အပြုံးမျက်နှာ လ ကို စင်ကာပူမှာ ဝမ်းနည်းမျက်နှာနဲ့မြင်တွေ့ရ

 1666

ရောင်နီ (NP News) - ဧပြီ ၂၈

လကို အပြုံးမျက်နှာနဲ့ မြင်တွေ့ရမယ်လို့ နက္ခတ္တပညာရှင်တွေပြောကြတဲ့ ဧပြီလ ၂၅ ရက် အစောပိုင်းမှာ ကမ္ဘာ နေရာအများအပြားက အခြားနိုင်ငံတွေမှာ အပြုံးမျက်နှာ လပုံစံ မြင်တွေ့ခဲ့ရပေမယ့် စင်ကာပူမှာကတော့ လ ကို ဝမ်းနည်းနေတဲ့ မျက်နှာအဖြစ် မြင်တွေ့လိုက်ရပါတယ်။

လဆုတ်ရက်ရဲ့လခြမ်းဟာ ညကောင်းကင်မှာ ဗီးနပ်စ်၊ စနေဂြိုဟ်တို့နဲ့ နီးကပ်စွာ ရှိနေတဲ့အတွက် အပြုံးမျက်နှာ အဖြစ် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ အထူးသဖြင့် အနောက်ကမ္ဘာခြမ်းတစ်ခွင် ဒေသများစွာမှာ အဆိုပါ ပြုံးနေတဲ့ မျက်နှာနဲ့ တူတဲ့ လ ကို မြင်တွေ့ကြရပါတယ်။ ဒါပေမယ့် မတူညီတဲ့ ရှုထောင့်ကြောင့် စင်ကာပူနိုင်ငံမှာကတော့ လ ကို ဝမ်းနည်းနေတဲ့ မျက်နှာအဖြစ် မြင်တွေ့လိုက်ရတယ်လို့ သိရပါတယ်။ Cloudspotting and Skyspotting Singapore Facebook group မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Heart Panopio ရဲ့ပြောကြားချက်အရ သူမဟာ အပြုံးမျက်နှာနဲ့တူတဲ့ လခြမ်းပုံသဏ္ဍာန်ကို မျှော်လင့်ပြီး နံနက် ၅ နာရီ ထပြီး လ ကို ကြည့်ခဲ့ပေမယ့် အပြုံးမျက်နှာ လ အစား ဝမ်းနည်းနေတဲ့ မျက်နှာနဲ့ နှုတ်ဆက်နေတဲ့ လ ကိုသာ မြင်တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။
The Weather Network ရဲ့အဆိုအရ ညနေ ၅ နာရီ ၃၀ မိနစ် SGT အချိန်၊ နေရာအနှံ့အပြားမှာ ကောင်းကင် ယံမှ အပြုံးမျက်နှာနဲ့ လ ကို မြင်တွေ့ရမယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
အၿပဳံးမ်က္ႏွာ လ ကို စင္ကာပူမွာ ဝမ္းနည္းမ်က္ႏွာနဲ႔ျမင္ေတြ႕ရ
ေရာင္နီ (NP News) - ဧၿပီ ၂၈

လကို အၿပဳံးမ်က္ႏွာနဲ႔ ျမင္ေတြ႕ရမယ္လို႔ နကၡတၱပညာရွင္ေတြေျပာၾကတဲ့ ဧၿပီလ ၂၅ ရက္ အေစာပိုင္းမွာ ကမာၻ ေနရာအမ်ားအျပားက အျခားႏိုင္ငံေတြမွာ အၿပဳံးမ်က္ႏွာ လပုံစံ ျမင္ေတြ႕ခဲ့ရေပမယ့္ စင္ကာပူမွာကေတာ့ လ ကို ဝမ္းနည္းေနတဲ့ မ်က္ႏွာအျဖစ္ ျမင္ေတြ႕လိုက္ရပါတယ္။

လဆုတ္ရက္ရဲ႕လျခမ္းဟာ ညေကာင္းကင္မွာ ဗီးနပ္စ္၊ စေနၿဂိဳဟ္တို႔နဲ႔ နီးကပ္စြာ ရွိေနတဲ့အတြက္ အၿပဳံးမ်က္ႏွာ အျဖစ္ ျဖစ္ေပၚလာျခင္းျဖစ္ပါတယ္။ အထူးသျဖင့္ အေနာက္ကမာၻျခမ္းတစ္ခြင္ ေဒသမ်ားစြာမွာ အဆိုပါ ၿပဳံးေနတဲ့ မ်က္ႏွာနဲ႔ တူတဲ့ လ ကို ျမင္ေတြ႕ၾကရပါတယ္။ ဒါေပမယ့္ မတူညီတဲ့ ရႈေထာင့္ေၾကာင့္ စင္ကာပူႏိုင္ငံမွာကေတာ့ လ ကို ဝမ္းနည္းေနတဲ့ မ်က္ႏွာအျဖစ္ ျမင္ေတြ႕လိုက္ရတယ္လို႔ သိရပါတယ္။ Cloudspotting and Skyspotting Singapore Facebook group မွ အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ Heart Panopio ရဲ႕ေျပာၾကားခ်က္အရ သူမဟာ အၿပဳံးမ်က္ႏွာနဲ႔တူတဲ့ လျခမ္းပုံသ႑ာန္ကို ေမွ်ာ္လင့္ၿပီး နံနက္ ၅ နာရီ ထၿပီး လ ကို ၾကည့္ခဲ့ေပမယ့္ အၿပဳံးမ်က္ႏွာ လ အစား ဝမ္းနည္းေနတဲ့ မ်က္ႏွာနဲ႔ ႏႈတ္ဆက္ေနတဲ့ လ ကိုသာ ျမင္ေတြ႕လိုက္ရတယ္လို႔ ဆိုပါတယ္။
The Weather Network ရဲ႕အဆိုအရ ညေန ၅ နာရီ ၃၀ မိနစ္ SGT အခ်ိန္၊ ေနရာအႏွံ႔အျပားမွာ ေကာင္းကင္ ယံမွ အၿပဳံးမ်က္ႏွာနဲ႔ လ ကို ျမင္ေတြ႕ရမယ္လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.