KIA နှင့် PDF များ သဲကြီးမဲကြီးတိုက်ခိုက်ခဲ့ဖူးသော ထီးချိုင့်မြို့တွင် တပ်မတော် အသာစီးရနေ

 1066

သန့်ဇင် (NP News)
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ကို KIA နှင့် PDF အဖွဲ့တို့က မြို့သိမ်းတိုက်ပွဲဖော်ဆောင်ကာ သဲကြီးမဲကြီး တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင်မူ တပ်မတော်ဘက်မှ ပြန်လည်အသာစီးရနေပြီဖြစ်ကြောင်း ဒေသခံများက NP News သို့ပြောသည်။
KIA နှင့် PDF ပူးပေါင်းအဖွဲ့များသည် ထီးချိုင့်မြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လက စတင် တိုက်ပွဲများဖော်ဆောင်ခဲ့သော်လည်း ၎င်းတို့ ကြောင့် မြို့သာကြေသွားခဲ့ပြီး သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ထို့နောက် လက်ရှိ တွင်မူ အထက်ပါအဖွဲ့များသည် အနီးပင်ကပ်နိုင်ခြင်း‌ မရှိ တော့ဘဲ မြို့နယ်အတွင်း၌သာ အခြေချနေထိုင်နေကြကြောင်း သိရသည်။
“မြို့အထဲထဲတော့ ပြန်ဝင်လို့တော့မရဘူးပေါ့ဗျာ။ ရွာအနီးတွေမှာတော့ ပြန်ဝင်ကြည့်တာတော့ ရှိတာပေါ့။ မြို့ထဲကိုတော့ PDF ဘာညာကတော့ မကပ်ရဲတော့ဘူးပေါ့နော်။ တပ်ကပဲ လုံးဝစိုးမိုးပြီးတော့ ရွာနားဆိုမြောက်ပြင်ဘက်ဆိုရင်တော့ အလယ်တောက စမှာပေါ့။ ထီးချိုင့်မြောက်ပြင်ဆို အလယ်တော ကနေပြီးတော့ ကွင်းတုံ၊ ရွှေချောင်းနဲ့ ကျောင်းကုန်းလမ်းဆုံထိတော့ ထီးချိုင့်ဈေးဆိုင်တန်းတွေနဲ့ပဲ ဆိုင် ဖွင့်ပြီးတော့ နေနေကြတာပေါ့ဗျာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထီးချိုင့်မြို့နယ်အနီးရှိ PDF များမှာမူ ကျေးရွာများအတွင်း ဒေသခံများနှင့် ရောနှောနေထိုင်ကာ အသက်ဆက်နေရကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“ထီးချိုင့်မြို့နယ်က PDF ကတော့ ထီးချိုင့်မြို့နယ်ထဲကလူတွေနဲ့ပဲ ရောနှောနေ နေကြတာပေါ့။ အဲဒီလိုပဲနေနေကြတာ။ အဲဒီမှာ လေယာဉ်ကျဲတယ်ဆိုရင် ပြည်သူကျဲတယ်ပေါ့။ တပ်ကလည်း အမိအရ သတင်းရလို့ ကျဲတာလေ။ ရှိတာတော့ ရှိတယ်။ ပြည်သူတွေကိုပဲ Cover ယူနေကြတာပေါ့” ဟု ၎င်းက ပြောသည်။ ထို့ပြင် မြို့အတွင်း ဝင်ရောက်ခွင့်မရှိတော့သည့် PDF များသည် လက်ရှိကာလတွင် ငွေကြေး ပြဿနာများကြောင့် အချင်းချင်း သဘောထားကွဲလွဲမှုများပင် ရှိနေကြောင်းလည်း ၎င်းကဆိုသည်။
“သူတို့အချင်းချင်းကလည်း သဘောထား ကွဲလွဲမှုတွေတော်တော်များတယ်။ အဲဒီမှာ ငွေရေး ကြေးရေးတွေ မပြေလည်လို့ သူတို့အချင်းချင်းတောင်မှ အဲဒီမှာတချို့ဆို မခံချင်တဲ့ကောင်တွေရှိတာပေါ့။ အဲဒီမှာ စာရင်းရှင်းဖို့လုပ်တော့ ဒီကောင်ကိုလိုက်ပြီးတော့ ပြဿနာရှာပြီး အစဖျောက်မယ်ကြံတာတွေရှိ တော့ ထွက်ပြေးရတယ်လို့ သတင်းတွေလည်းကြားတယ်” ဟု ၎င်းကဆက်ပြောသည်။
ထီးချိုင့်မြို့တိုက်ပွဲကို PDF များက KIA အားကိုးဖြင့်တိုက်ခဲ့ခြင်းဖြစ်သော်လည်း စစ်မြေပြင်တွင် PDF အဖွဲ့ဝင်များစွာ သေဆုံးခဲ့ရကြောင်း အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။
“သူတို့ကလည်း အဓိကဘာကို Cover ယူရလဲဆိုတော့ KIA တွေ TNLA တို့ယူရတယ်။ သူတို့ လည်း ပြန်ဆုတ်သွားပြီဆိုတော့ အဲဒီမှာ သူတို့တွေကတော့ ဘာမှမဖြစ်ဘူးပေါလေ။ အဲဒီလောက် ဇ မရှိ ဘူး။ မလုပ်ရဲဘူးပေါ့လေ။ ပြီးတော့ ဗန်းမော်လေ။ ထီးချိုင့်ဘက်ကတက်သွားတာပေါ့။ ထီးချိုင့်တို့ သပိတ် ကျင်းတို့ဘက်က PDF တွေက အဲဒီဘက်မှာလည်းတော်တော်ကျတယ်။ အဲဒီမှာ ထီးချိုင့်မြို့ခံ PDF တွေ ရော လူငယ်တွေ တော်တော် သေတယ်လို့ပြောတယ်။ သူတို့မထိန်းနိုင်ဘူး” ဟု အထက်ပါ သတင်းရင်း မြစ်က ပြောသည်။

Zawgyi Version:
KIA ႏွင့္ PDF မ်ား သဲႀကီးမဲႀကီးတိုက္ခိုက္ခဲ့ဖူးေသာ ထီးခ်ိဳင့္ၿမိဳ႕တြင္ တပ္မေတာ္ အသာစီးရေန
သန႔္ဇင္ (NP News)
စစ္ကိုင္းတိုင္းေဒသႀကီး၊ ထီးခ်ိဳင့္ၿမိဳ႕ကို KIA ႏွင့္ PDF အဖြဲ႕တို႔က ၿမိဳ႕သိမ္းတိုက္ပြဲေဖာ္ေဆာင္ကာ သဲႀကီးမဲႀကီး တိုက္ခိုက္ခဲ့ၿပီး လက္ရွိတြင္မူ တပ္မေတာ္ဘက္မွ ျပန္လည္အသာစီးရေနၿပီျဖစ္ေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။
KIA ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားသည္ ထီးခ်ိဳင့္ၿမိဳ႕ကို ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္ ဩဂုတ္လက စတင္ တိုက္ပြဲမ်ားေဖာ္ေဆာင္ခဲ့ေသာ္လည္း ၎တို႔ ေၾကာင့္ ၿမိဳ႕သာေၾကသြားခဲ့ၿပီး သိမ္းပိုက္ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္း မရွိေၾကာင္း သိရသည္။ ထို႔ေနာက္ လက္ရွိ တြင္မူ အထက္ပါအဖြဲ႕မ်ားသည္ အနီးပင္ကပ္ႏိုင္ျခင္း‌ မရွိ ေတာ့ဘဲ ၿမိဳ႕နယ္အတြင္း၌သာ အေျခခ်ေနထိုင္ေနၾကေၾကာင္း သိရသည္။
“ၿမိဳ႕အထဲထဲေတာ့ ျပန္ဝင္လို႔ေတာ့မရဘူးေပါ့ဗ်ာ။ ႐ြာအနီးေတြမွာေတာ့ ျပန္ဝင္ၾကည့္တာေတာ့ ရွိတာေပါ့။ ၿမိဳ႕ထဲကိုေတာ့ PDF ဘာညာကေတာ့ မကပ္ရဲေတာ့ဘူးေပါ့ေနာ္။ တပ္ကပဲ လုံးဝစိုးမိုးၿပီးေတာ့ ႐ြာနားဆိုေျမာက္ျပင္ဘက္ဆိုရင္ေတာ့ အလယ္ေတာက စမွာေပါ့။ ထီးခ်ိဳင့္ေျမာက္ျပင္ဆို အလယ္ေတာ ကေနၿပီးေတာ့ ကြင္းတုံ၊ ေ႐ႊေခ်ာင္းနဲ႔ ေက်ာင္းကုန္းလမ္းဆုံထိေတာ့ ထီးခ်ိဳင့္ေဈးဆိုင္တန္းေတြနဲ႔ပဲ ဆိုင္ ဖြင့္ၿပီးေတာ့ ေနေနၾကတာေပါ့ဗ်ာ” ဟု ေဒသခံတစ္ဦးက ေျပာသည္။
ထီးခ်ိဳင့္ၿမိဳ႕နယ္အနီးရွိ PDF မ်ားမွာမူ ေက်း႐ြာမ်ားအတြင္း ေဒသခံမ်ားႏွင့္ ေရာေႏွာေနထိုင္ကာ အသက္ဆက္ေနရေၾကာင္းလည္း ၎က ဆက္ေျပာသည္။
“ထီးခ်ိဳင့္ၿမိဳ႕နယ္က PDF ကေတာ့ ထီးခ်ိဳင့္ၿမိဳ႕နယ္ထဲကလူေတြနဲ႔ပဲ ေရာေႏွာေန ေနၾကတာေပါ့။ အဲဒီလိုပဲေနေနၾကတာ။ အဲဒီမွာ ေလယာဥ္က်ဲတယ္ဆိုရင္ ျပည္သူက်ဲတယ္ေပါ့။ တပ္ကလည္း အမိအရ သတင္းရလို႔ က်ဲတာေလ။ ရွိတာေတာ့ ရွိတယ္။ ျပည္သူေတြကိုပဲ Cover ယူေနၾကတာေပါ့” ဟု ၎က ေျပာသည္။ ထို႔ျပင္ ၿမိဳ႕အတြင္း ဝင္ေရာက္ခြင့္မရွိေတာ့သည့္ PDF မ်ားသည္ လက္ရွိကာလတြင္ ေငြေၾကး ျပႆနာမ်ားေၾကာင့္ အခ်င္းခ်င္း သေဘာထားကြဲလြဲမႈမ်ားပင္ ရွိေနေၾကာင္းလည္း ၎ကဆိုသည္။
“သူတို႔အခ်င္းခ်င္းကလည္း သေဘာထား ကြဲလြဲမႈေတြေတာ္ေတာ္မ်ားတယ္။ အဲဒီမွာ ေငြေရး ေၾကးေရးေတြ မေျပလည္လို႔ သူတို႔အခ်င္းခ်င္းေတာင္မွ အဲဒီမွာတခ်ိဳ႕ဆို မခံခ်င္တဲ့ေကာင္ေတြရွိတာေပါ့။ အဲဒီမွာ စာရင္းရွင္းဖို႔လုပ္ေတာ့ ဒီေကာင္ကိုလိုက္ၿပီးေတာ့ ျပႆနာရွာၿပီး အစေဖ်ာက္မယ္ႀကံတာေတြရွိ ေတာ့ ထြက္ေျပးရတယ္လို႔ သတင္းေတြလည္းၾကားတယ္” ဟု ၎ကဆက္ေျပာသည္။
ထီးခ်ိဳင့္ၿမိဳ႕တိုက္ပြဲကို PDF မ်ားက KIA အားကိုးျဖင့္တိုက္ခဲ့ျခင္းျဖစ္ေသာ္လည္း စစ္ေျမျပင္တြင္ PDF အဖြဲ႕ဝင္မ်ားစြာ ေသဆုံးခဲ့ရေၾကာင္း အထက္ပါ သတင္းရင္းျမစ္ကဆိုသည္။
“သူတို႔ကလည္း အဓိကဘာကို Cover ယူရလဲဆိုေတာ့ KIA ေတြ TNLA တို႔ယူရတယ္။ သူတို႔ လည္း ျပန္ဆုတ္သြားၿပီဆိုေတာ့ အဲဒီမွာ သူတို႔ေတြကေတာ့ ဘာမွမျဖစ္ဘူးေပါေလ။ အဲဒီေလာက္ ဇ မရွိ ဘူး။ မလုပ္ရဲဘူးေပါ့ေလ။ ၿပီးေတာ့ ဗန္းေမာ္ေလ။ ထီးခ်ိဳင့္ဘက္ကတက္သြားတာေပါ့။ ထီးခ်ိဳင့္တို႔ သပိတ္ က်င္းတို႔ဘက္က PDF ေတြက အဲဒီဘက္မွာလည္းေတာ္ေတာ္က်တယ္။ အဲဒီမွာ ထီးခ်ိဳင့္ၿမိဳ႕ခံ PDF ေတြ ေရာ လူငယ္ေတြ ေတာ္ေတာ္ ေသတယ္လို႔ေျပာတယ္။ သူတို႔မထိန္းႏိုင္ဘူး” ဟု အထက္ပါ သတင္းရင္း ျမစ္က ေျပာသည္။

Related news

© 2021. All rights reserved.