံသို့ ပေးပို့ခဲ့ရကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိရသည်။

ထို့နောက် ၎င်းတို့အဖွဲ့ ခိုးယူခဲ့သည့် ဆိုင်ကယ်များအား တိုက်ကြီးမြို့၊ မှော်ဘီမြို့၊ လှည်းကူးမြို့၊ ဖောင်ကြီးရွာများသို့ ခန့်ဇော်ထက် (ခ) ဇော်ထက် (ခ) ငပြူး မှ ရောင်းချခဲ့ပြီး ဇော်ထက်(ခ) ငပြူး ထံမှလည်း ဆိုင်ကယ်(၂)စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အဖွဲ့သည် တောင်ငူမြို့ပေါ်မှ ဆိုင် ကယ်များအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပျောက်ဆုံးခဲ့သည့် ဆိုင်ကယ်များအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိရေးနှင့် ထွက်ပြေးတိမ်းရှောင်နေသည့် နိုင်လင်းထက် (ခ)အာဘွား အား ဖမ်းဆီးရမိရေး ဆောင် ရွက်ခြင်းများ စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း သိရသည်။

လက်ရှိတွင် ၎င်းဆိုင်ကယ်သူခိုးဂိုဏ်းထံမှ ခိုးယူရရှိထားရာမှပြန်လည်သိမ်းဆည်းရမိထားသော ဆိုင်ကယ်(၁၈)စီးရှိပြီဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
ေတာင္ငူၿမိဳ႕နယ္တြင္ ဆိုင္ကယ္သူခိုးဂိုဏ္းကို ဆိုင္ကယ္(၁၈)စီးႏွင့္အတူ ေဖာ္ထုတ္ဖမ္းဆီးမိ

သန႔္ဇင္(NP News)-ဧၿပီ ၂၅
ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္တြင္ ဆိုင္ကယ္သူခိုးဂိုဏ္းကို ဆိုင္ကယ္(၁၈)စီးႏွင့္အတူ ေဖာ္ထုတ္ဖမ္းဆီးမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

အဆိုပါ ဆိုင္ကယ္သူခိုးဂိုဏ္းအနက္ တစ္ဦးျဖစ္ေသာ ေနလင္းေအာင္ကို(ခ)ေမာင္ေကာင္းကို ၿပီးခဲ့သည့္ ဧၿပီလ ၁၀ရက္၊ မြန္းလြဲ ၂နာရီခြဲအခ်ိန္ခန႔္က ေတာင္ငူၿမိဳ႕၊ (၁၈)ရပ္ကြက္၊ ဗိုလ္ ခ်ဳပ္႐ုပ္တုေရွ႕၊ ကန္လမ္းအတိုင္းတြင္ စတင္ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ စစ္ေဆးခဲ့ရာ ဧၿပီလ ၁၁ရက္၊ နံနက္ ၁၁နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ သံလ်င္ၿမိဳ႕နယ္ရွိ စိုးႀကီး(ခ) ေဝယံစိုး ေနထိုင္ေသာ ေနအိမ္မွ ရႈိန္းကိုကို (ခ) ရႈိင္းကိုကို၊ စိုးႀကီး (ခ)ေဝယံစိုးႏွင့္ ၎၏ ဇနီးျဖစ္သူ မိုးသဇင္ျမင့္တို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ က်ဴးလြန္ရာတြင္ပါဝင္သူ စိုးႀကီး(ခ)ေဝယံစိုး၏ ေဖာ္ထုတ္ခ်က္အရ ဧၿပီလ ၁၄ရက္၊ ညေန႔ ၆နာရီ အခ်ိန္တြင္ ရန္ကုန္-မႏၲေလး အျမန္လမ္း၊ မိုင္တိုင္(၂၀/၃)တြင္ က်ဴးလြန္ရာ၌ ပါဝင္သူ ေဇာ္ထက္(ခ) ငျပဴးကို ဖမ္းဆီးရမိခဲ့ၿပီး ၎၏ေနအိမ္မွ HONDA WAVE S-110 ျဖဴ/နက္ ေရာင္ဆိုင္ကယ္(၁)စီးႏွင့္ နံပါတ္မပါ HONDA WAVE -100 အနက္ေရာင္ ဆိုင္ကယ္(၁)စီး နံပါတ္မပါ၊ တို႔အား ေတြ႕ရွိသျဖင့္ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဆိုင္ကယ္ခိုးယူသူမ်ားအနက္ ေနလင္းေအာင္(ခ)ေမာင္ေကာင္း၊ ရွိန္းကိုကို(ခ)ရႈိင္းကိုကို၊ ေဝယံစိုး(ခ)စိုးႀကီးတို႔ကို ဖမ္းဆီးရမိ ခဲ့ၿပီး က်ဴးလြန္ရာတြင္ပါဝင္သူ ႏိုင္လင္းထက္(ခ)အာဘြားမွာ ထြက္ေျပးတိမ္းေရွာင္ေနလ်က္ရွိေၾကာင္း သိရသည္။

၎တို႔အဖြဲ႕သည္ ေတာင္ငူၿမိဳ႕ေပၚရွိ ဆိုင္ကယ္မ်ားႏွင့္ အခ်ိဳ႕ေက်း႐ြာမ်ားမွ ဆိုင္ကယ္မ်ားအား ဂိုဏ္းဖြဲ႕ၿပီး ခိုးယူခဲ့ေၾကာင္း ခိုးယူရရွိသည့္ ဆိုင္ကယ္မ်ားအား အျမန္လမ္းမွတဆင့္ EXPRESS ယာဥ္ မ်ားျဖင့္တင္ကာ ခန႔္ေဇာ္ထက္ (ခ) ေဇာ္ထက္ (ခ) ငျပဴး ဆိုင္ကယ္မ်ားကို ထံသို႔ ေပးပို႔ခဲ့ရေၾကာင္း စစ္ေဆးေဖာ္ထုတ္ခ်က္အရ သိရသည္။

ထို႔ေနာက္ ၎တို႔အဖြဲ႕ ခိုးယူခဲ့သည့္ ဆိုင္ကယ္မ်ားအား တိုက္ႀကီးၿမိဳ႕၊ ေမွာ္ဘီၿမိဳ႕၊ လွည္းကူးၿမိဳ႕၊ ေဖာင္ႀကီး႐ြာမ်ားသို႔ ခန႔္ေဇာ္ထက္ (ခ) ေဇာ္ထက္ (ခ) ငျပဴး မွ ေရာင္းခ်ခဲ့ၿပီး ေဇာ္ထက္(ခ) ငျပဴး ထံမွလည္း ဆိုင္ကယ္(၂)စီး သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

၎တို႔အဖြဲ႕သည္ ေတာင္ငူၿမိဳ႕ေပၚမွ ဆိုင္ ကယ္မ်ားအား ခိုးယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ေပ်ာက္ဆုံးခဲ့သည့္ ဆိုင္ကယ္မ်ားအား ဆက္လက္ေဖာ္ထုတ္သိမ္းဆည္းရမိေရးႏွင့္ ထြက္ေျပးတိမ္းေရွာင္ေနသည့္ ႏိုင္လင္းထက္ (ခ)အာဘြား အား ဖမ္းဆီးရမိေရး ေဆာင္ ႐ြက္ျခင္းမ်ား စီစဥ္ေဆာင္႐ြက္ထားရွိပါေၾကာင္း သိရသည္။

လက္ရွိတြင္ ၎ဆိုင္ကယ္သူခိုးဂိုဏ္းထံမွ ခိုးယူရရွိထားရာမွျပန္လည္သိမ္းဆည္းရမိထားေသာ ဆိုင္ကယ္(၁၈)စီးရွိၿပီျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.