တောင်ကြီးမြို့တွင် ဘိလပ်မြေအတုရောင်းသူ ဖမ်းဆီး ရရှိ

 438

NP News ဧပြီ (၂၆)ရက်
ဘိလပ်မြေကို ကျောက်မှုန့်တွေနဲ့ ရောစပ်ပြီး ရောင်းချနေသူကို တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ ဧပြီ ၂၃ ရက်က ဖမ်းဆီးလိုက်ကြောင်း ဒေသခံများထံမှသိရသည်။
ဧပြီ ၂၃ ရက်နေ့တွင်သုံးစွဲသူတိုင်ကြားမှုအရ အေးသာယာ မြို့၊ ရပ်ကွက် (၅)ရှိ ပြည့်စုံအောင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၏ ဘိလပ်မြေဂိုထောင်ကို တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ရာ ဘိလပ်မြေကို ကျောက်မှုန့်တွေ ရောစပ်နေကြောင်းတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်းသိရသည်။

စစ်ဆေးရာတွင် CANDA တံဆိပ်ဘိလပ်မြေ ၆ဘီးကားတစ်စီး၊ ကျောက်မှုန့်ရောစပ်ပြီးသားဖြစ်သ်ည့Shan Yoma၊ APACHE ၊ ကြံံနှစ်ကောင် တံဆိပ်ပါသော ဘိလပ်မြေအိတ် ၄၇၉ အိတ်၊ ကျောက်မှုန့်အိတ် ၅၃၅ အိတ်၊ တံဆိပ်မျိုးစုံပါ ဘိလပ်မြေအိတ်ခွံ ၃သောင်းကျော်နှင့် ဘိလပ်မြေရော စပ်ရာမှာ အသုံးပြုသော ကိရိယာများကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အေးသာယာနယ်မြေ ရဲစခန်းက ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိုးတင့်အောင် (ခ) မောင်စိုး နှင့် အလုပ်သမား ၇ ဦးကို လိမ် လည်မှု၊ ကုန်ပစ္စည်းအတုထုတ်လုပ်မှု၊ လိမ်လည်ရန်အား ပေးကူညီမှု ပုဒ်မတွေဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၄၆၈၊ ၄၈၆၊ ၁၁၄ တို့ဖြင့် တရားစွဲဆိုထားကြောင်းသိရသည်။

မတ်၂၈ ရက်က ဖြစ်ပွားခဲ့သည့် ငလျင်အပြီး ဝယ်လိုအား မြင့်တက်လာသည့် အိမ်ဆောက်ပစ္စည်း များတွင်
ဘိလပ် မြေအိတ်များကို အမြတ်၁၀ ရာခိုင်နှုန်းအထက် ရောင်းချနေသည့် ရှမ်းတောင် မြို့နယ် ၃ ခု အတွင်းရှိ အိမ် ဆောက်ပစ္စည်းဆိုင် ၃၀၀ကျော်ကိုစစ်ဆေးခဲ့ရာ ၃၂ ဆိုင် တွေ့ရှိခဲ့ကြောင်းသိရသည်။

Zawgyi Version:
ေတာင္ႀကီးၿမိဳ႕တြင္ ဘိလပ္ေျမအတုေရာင္းသူ ဖမ္းဆီး ရရွိ
NP News ဧၿပီ (၂၆)ရက္
ဘိလပ္ေျမကို ေက်ာက္မႈန္႔ေတြနဲ႔ ေရာစပ္ၿပီး ေရာင္းခ်ေနသူကို ေတာင္ႀကီးၿမိဳ႕နယ္၊ ေအးသာယာၿမိဳ႕မွာ ဧၿပီ ၂၃ ရက္က ဖမ္းဆီးလိုက္ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
ဧၿပီ ၂၃ ရက္ေန႔တြင္သုံးစြဲသူတိုင္ၾကားမႈအရ ေအးသာယာ ၿမိဳ႕၊ ရပ္ကြက္ (၅)ရွိ ျပည့္စုံေအာင္ အိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္၏ ဘိလပ္ေျမဂိုေထာင္ကို တာဝန္ရွိသူေတြက သြားေရာက္စစ္ေဆးခဲ့ရာ ဘိလပ္ေျမကို ေက်ာက္မႈန႔္ေတြ ေရာစပ္ေနေၾကာင္းေတြ႕ရွိခဲ့သျဖင့္ ဖမ္းဆီးထိန္းသိမ္းခဲ့ ေၾကာင္းသိရသည္။

စစ္ေဆးရာတြင္ CANDA တံဆိပ္ဘိလပ္ေျမ ၆ဘီးကားတစ္စီး၊ ေက်ာက္မႈန႔္ေရာစပ္ၿပီးသားျဖစ္သ္ည့Shan Yoma၊ APACHE ၊ ႀကံံႏွစ္ေကာင္ တံဆိပ္ပါေသာ ဘိလပ္ေျမအိတ္ ၄၇၉ အိတ္၊ ေက်ာက္မႈန႔္အိတ္ ၅၃၅ အိတ္၊ တံဆိပ္မ်ိဳးစုံပါ ဘိလပ္ေျမအိတ္ခြံ ၃ေသာင္းေက်ာ္ႏွင့္ ဘိလပ္ေျမေရာ စပ္ရာမွာ အသုံးျပဳေသာ ကိရိယာမ်ားကို သိမ္းဆည္းရမိခဲ့ေၾကာင္းသိရသည္။

ေအးသာယာနယ္ေျမ ရဲစခန္းက ဆိုင္ပိုင္ရွင္ျဖစ္သူ ဦးစိုးတင့္ေအာင္ (ခ) ေမာင္စိုး ႏွင့္ အလုပ္သမား ၇ ဦးကို လိမ္ လည္မႈ၊ ကုန္ပစၥည္းအတုထုတ္လုပ္မႈ၊ လိမ္လည္ရန္အား ေပးကူညီမႈ ပုဒ္မေတြျဖစ္တဲ့ ရာဇသတ္ႀကီးပုဒ္မ ၄၂၀၊ ၄၆၈၊ ၄၈၆၊ ၁၁၄ တို႔ျဖင့္ တရားစြဲဆိုထားေၾကာင္းသိရသည္။

မတ္၂၈ ရက္က ျဖစ္ပြားခဲ့သည့္ ငလ်င္အၿပီး ဝယ္လိုအား ျမင့္တက္လာသည့္ အိမ္ေဆာက္ပစၥည္း မ်ားတြင္
ဘိလပ္ ေျမအိတ္မ်ားကို အျမတ္၁၀ ရာခိုင္ႏႈန္းအထက္ ေရာင္းခ်ေနသည့္ ရွမ္းေတာင္ ၿမိဳ႕နယ္ ၃ ခု အတြင္းရွိ အိမ္ ေဆာက္ပစၥည္းဆိုင္ ၃၀၀ေက်ာ္ကိုစစ္ေဆးခဲ့ရာ ၃၂ ဆိုင္ ေတြ႕ရွိခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.