Maroon 5 နဲ့ Blackpink အဖွဲ့ဝင် လီဆာရဲ့သီချင်းသစ် မကြာခင် ထွက်ရှိမည်

 157

ရောင်နီ (NP News) - ဧပြီ ၂၈

Maroon 5 နဲ့ Blackpink ရဲ့အဖွဲ့ဝင် လီဆာရဲ့သီချင်းသစ် ဧပြီ လကုန်ပိုင်းမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။
ဒီအကြောင်းကို အနုပညာရှင် နှစ်ဦးစလုံးရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ အရိပ်အမြွက် ဖော်ပြချက်တွေ အရ သိရပါတယ်။ ဆိုရှယ်မီဒီယာမှာ Maroon 5 ရဲ့ lead singer အဒမ်လက်ဗင်း နဲ့ ကင်မရာကို ကျောခိုင်းထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ပုံကို Instagram မှာ (ဧပြီ ၂၃ ရက်) က တင်ခဲ့ပါတယ်။
လီဆာ ကလည်း နောက်တစ်နေ့ Story video မှာ လက်ဗင်း သီဆိုထားတဲ့ သီချင်းအပိုင်းတစ်ခုကိုဖြတ်ပြီး အမြည်း အနေနဲ့တင်ထားတာတွေ့ရပါတယ်။ သီချင်းနာမည်ကတော့ "Priceless" ဖြစ်ပြီး သီချင်းအတွက် ရိုက်ကူးမှုပုံရိပ် ကိုလည်း Maroon 5 က Instagram မှာ (ဧပြီ ၂၆ ရက်) က ထပ်ပြီး ပိုစ့်တင်ခဲ့တာတွေ့ရပါတယ်။
ဒါဟာ လီဆာအတွက် ယခုနှစ် Coachella မှာ အောင်မြင်ခဲ့တဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲပြီးတဲ့နောက် ပထမဆုံး ထွက်ရှိမယ့် တေးသီချင်းသစ်လည်းဖြစ်ပါတယ်။

Zawgyi Version:
Maroon 5 နဲ႔ Blackpink အဖြဲ႕ဝင္ လီဆာရဲ႕သီခ်င္းသစ္ မၾကာခင္ ထြက္ရွိမည္
ေရာင္နီ (NP News) - ဧၿပီ ၂၈

Maroon 5 နဲ႔ Blackpink ရဲ႕အဖြဲ႕ဝင္ လီဆာရဲ႕သီခ်င္းသစ္ ဧၿပီ လကုန္ပိုင္းမွာ ထြက္ရွိလာမယ္လို႔ သိရပါတယ္။
ဒီအေၾကာင္းကို အႏုပညာရွင္ ႏွစ္ဦးစလုံးရဲ႕ ဆိုရွယ္မီဒီယာအေကာင့္ေတြမွာ အရိပ္အႁမြက္ ေဖာ္ျပခ်က္ေတြ အရ သိရပါတယ္။ ဆိုရွယ္မီဒီယာမွာ Maroon 5 ရဲ႕ lead singer အဒမ္လက္ဗင္း နဲ႔ ကင္မရာကို ေက်ာခိုင္းထားတဲ့ အမ်ိဳးသမီးတစ္ဦးရဲ႕ပုံကို Instagram မွာ (ဧၿပီ ၂၃ ရက္) က တင္ခဲ့ပါတယ္။
လီဆာ ကလည္း ေနာက္တစ္ေန႔ Story video မွာ လက္ဗင္း သီဆိုထားတဲ့ သီခ်င္းအပိုင္းတစ္ခုကိုျဖတ္ၿပီး အျမည္း အေနနဲ႔တင္ထားတာေတြ႕ရပါတယ္။ သီခ်င္းနာမည္ကေတာ့ "Priceless" ျဖစ္ၿပီး သီခ်င္းအတြက္ ႐ိုက္ကူးမႈပုံရိပ္ ကိုလည္း Maroon 5 က Instagram မွာ (ဧၿပီ ၂၆ ရက္) က ထပ္ၿပီး ပိုစ့္တင္ခဲ့တာေတြ႕ရပါတယ္။
ဒါဟာ လီဆာအတြက္ ယခုႏွစ္ Coachella မွာ ေအာင္ျမင္ခဲ့တဲ့ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲၿပီးတဲ့ေနာက္ ပထမဆုံး ထြက္ရွိမယ့္ ေတးသီခ်င္းသစ္လည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.