နေပြည်တော်တည်ဆောက်ရေးတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများ နေပြည်တော်စည်ပင်ကိုဆက်သွယ်ရန် အသိပေး

1678
Pearl (NP News) - ဧပြီလ ၂၆
နေပြည်တော်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများ နေပြည်တော်စည်ပင်ကိုဆက်သွယ်ရန် အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီ ကအသိပေးထုတ်ပြန်ထားသည်။
အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီက ယနေ့ (ဧပြီလ ၂၆ရက်) ထုတ် နိုင်ငံပိုင်သတင်းစာမှ တဆင့် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။
နေပြည်တော်တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေးစီမံကိန်းတွင် ပါဝင်သည့် ရုံး/ ဌာန အဆောက်အဦများ၊ အထူးအဆောက်အဦများ ၊ ဝန်ထမ်းအိမ်ယာများ၊ အုပ်ချုပ်မှု ဆိုင်ရာ အဆောက်အဦများအပါအဝင် အခြားအဆောက်အဦတည်ဆောက်ရေး လုပ်ငန်းများတွင် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများအနေဖြင့်
နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ဆက်သွယ်ဆောင်ရွက် ရန် အသိပေးထားသည်။
ထိုသို့ဆက်သွယ်ရာတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ မှ ဦးဇော်ထွန်း၊ ဌာနမှူး၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) (၀၉၆၉၆၀၀၆၉၉၉) နှင့် ဒေါ်ချယ်ရီလှမောင်၊ ဒုတိယဌာနမှူး။ အင်ဂျင်နီယာဌာန (၀၉၅၀၀၅၆၇၈) တို့မှ တဆင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။

Zawgyi Version;
ေနျပည္ေတာ္တည္ေဆာက္ေရးတြင္ ပါဝင္ခဲ့သည့္ ကုမၸဏီမ်ား ေနျပည္ေတာ္စည္ပင္ကိုဆက္သြယ္ရန္ အသိေပး
Pearl (NP News) - ဧၿပီလ ၂၆
ေနျပည္ေတာ္တည္ေဆာက္ေရး လုပ္ငန္းမ်ားတြင္ ပါဝင္ခဲ့သည့္ ကုမၸဏီမ်ား ေနျပည္ေတာ္စည္ပင္ကိုဆက္သြယ္ရန္ အေဆာက္အဦမ်ား ျပန္လည္ျပဳျပင္အသုံးျပဳေရးႏွင့္ အသစ္တည္ေဆာက္ေရးႀကီးၾကပ္မႈ ေကာ္မတီ ကအသိေပးထုတ္ျပန္ထားသည္။
အေဆာက္အဦမ်ား ျပန္လည္ျပဳျပင္အသုံးျပဳေရးႏွင့္ အသစ္တည္ေဆာက္ေရးႀကီးၾကပ္မႈ ေကာ္မတီက ယေန႔ (ဧၿပီလ ၂၆ရက္) ထုတ္ ႏိုင္ငံပိုင္သတင္းစာမွ တဆင့္ အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္သည္။
ေနျပည္ေတာ္တည္ေဆာက္ေရး အထူးဖြံ႕ၿဖိဳးေရးစီမံကိန္းတြင္ ပါဝင္သည့္ ႐ုံး/ ဌာန အေဆာက္အဦမ်ား၊ အထူးအေဆာက္အဦမ်ား ၊ ဝန္ထမ္းအိမ္ယာမ်ား၊ အုပ္ခ်ဳပ္မႈ ဆိုင္ရာ အေဆာက္အဦမ်ားအပါအဝင္ အျခားအေဆာက္အဦတည္ေဆာက္ေရး လုပ္ငန္းမ်ားတြင္ တည္ေဆာက္ခဲ့သည့္ ကုမၸဏီမ်ားအေနျဖင့္
ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီသို႔ဆက္သြယ္ေဆာင္႐ြက္ ရန္ အသိေပးထားသည္။
ထိုသို႔ဆက္သြယ္ရာတြင္ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ မွ ဦးေဇာ္ထြန္း၊ ဌာနမႉး၊ အင္ဂ်င္နီယာဌာန (အေဆာက္အအုံ) (၀၉၆၉၆၀၀၆၉၉၉) ႏွင့္ ေဒၚခ်ယ္ရီလွေမာင္၊ ဒုတိယဌာနမႉး။ အင္ဂ်င္နီယာဌာန (၀၉၅၀၀၅၆၇၈) တို႔မွ တဆင့္ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။