ငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးလက်ရာအဆောက်အအုံအမွေအနှစ်များစွာ ဆုံးရှုံးခဲ့

 190

စော (NP News) - ဧပြီ ၂၆

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်းအားပြင်းမန္တလေးငလျင်ကြီးကြောင့် အင်းဝယဉ်ကျေးမှုအမွေအနှစ် ဇုန်အတွင်းရှိ အထင်ကရ ရှေးလက်ရာအဆောက်အအုံအမွေနှစ်များ ဆုံးရှုံးခဲ့ကြောင်း ရှေးဟောင်းသုတေသီ၊ စာရေးဆရာဗိုလ်ရှိတ်(ရတနာပူရ) က NP News သို့ပြောသည်။
“ငလျင်ကြောင့် ရှေးဟောင်းအမွေအနှစ်တွေတော်တော်များများ ပျက်စီးတာပေါ့။ ကျွန်တော်တို့ပျက်စီးတဲ့အခါမှာ တော့ အရှိအတိုင်းပြောရမယ်ဆိုရင် အင်းဝရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းမှာ ‌ရှေးဟောင်းအဆောက်အအုံ ပေါင်း ၉၆၁ ခုရှိတယ်။ အဲဒီထဲမှာမှ စာရင်းကောက်လိုက်တော့ အဆူပေါင်း ၆၀၀ လောက် ပျက်စီးတယ်။ အဲဒီအဆူ ၆၀၀ ဆိုတာကလည်း တကယ်တမ်း ပျက်စီးတဲ့နှုန်းပေါ့” ဟု ၎င်းက ပြောသည်။
အဆိုပါပျက်စီးဆုံးရှုံးမှုများထဲတွင် လူသိများထင်ရှားသော မယ်နုအုတ်ကျောင်း ပါဝင်သော်လည်း တောင်ဘက် မျက်နှာခြမ်း နှင့် ကျောင်းဦးပြဿဒ်ကျန်ရှိနေသေးသည့်အတွက် ဆက်လက်ထိန်သိမ်းမည်ဆိုပါက ထိန်းသိမ်းထား နိုင်သည့်အနေအထားရှိကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ဗားကရားဘုန်းကြီးကျောင်းသည်လည်း အတက်သရက်ကင်းလှေကားသာလျှင် အနည်းငယ်ထိခိုက်ပျက်စီး မှုများရှိခဲ့သည့်အပြင် ညောင်ရမ်းခေတ်ဝင်္ကပါစေတီ၊ မြင့်မိုရ်တောင်စေတီတို့သည်လည်း ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့ကြောင်း သိရသည်။
“ထိန်းသိမ်းလို့မရမဲ့ဟာကတော့ အထင်ကရထဲကတော့ ရှိတာပေါ့။ နံရံပန်းချီရှိတဲ့ဘုရားလေးဆိုရင် လုံးဝကို အကုန်ပြိုကျသွားတာတွေလဲရှိတယ်။ လေးထပ်ကြီးဆိုရင် ပြန်ထိန်းလို့မလွယ်တော့ဘူး။ သူက အုတ်ပုံဘဝ ရောက်သွားတာကို။ ကျန်တဲ့စေတီကတော့ ထင်ရှားတဲ့ရွှေစည်းခုံစေတီကတော့ တကယ်တမ်းကတော့ နောက်ထိန်းထားတဲ့စေတီတွေဖြစ်တဲ့အတွက် သူတို့ကတော့ လက်ရာအနေနဲ့ ဆုံးရှုံးမှုမရှိဘူးပေါ့။ ပျက်စီးတာတော့ ရှိတာပေါ့။ ရှေးလက်ရာအနေနဲ့ ဆုံးရှုံးမှုရှိတာကတော့ လေးထပ်ကျောင်း‌တော်ကြီး အုတ်ပုံဘဝရောက်တယ်။ ဒါကြီးကတော့ ဆုံးရှုံးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါပြိုကျသွားသော နံရံဆေးရေးပန်းချီရှိစေတီ(၃)ဆူမှာ နှစ်ကျိပ်ရှစ်ဆူပန်းချီရေးဆွဲထားသောဂူ၊ ဘုံငါးဆင့် အုတ်ပြဿဒ်စေတီတစ်ဆူနှင့် နိုင်ငံခြားသားလင်မယားပန်းချီပုံပါ စေတီတစ်ဆူတို့ဖြစ်ကြောင်း သိရသည်။
“အစားထိုးမရတဲ့ဆုံးရှုံးမှုပဲပေါ့။ ယဉ်ကျေးမှုအမွေအနှစ်ဆိုတာ ကြာလေတန်ဖိုးရှိလေကို အခုက ထိန်းသိမ်းလို့မရတဲ့ အခြေအနေအထိ ရောက်သွားတဲ့အခါကျတော့ ဆုံးရှုံးမှုကြီးများတယ်လို့ ပြောရမှာပေါ့” ဟု ၎င်းက အကြံပြုပြော သည်။
မန္တလေးငလျင်ကြီးဒဏ်ကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်းရှိ သမိုင်းဝင်အမွေအနှစ် အဆောက်အအုံ ၇၅ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့ရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

Zawgyi Version:
ငလ်င္ႀကီးေၾကာင့္ အင္းဝၿမိဳ႕ေဟာင္းရွိ ေရွးလက္ရာအေဆာက္အအုံအေမြအႏွစ္မ်ားစြာ ဆုံးရႈံးခဲ့
ေစာ (NP News) - ဧၿပီ ၂၆
မတ္လ ၂၈ ရက္က လႈပ္ခတ္ခဲ့ေသာ အင္းအားျပင္းမႏၲေလးငလ်င္ႀကီးေၾကာင့္ အင္းဝယဥ္ေက်းမႈအေမြအႏွစ္ ဇုန္အတြင္းရွိ အထင္ကရ ေရွးလက္ရာအေဆာက္အအုံအေမြႏွစ္မ်ား ဆုံးရႈံးခဲ့ေၾကာင္း ေရွးေဟာင္းသုေတသီ၊ စာေရးဆရာဗိုလ္ရွိတ္(ရတနာပူရ) က NP News သို႔ေျပာသည္။
“ငလ်င္ေၾကာင့္ ေရွးေဟာင္းအေမြအႏွစ္ေတြေတာ္ေတာ္မ်ားမ်ား ပ်က္စီးတာေပါ့။ ကြၽန္ေတာ္တို႔ပ်က္စီးတဲ့အခါမွာ ေတာ့ အရွိအတိုင္းေျပာရမယ္ဆိုရင္ အင္းဝေရွးေဟာင္းယဥ္ေက်းမႈဇုန္အတြင္းမွာ ‌ေရွးေဟာင္းအေဆာက္အအုံ ေပါင္း ၉၆၁ ခုရွိတယ္။ အဲဒီထဲမွာမွ စာရင္းေကာက္လိုက္ေတာ့ အဆူေပါင္း ၆၀၀ ေလာက္ ပ်က္စီးတယ္။ အဲဒီအဆူ ၆၀၀ ဆိုတာကလည္း တကယ္တမ္း ပ်က္စီးတဲ့ႏႈန္းေပါ့” ဟု ၎က ေျပာသည္။
အဆိုပါပ်က္စီးဆုံးရႈံးမႈမ်ားထဲတြင္ လူသိမ်ားထင္ရွားေသာ မယ္ႏုအုတ္ေက်ာင္း ပါဝင္ေသာ္လည္း ေတာင္ဘက္ မ်က္ႏွာျခမ္း ႏွင့္ ေက်ာင္းဦးျပႆဒ္က်န္ရွိေနေသးသည့္အတြက္ ဆက္လက္ထိန္သိမ္းမည္ဆိုပါက ထိန္းသိမ္းထား ႏိုင္သည့္အေနအထားရွိေၾကာင္း ၎က ဆိုသည္။
ထို႔ျပင္ ဗားကရားဘုန္းႀကီးေက်ာင္းသည္လည္း အတက္သရက္ကင္းေလွကားသာလွ်င္ အနည္းငယ္ထိခိုက္ပ်က္စီး မႈမ်ားရွိခဲ့သည့္အျပင္ ေညာင္ရမ္းေခတ္ဝကၤပါေစတီ၊ ျမင့္မိုရ္ေတာင္ေစတီတို႔သည္လည္း ပ်က္စီးမႈ အနည္းငယ္သာ ရွိခဲ့ေၾကာင္း သိရသည္။
“ထိန္းသိမ္းလို႔မရမဲ့ဟာကေတာ့ အထင္ကရထဲကေတာ့ ရွိတာေပါ့။ နံရံပန္းခ်ီရွိတဲ့ဘုရားေလးဆိုရင္ လုံးဝကို အကုန္ၿပိဳက်သြားတာေတြလဲရွိတယ္။ ေလးထပ္ႀကီးဆိုရင္ ျပန္ထိန္းလို႔မလြယ္ေတာ့ဘူး။ သူက အုတ္ပုံဘဝ ေရာက္သြားတာကို။ က်န္တဲ့ေစတီကေတာ့ ထင္ရွားတဲ့ေ႐ႊစည္းခုံေစတီကေတာ့ တကယ္တမ္းကေတာ့ ေနာက္ထိန္းထားတဲ့ေစတီေတြျဖစ္တဲ့အတြက္ သူတို႔ကေတာ့ လက္ရာအေနနဲ႔ ဆုံးရႈံးမႈမရွိဘူးေပါ့။ ပ်က္စီးတာေတာ့ ရွိတာေပါ့။ ေရွးလက္ရာအေနနဲ႔ ဆုံးရႈံးမႈရွိတာကေတာ့ ေလးထပ္ေက်ာင္း‌ေတာ္ႀကီး အုတ္ပုံဘဝေရာက္တယ္။ ဒါႀကီးကေတာ့ ဆုံးရႈံးတယ္” ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါၿပိဳက်သြားေသာ နံရံေဆးေရးပန္းခ်ီရွိေစတီ(၃)ဆူမွာ ႏွစ္က်ိပ္ရွစ္ဆူပန္းခ်ီေရးဆြဲထားေသာဂူ၊ ဘုံငါးဆင့္ အုတ္ျပႆဒ္ေစတီတစ္ဆူႏွင့္ ႏိုင္ငံျခားသားလင္မယားပန္းခ်ီပုံပါ ေစတီတစ္ဆူတို႔ျဖစ္ေၾကာင္း သိရသည္။
“အစားထိုးမရတဲ့ဆုံးရႈံးမႈပဲေပါ့။ ယဥ္ေက်းမႈအေမြအႏွစ္ဆိုတာ ၾကာေလတန္ဖိုးရွိေလကို အခုက ထိန္းသိမ္းလို႔မရတဲ့ အေျခအေနအထိ ေရာက္သြားတဲ့အခါက်ေတာ့ ဆုံးရႈံးမႈႀကီးမ်ားတယ္လို႔ ေျပာရမွာေပါ့” ဟု ၎က အႀကံျပဳေျပာ သည္။
မႏၲေလးငလ်င္ႀကီးဒဏ္ေၾကာင့္ အင္းဝေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ဇုန္အတြင္းရွိ သမိုင္းဝင္အေမြအႏွစ္ အေဆာက္အအုံ ၇၅ ရာခိုင္ႏႈန္းခန႔္ ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီး ဌာနမွ ထုတ္ျပန္သည့္ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.