Girls' Generation အဖွဲ့ဝင် ဆိုယောင်း ဟောလိဝုဒ်ဇာတ်ကားသစ်မှာ ပွဲဦးထွက် ပါဝင်မည်

200

ရောင်နီ (NP News) - ဧပြီ ၂၆
တောင်ကိုရီးယား သရုပ်ဆောင် မင်းသမီး၊ K Pop အဖွဲ့ Girls' Generation ရဲ့ အဖွဲ့ဝင် ချွဲဆိုယောင်းဟာ နာမည်ကြီး John Wick ဇာတ်ကားတွေထဲက တစ်ခုဖြစ်တဲ့ "Ballerina" ဟောလိဝုဒ်ရုပ်ရှင်သစ်မှာ ပွဲဦးထွက် ပါဝင်မှာဖြစ်ပါ တယ်။
"Ballerina" ရုပ်ရှင်ဟာ John Wick တတိယ ရုပ်ရှင်နဲ့ စတုတ္ထမြောက်ရုပ်ရှင်ကြား ထွက်ရှိမယ့် ဇာတ်ကား ဖြစ်ပါ တယ်။ ဘဲလေးအက အလှမယ်အီဗာမာကာရိုဇာတ်ကောင်နေရာမှာ သရုပ်ဆောင်အန်နာဒီအားမိုစ့် က ပါဝင် သရုပ်ဆောင်မှာဖြစ်ပါတယ်။ အီဗာမာကာရို ဇာက်ကောင်ဟာ ဖခင်ဖြစ်သူ သေဆုံးပြီးတဲ့နောက် Ruska Roma ဘဲလေးကျောင်းမှာ လေ့ကျင့်သင်ကြားရင်း ဘဲလေးအကမယ်၊ လူသတ်သမားဖြစ်လာတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ အီဗာ ဇာတ်ကောင်ဟာ John Wick တတိယမြောက် ရုပ်ရှင် – Parabellum မှာ ထင်ရှားခဲ့ပါတယ်။ ဆိုယောင်းကတော့ အီဗာ ကာကွယ်ရမယ့် ပထမမစ်ရှင် ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
Ballerina ရုပ်ရှင်ဟာ လာမယ့် ဇွန်လ ၆ ရက် မှာ ထွက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။ ဆိုယောင်းဟာရုပ်ရှင်နဲ့ တီဗီရှိုးများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်က ထွက်ရှိတဲ့ စီးရီး "My Spring Days" မှာ သူမရဲ့ သရုပ်ဆောင်မှုအတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု နှစ်ဆုရရှိထားပါတယ်။ ဒါအပြင် လာမယ့် မေလ ၁၂ ရက်မှာ ရုံတင်ပြသမယ့် အချစ်ဟာသဇာတ်ကား "Second Shot At Love" မှာလည်း ပါဝင်သရုပ်ဆောင်ဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။

Zawgyi Version:
Girls' Generation အဖြဲ႕ဝင္ ဆိုေယာင္း ေဟာလိဝုဒ္ဇာတ္ကားသစ္မွာ ပြဲဦးထြက္ ပါဝင္မည္
ေရာင္နီ (NP News) - ဧၿပီ ၂၆
ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ မင္းသမီး၊ K Pop အဖြဲ႕ Girls' Generation ရဲ႕ အဖြဲ႕ဝင္ ခြၽဲဆိုေယာင္းဟာ နာမည္ႀကီး John Wick ဇာတ္ကားေတြထဲက တစ္ခုျဖစ္တဲ့ "Ballerina" ေဟာလိဝုဒ္႐ုပ္ရွင္သစ္မွာ ပြဲဦးထြက္ ပါဝင္မွာျဖစ္ပါ တယ္။
"Ballerina" ႐ုပ္ရွင္ဟာ John Wick တတိယ ႐ုပ္ရွင္နဲ႔ စတုတၳေျမာက္႐ုပ္ရွင္ၾကား ထြက္ရွိမယ့္ ဇာတ္ကား ျဖစ္ပါ တယ္။ ဘဲေလးအက အလွမယ္အီဗာမာကာ႐ိုဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္အန္နာဒီအားမိုစ့္ က ပါဝင္ သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။ အီဗာမာကာ႐ို ဇာက္ေကာင္ဟာ ဖခင္ျဖစ္သူ ေသဆုံးၿပီးတဲ့ေနာက္ Ruska Roma ဘဲေလးေက်ာင္းမွာ ေလ့က်င့္သင္ၾကားရင္း ဘဲေလးအကမယ္၊ လူသတ္သမားျဖစ္လာတဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ပါတယ္။ အီဗာ ဇာတ္ေကာင္ဟာ John Wick တတိယေျမာက္ ႐ုပ္ရွင္ – Parabellum မွာ ထင္ရွားခဲ့ပါတယ္။ ဆိုေယာင္းကေတာ့ အီဗာ ကာကြယ္ရမယ့္ ပထမမစ္ရွင္ ဇာတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။
Ballerina ႐ုပ္ရွင္ဟာ လာမယ့္ ဇြန္လ ၆ ရက္ မွာ ထြက္ရွိမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဆိုေယာင္းဟာ႐ုပ္ရွင္နဲ႔ တီဗီရႈိးမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္က ထြက္ရွိတဲ့ စီးရီး "My Spring Days" မွာ သူမရဲ႕ သ႐ုပ္ေဆာင္မႈအတြက္ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ပို႔ဆု ႏွစ္ဆုရရွိထားပါတယ္။ ဒါအျပင္ လာမယ့္ ေမလ ၁၂ ရက္မွာ ႐ုံတင္ျပသမယ့္ အခ်စ္ဟာသဇာတ္ကား "Second Shot At Love" မွာလည္း ပါဝင္သ႐ုပ္ေဆာင္ဖို႔ စီစဥ္ ထားတယ္လို႔ သိရပါတယ္။