သင်္ဘောသားများအားလုံး အိမ်ပိုင်ရရှိရေး MSF ဆောင်ရွက်နေ

 311

Pearl (NP News) - ဧပြီ ၂၆
ဆောက်လုပ်ရေးကုမ္ပဏီများနှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် သင်္ဘောသားများ အိမ်ယာဝယ်ယူနိုင်ရန် စီမံ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF) ဥက္ကဋ္ဌ ကပ်ပတိန် စိုးမင်းအောင်က NP News ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ သင်္ဘောသားအဖြစ် တရားဝင်မှတ်ပုံတင်ထားသည့် လူဦးရေ တစ်သိန်းငါးသောင်းခန့်ရှိ သည့်အနက် (၄ဝ)ရာခိုင်နှုန်းခန့်သည် အိမ်ပိုင်ယာပိုင်များရှိကြပြီး အိမ်ငှားရမ်း၍ နေထိုင်ရသော သင်္ဘောသားဦးရေ သည် (၆ဝ)ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။
“တရားဝင်သင်္ဘောသားမှတ်ပုံတင်ထားသူဦးရေသည် (၁၅၀၀၀၀)ခန့်ရှိတယ်။ အသက်ကြီးလို့ အနားယူလိုက် တဲ့လူလိုမျိုး နားနေတဲ့လူက (၇၀၀၀၀)ခန့်ရှိမယ်။ နှစ်သောင်းလောက်က အလုပ်မရသေးဘူး။ လေးသောင်းကျော် လောက်က သင်္ဘောပေါ်မှာ ရှိတယ်။ ကျန်တဲ့ နှစ်သောင်းကျော် ကမ်းမှာ နားနေတဲ့လူတွေလို့ ပြောလို့ရတယ်။ ခြောက်သောင်းလောက်က တတ်လိုက်ဆင်းလိုက်နဲ့ သွားနေတယ်လို့ မြင်ရတယ်။ အိမ်ပိုင်ယာပိုင်ရှိတဲ့ သင်္ဘောသား အရေအတွက်က ပြောဖို့က ခတ်တယ်။ ကျွန်တော်တို့မှန်းကြည့်တာ ၄ဝ ရာခိုင်နှုန်း လောက်က အိမ်ပိုင်ယာပိုင်နဲ့ ဖြစ်မယ်လို့ ယူဆတယ်။ ကျန်တဲ့ (၆၀)တော့ ဒီလိုပဲ အိမ်ငှားနေတာတို့ ဘာတို့ ဒီလိုနဲ့ပဲ သွားနေတယ်လို့မြင်နေရ တယ်” ဟု ကပ္ပတိန်စိုးမင်းအောင်က ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမား များအဖွဲ့ချုပ်အနေဖြင့် သင်္ဘောသားများအားလုံး အိမ်ပိုင်ယာပိုင် ရရှိနိုင်ရေးအတွက် အိမ်ယာစီမံကိန်းများအတွက် ရင်းနှီးမြှပ်နှံမည့်ဆောက်လုပ်ရေးကုမ္ပဏီများနှင့် ချိတ်ဆက်၍ (၁၀)နှစ်၊ (၁၅)နှစ် အရစ်ကျစနစ်ဖြင့် အိမ်ယာဝယ်ယူနိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။
“သင်္ဘောသားက အိမ်ပိုင်ယာပိုင်ရှိသင့်တယ်လို့ ယူဆတယ်။ ဖြစ်အောင်လုပ်ပေးသင့်တယ်လို့လည်း ခံယူတယ် လေ။ အခုတော့လည်း အဖွဲ့ချုပ်အနေနဲ့ ကိုယ်တိုင်လည်း မလုပ်နိုင်ဘူးဆိုတော့ အခုလောလောဆယ်မှာတော့ အိမ်ယာစီမံကိန်းတွေကို ရင်းနှီးမြှပ်နှံမယ့်ဆောက်လုပ်ရေး ကုမ္ပဏီတွေပေါ့နော် အဲဒါတွေနဲ့သင်္ဘောသားတွေနဲ့ တွေ့ဖို့အတွက်တော့ ပွဲလေးတွေ စီစဉ်ပေးတယ်။ ဝယ်တာမဝယ်တာကတော့ သူတို့တစ်ဦးချင်းရဲ့သဘောပေါ့။ ဒီလိုလုပ်ပေးခြင်းအားဖြင့်သင်္ဘောသား ရဖို့အတွက်လိုအပ်တဲ့ ဘဏ်ချေးငွေလည်း ဆောက်လုပ်ရေးကုမ္ပဏီက စီစဉ်ပေးမယ်။ အိမ်လည်းရောင်းပေးမယ်ဆိုတာကိုလည်းတွေ့ရှိရတယ်။ အဲဒါမျိုးကို စိတ်ဝင်စားလို့ဝယ်တဲ့သင်္ဘော သားကတော့ ၁၀ နှစ်တန်သည်၊ ၁၅ နှစ်တန်သည် အကြွေးဝယ်လိုက်ရင် အငြိမ်းစားယူတဲ့အချိန် အိမ်ပိုင်လေးတစ်ခု ဖြစ်သွားမယ်” ဟု ကပ္ပတိန် စိုးမင်းအောင်က ဆက်လက်ပြောသည်။

Zawgyi Version:
သေဘၤာသားမ်ားအားလုံး အိမ္ပိုင္ရရွိေရး MSF ေဆာင္႐ြက္ေန
Pearl (NP News) - ဧၿပီ ၂၆
ေဆာက္လုပ္ေရးကုမၸဏီမ်ားႏွင့္ ခ်ိတ္ဆက္၍ အရစ္က်စနစ္ျဖင့္ သေဘၤာသားမ်ား အိမ္ယာဝယ္ယူႏိုင္ရန္ စီမံ ေဆာင္႐ြက္ေနေၾကာင္း ျမန္မာႏိုင္ငံပင္လယ္ကူးသေဘၤာသားအလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္(MSF) ဥကၠ႒ ကပ္ပတိန္ စိုးမင္းေအာင္က NP News ေျပာသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ သေဘၤာသားအျဖစ္ တရားဝင္မွတ္ပုံတင္ထားသည့္ လူဦးေရ တစ္သိန္းငါးေသာင္းခန႔္ရွိ သည့္အနက္ (၄ဝ)ရာခိုင္ႏႈန္းခန႔္သည္ အိမ္ပိုင္ယာပိုင္မ်ားရွိၾကၿပီး အိမ္ငွားရမ္း၍ ေနထိုင္ရေသာ သေဘၤာသားဦးေရ သည္ (၆ဝ)ရာခိုင္ႏႈန္းခန႔္ ရွိေၾကာင္း သိရသည္။
“တရားဝင္သေဘၤာသားမွတ္ပုံတင္ထားသူဦးေရသည္ (၁၅၀၀၀၀)ခန႔္ရွိတယ္။ အသက္ႀကီးလို႔ အနားယူလိုက္ တဲ့လူလိုမ်ိဳး နားေနတဲ့လူက (၇၀၀၀၀)ခန႔္ရွိမယ္။ ႏွစ္ေသာင္းေလာက္က အလုပ္မရေသးဘူး။ ေလးေသာင္းေက်ာ္ ေလာက္က သေဘၤာေပၚမွာ ရွိတယ္။ က်န္တဲ့ ႏွစ္ေသာင္းေက်ာ္ ကမ္းမွာ နားေနတဲ့လူေတြလို႔ ေျပာလို႔ရတယ္။ ေျခာက္ေသာင္းေလာက္က တတ္လိုက္ဆင္းလိုက္နဲ႔ သြားေနတယ္လို႔ ျမင္ရတယ္။ အိမ္ပိုင္ယာပိုင္ရွိတဲ့ သေဘၤာသား အေရအတြက္က ေျပာဖို႔က ခတ္တယ္။ ကြၽန္ေတာ္တို႔မွန္းၾကည့္တာ ၄ဝ ရာခိုင္ႏႈန္း ေလာက္က အိမ္ပိုင္ယာပိုင္နဲ႔ ျဖစ္မယ္လို႔ ယူဆတယ္။ က်န္တဲ့ (၆၀)ေတာ့ ဒီလိုပဲ အိမ္ငွားေနတာတို႔ ဘာတို႔ ဒီလိုနဲ႔ပဲ သြားေနတယ္လို႔ျမင္ေနရ တယ္” ဟု ကပၸတိန္စိုးမင္းေအာင္က ေျပာသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံပင္လယ္ကူးသေဘၤာသားအလုပ္သမား မ်ားအဖြဲ႕ခ်ဳပ္အေနျဖင့္ သေဘၤာသားမ်ားအားလုံး အိမ္ပိုင္ယာပိုင္ ရရွိႏိုင္ေရးအတြက္ အိမ္ယာစီမံကိန္းမ်ားအတြက္ ရင္းႏွီးျမႇပ္ႏွံမည့္ေဆာက္လုပ္ေရးကုမၸဏီမ်ားႏွင့္ ခ်ိတ္ဆက္၍ (၁၀)ႏွစ္၊ (၁၅)ႏွစ္ အရစ္က်စနစ္ျဖင့္ အိမ္ယာဝယ္ယူႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။
“သေဘၤာသားက အိမ္ပိုင္ယာပိုင္ရွိသင့္တယ္လို႔ ယူဆတယ္။ ျဖစ္ေအာင္လုပ္ေပးသင့္တယ္လို႔လည္း ခံယူတယ္ ေလ။ အခုေတာ့လည္း အဖြဲ႕ခ်ဳပ္အေနနဲ႔ ကိုယ္တိုင္လည္း မလုပ္ႏိုင္ဘူးဆိုေတာ့ အခုေလာေလာဆယ္မွာေတာ့ အိမ္ယာစီမံကိန္းေတြကို ရင္းႏွီးျမႇပ္ႏွံမယ့္ေဆာက္လုပ္ေရး ကုမၸဏီေတြေပါ့ေနာ္ အဲဒါေတြနဲ႔သေဘၤာသားေတြနဲ႔ ေတြ႕ဖို႔အတြက္ေတာ့ ပြဲေလးေတြ စီစဥ္ေပးတယ္။ ဝယ္တာမဝယ္တာကေတာ့ သူတို႔တစ္ဦးခ်င္းရဲ႕သေဘာေပါ့။ ဒီလိုလုပ္ေပးျခင္းအားျဖင့္သေဘၤာသား ရဖို႔အတြက္လိုအပ္တဲ့ ဘဏ္ေခ်းေငြလည္း ေဆာက္လုပ္ေရးကုမၸဏီက စီစဥ္ေပးမယ္။ အိမ္လည္းေရာင္းေပးမယ္ဆိုတာကိုလည္းေတြ႕ရွိရတယ္။ အဲဒါမ်ိဳးကို စိတ္ဝင္စားလို႔ဝယ္တဲ့သေဘၤာ သားကေတာ့ ၁၀ ႏွစ္တန္သည္၊ ၁၅ ႏွစ္တန္သည္ အေႂကြးဝယ္လိုက္ရင္ အၿငိမ္းစားယူတဲ့အခ်ိန္ အိမ္ပိုင္ေလးတစ္ခု ျဖစ္သြားမယ္” ဟု ကပၸတိန္ စိုးမင္းေအာင္က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.