ပြည်တွင်းထုတ်ဖိနပ်ဈေးကွက်ပြန်လည်မြင့်တင်မည်

413

NP News ဧပြီ (၂၆)ရက်
ပြည်တွင်းထုတ်ဖိနပ်များဈေးကွက်ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုအဖြစ် Made in Myanmar စာတန်းဖြင့် ပြည်တွင်းထုတ်အဆင့်မြင့်ဖိနပ်များကို ဈေးကွက်အတွင်းဖြန့်ဖြူးရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဖိနပ်လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ သိရသည်။
လက်ရှိပြည်တွင်းဖိနပ်ဈေးကွက်အတွင်းမှာ ၇၅ ရာခိုင်နှုန်းခန့်သည် ပြည်ပမှတင်သွင်းလာသည့် ဖိနပ်အမျိုးမျိုးသာနေရာယူထားခြင်းကြောင့် ပြည်တွင်းထုတ်ဖိနပ်များ၏ ဈေးကွက်ပြန်လည်ရရှိရေးကို ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဖိနပ်လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပြည်တွင်းဈေးကွက်မှာ ဖိနပ်တံဆိပ်ပေါင်းသိန်းချီပြီးရှိတယ်။ အဲဒီထဲကမှ ကိုယ်ပိုင်တံဆိပ်ရိုက်နှိပ်ပြီး ထုတ်လုပ်လိုက်တဲ့ ဖိနပ်ကိုအကောင်းဆုံးဖြစ်အောင် တန်ဖိုးထားထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ အဓိကကတော့ ခိုင်ခန့်ရမယ်၊ သပ်ရပ်ရမယ်၊ စေတနာပါရပါမယ်။ ကိုယ့်ဖိနပ်တံဆိပ်ကိုဝယ်စီးပြီးခဏနဲ့ ပြတ်သွားရင် ဝယ်တဲ့သူအတွက်လည်းမကောင်းသလို ကိုယ့်တံဆိပ်လည်းနာမည်ကျပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေက ဆိုင်တွေမှာတင်တဲ့ မိမိတို့ရဲ့ ဖိနပ်တံဆိပ်ကို ဥပမာ ဖိနပ်တစ်ရန် ဘယ်နှစ်လခံမယ်၊ အဲဒီကာလအတွင်းပြတ်ခဲ့ရင် အသစ်တစ်ရန် ပြန်လဲပေးမယ်ဆိုတဲ့ အာမခံချက်ပေးရမယ်။ အဲလိုပုံစံနဲ့ ဈေးကွက်မြှင့်တင်နိုင်အောင်လည်းကြိုးစားနေပါတယ်” လို့ မြန်မာနိုင်ငံဖိနပ်လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်းဈေးကွက်၌ ပြည်တွင်းထုတ်ဖိနပ်များသာနေရာယူနိုင်ရေးအတွက် မြန်မာနိုင်ငံဖိနပ်လုပ်ငန်းရှင်များအဖွဲ့ချုပ်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ ယခင်က ပြည်တွင်းထုတ်ဖိနပ်များကို ထုတ်လုပ်ရာတွင် အသုံးပြုရသည့် ရေကော်ကို ပြည်ပမှ မှာယူသုံးစွဲခဲ့ရသော်လည်း ယခုအခါပြည်တွင်းတွင် အဆင့်မီစွာထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ အလားတူဖိနပ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်း ၈၅ ရာခိုင်နှုန်းခန့်မှာလည်းပြည်တွင်းတွင်သာထွက်ရှိသည့်အတွက် Made in Myamar စာတန်းပါ ပြည်တွင်းထုတ် အဆင့်မြင့်ဖိနပ်များကိုဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျပည္တြင္းထုတ္ဖိနပ္ေဈးကြက္ျပန္လည္ျမင့္တင္မည္
NP News ဧၿပီ (၂၆)ရက္
ျပည္တြင္းထုတ္ဖိနပ္မ်ားေဈးကြက္ျပန္လည္ရရွိေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္မႈအျဖစ္ Made in Myanmar စာတန္းျဖင့္ ျပည္တြင္းထုတ္အဆင့္ျမင့္ဖိနပ္မ်ားကို ေဈးကြက္အတြင္းျဖန႔္ျဖဴးရန္ ေဆာင္႐ြက္ေနေၾကာင္း ျမန္မာႏိုင္ငံဖိနပ္လုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္မွ သိရသည္။
လက္ရွိျပည္တြင္းဖိနပ္ေဈးကြက္အတြင္းမွာ ၇၅ ရာခိုင္ႏႈန္းခန႔္သည္ ျပည္ပမွတင္သြင္းလာသည့္ ဖိနပ္အမ်ိဳးမ်ိဳးသာေနရာယူထားျခင္းေၾကာင့္ ျပည္တြင္းထုတ္ဖိနပ္မ်ား၏ ေဈးကြက္ျပန္လည္ရရွိေရးကို ႀကိဳးပမ္းေဆာင္႐ြက္ရမွာျဖစ္ေၾကာင္းလည္း ျမန္မာႏိုင္ငံဖိနပ္လုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
“ျပည္တြင္းေဈးကြက္မွာ ဖိနပ္တံဆိပ္ေပါင္းသိန္းခ်ီၿပီးရွိတယ္။ အဲဒီထဲကမွ ကိုယ္ပိုင္တံဆိပ္႐ိုက္ႏွိပ္ၿပီး ထုတ္လုပ္လိုက္တဲ့ ဖိနပ္ကိုအေကာင္းဆုံးျဖစ္ေအာင္ တန္ဖိုးထားထုတ္လုပ္ဖို႔ လိုအပ္ပါတယ္။ အဓိကကေတာ့ ခိုင္ခန႔္ရမယ္၊ သပ္ရပ္ရမယ္၊ ေစတနာပါရပါမယ္။ ကိုယ့္ဖိနပ္တံဆိပ္ကိုဝယ္စီးၿပီးခဏနဲ႔ ျပတ္သြားရင္ ဝယ္တဲ့သူအတြက္လည္းမေကာင္းသလို ကိုယ့္တံဆိပ္လည္းနာမည္က်ပါတယ္။ ဒါေၾကာင့္ လုပ္ငန္းရွင္ေတြက ဆိုင္ေတြမွာတင္တဲ့ မိမိတို႔ရဲ႕ ဖိနပ္တံဆိပ္ကို ဥပမာ ဖိနပ္တစ္ရန္ ဘယ္ႏွစ္လခံမယ္၊ အဲဒီကာလအတြင္းျပတ္ခဲ့ရင္ အသစ္တစ္ရန္ ျပန္လဲေပးမယ္ဆိုတဲ့ အာမခံခ်က္ေပးရမယ္။ အဲလိုပုံစံနဲ႔ ေဈးကြက္ျမႇင့္တင္ႏိုင္ေအာင္လည္းႀကိဳးစားေနပါတယ္” လို႔ ျမန္မာႏိုင္ငံဖိနပ္လုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ျပည္တြင္းေဈးကြက္၌ ျပည္တြင္းထုတ္ဖိနပ္မ်ားသာေနရာယူႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံဖိနပ္လုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္ကို ဖြဲ႕စည္းေဆာင္႐ြက္ခဲ့တာျဖစ္ေၾကာင္း၊ ယခင္က ျပည္တြင္းထုတ္ဖိနပ္မ်ားကို ထုတ္လုပ္ရာတြင္ အသုံးျပဳရသည့္ ေရေကာ္ကို ျပည္ပမွ မွာယူသုံးစြဲခဲ့ရေသာ္လည္း ယခုအခါျပည္တြင္းတြင္ အဆင့္မီစြာထုတ္လုပ္ႏိုင္ၿပီျဖစ္ေၾကာင္း၊ အလားတူဖိနပ္ထုတ္လုပ္ရာတြင္ အသုံးျပဳသည့္ ကုန္ၾကမ္း ၈၅ ရာခိုင္ႏႈန္းခန႔္မွာလည္းျပည္တြင္းတြင္သာထြက္ရွိသည့္အတြက္ Made in Myamar စာတန္းပါ ျပည္တြင္းထုတ္ အဆင့္ျမင့္ဖိနပ္မ်ားကိုေဈးကြက္အတြင္းျဖန႔္ျဖဴးေရာင္းခ်ရန္ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။