AI နည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ကိုယ့်ကိုယ်ကိုယ်အားကိုးဖို့ တရုတ်သမ္မတ တောင်းဆို

208

Pika (NP News) - ဧပြီ ၂၇
တရုတ်နိုင်ငံမှာ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ပိုမိုအားကောင်းလာစေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အားကိုးဖို့ တရုတ်သမ္မတရှီကျင့်ဖျင်က ကတိပြုခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ အဓိက မဟာဗျူဟာ မြောက်နယ်ပယ်တစ်ခုဖြစ်တဲ့ AI နည်းပညာမှာ အသာစီးရစေဖို့အတွက် အမေရိကန်နဲ့ယှဉ်ပြိုင်မှုတွေ ရှိနေချိန်မှာပဲ ရှီကျင့်ဖျင်ရဲ့ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။
နိုင်ငံတွင်းမှာ AIနည်းပညာကို ဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ကိုတွန်းအားပေးနိုင်စေဖို့အတွက် ၎င်းရဲ့ နိုင်ငံလုံးဆိုင်ရာစနစ်သစ်ကို အသုံးချသင့်တယ်လို့လည်း ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။ ရှီကျင့်ဖျင်က “ကျွန်တော်တို့ဟာ ကွာဟချက်တွေကို အသိအမှတ်ပြုပြီး နည်းပညာဆန်းသစ်တီထွင်မှု၊ စက်မှုဖွံ့ဖြိုးတိုးတက်မှုနဲ့ AI နည်းပညာနဲ့လုပ်ဆောင်နိုင်တဲ့အပ်ပ်တွေကို ကျယ်ကျယ်ပြန့်ပြန့်တိုးတက်လာစေဖို့အတွက် ကြိုးပမ်းအားထုတ်မှု တွေကို နှစ်ဆတိုးလုပ်ဆောင်ရပါမယ်” လို့ ပြောခဲ့ပါတယ်။
အစိုးရဝယ်ယူမှု၊ အသိဥာဏ်ပညာဆိုင်ရာမူပိုင်ခွင့်၊သုတေသနနဲ့ အရည်အချင်းရှိသူတွေကို ပြုစုပျိုးထောင်မှု စတဲ့ နယ်ပယ်တွေမှာ မူဝါဒဆိုင်ရာပံ့ပိုးကူညီမှုတွေကို လုပ်ဆောင်သွားမယ်လို့လည်း ရှီကျင့်ဖျင်က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ တရုတ်ထုတ် AI အပ်ပ်တစ်ခုဖြစ်တဲ့ DeepSeek ဟာ ကမ္ဘာလုံးဆိုင်ရာဆွဲဆောင်မှုတွေကို ရယူ နိုင်ခဲ့ပြီး အနောက်အုပ်စုနိုင်ငံပြိုင်ဘက်တွေရဲ့ AI အပ်ပ်တွေ တီထွင်မှုထက် ပိုမိုဈေးသက်သာခဲ့တယ်လို့ သုံးသပ် ပြောဆိုမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် တရုတ်နိုင်ငံဟာ အခြေခံအဆောက်အအုံ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာပိုင်းမှာလည်း နယ်ပယ်ချဲ့ထွင်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
AI နည္းပညာ ဖြံ႕ၿဖိဳးတိုးတက္လာေစဖို႔အတြက္ ကိုယ့္ကိုယ္ကိုယ္အားကိုးဖို႔ တ႐ုတ္သမၼတ ေတာင္းဆို
Pika (NP News) - ဧၿပီ ၂၇
တ႐ုတ္ႏိုင္ငံမွာ AI နည္းပညာ ဖြံ႕ၿဖိဳးတိုးတက္လာေစဖို႔နဲ႔ ပိုမိုအားေကာင္းလာေစဖို႔အတြက္ ကိုယ့္ကိုယ္ကိုယ္ အားကိုးဖို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က ကတိျပဳခဲ့တယ္လို႔ သိရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ အဓိက မဟာဗ်ဴဟာ ေျမာက္နယ္ပယ္တစ္ခုျဖစ္တဲ့ AI နည္းပညာမွာ အသာစီးရေစဖို႔အတြက္ အေမရိကန္နဲ႔ယွဥ္ၿပိဳင္မႈေတြ ရွိေနခ်ိန္မွာပဲ ရွီက်င့္ဖ်င္ရဲ႕ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။
ႏိုင္ငံတြင္းမွာ AIနည္းပညာကို ဖြံ႕ၿဖိဳးတိုးတက္မႈကို ေရွ႕ကိုတြန္းအားေပးႏိုင္ေစဖို႔အတြက္ ၎ရဲ႕ ႏိုင္ငံလုံးဆိုင္ရာစနစ္သစ္ကို အသုံးခ်သင့္တယ္လို႔လည္း ရွီက်င့္ဖ်င္က ေျပာၾကားခဲ့ပါတယ္။ ရွီက်င့္ဖ်င္က “ကြၽန္ေတာ္တို႔ဟာ ကြာဟခ်က္ေတြကို အသိအမွတ္ျပဳၿပီး နည္းပညာဆန္းသစ္တီထြင္မႈ၊ စက္မႈဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ AI နည္းပညာနဲ႔လုပ္ေဆာင္ႏိုင္တဲ့အပ္ပ္ေတြကို က်ယ္က်ယ္ျပန႔္ျပန႔္တိုးတက္လာေစဖို႔အတြက္ ႀကိဳးပမ္းအားထုတ္မႈ ေတြကို ႏွစ္ဆတိုးလုပ္ေဆာင္ရပါမယ္” လို႔ ေျပာခဲ့ပါတယ္။
အစိုးရဝယ္ယူမႈ၊ အသိဥာဏ္ပညာဆိုင္ရာမူပိုင္ခြင့္၊သုေတသနနဲ႔ အရည္အခ်င္းရွိသူေတြကို ျပဳစုပ်ိဳးေထာင္မႈ စတဲ့ နယ္ပယ္ေတြမွာ မူဝါဒဆိုင္ရာပံ့ပိုးကူညီမႈေတြကို လုပ္ေဆာင္သြားမယ္လို႔လည္း ရွီက်င့္ဖ်င္က မွတ္ခ်က္ျပဳ ေျပာၾကားခဲ့ပါတယ္။ တ႐ုတ္ထုတ္ AI အပ္ပ္တစ္ခုျဖစ္တဲ့ DeepSeek ဟာ ကမာၻလုံးဆိုင္ရာဆြဲေဆာင္မႈေတြကို ရယူ ႏိုင္ခဲ့ၿပီး အေနာက္အုပ္စုႏိုင္ငံၿပိဳင္ဘက္ေတြရဲ႕ AI အပ္ပ္ေတြ တီထြင္မႈထက္ ပိုမိုေဈးသက္သာခဲ့တယ္လို႔ သုံးသပ္ ေျပာဆိုမႈေတြ ရွိခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ တ႐ုတ္ႏိုင္ငံဟာ အေျခခံအေဆာက္အအုံ ေဆာ့ဖ္ဝဲလ္အင္ဂ်င္နီယာပိုင္းမွာလည္း နယ္ပယ္ခ်ဲ႕ထြင္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။