“နှစ်သစ်ကူးနဲ့အတူထွက်ပေါ်လာတဲ့ အနုပညာလောကထဲက စိတ်ဝင်စားဖွယ်သတင်း”

 91

အိဖြူ (NP News) - ဧပြီ ၂၈

NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဧပြီလ နောက်ဆုံးပတ်အတွင်း အနုပညာအသိုင်းအဝိုင်းထဲက ထွက်ပေါ်လာတဲ့သတင်းများစွာထဲကမှ “ဦးမောင်မောင်မြင့်ရဲ့ ကျန်းမာရေးအခြေအနေ၊ ပိုင်တံခွန်နဲ့ ရှင်ဘုန်းပြည့် တို့ နှိုင်းယှဉ်ခံရမှု၊ နှစ်သစ်ကူးလွတ်ငြိမ်းထဲတွင် ပါဝင်ခဲ့ကြသူများ” အစရှိတဲ့ သတင်းတွေကို ဖော်ပြပေးသွားပါမယ်။

ဇရာကို အံတုရင်း ဘဝနေဝင်ချိန်အတွက် ပြင်ဆင်နေရပြီဖြစ်တဲ့ သရုပ်ဆောင်ဒါရိုက်တာ ဦးမောင်မောင်မြင့်
အသက် (၉၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးမောင်မောင်မြင့်က ဇရာကို အံတုရင်း အသက်ရှင်သန်နိုင်ဖို့အတွက် ကြိုးစား ရုန်းကန်နေရပြီဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပလက်ဖောင်းထက် ပျံ့နှံ့လာတဲ့ရုပ်သံမြင်ကွင်းအရ “ အိပ်ရာထဲမှာ လဲလျောင်းနေရတဲ့ ဦးမောင်မောင်မြင့် အစာဝင်ဖို့အတွက် မိသားစုဝင်တစ်ဦးက ခွံ့ကျွေးနေရတာပါ။ အဆိုပါ ဗီဒီယိုထဲမှာပါဝင်နေတဲ့ အမျိုးသမီးက အစာခွံ့ကျွေးနေရင်းက ကျလာတဲ့မျက်ရည်တွေကို သုတ် ပြီး ဆက်ခွံ့နေတာတွေ့ရပါတယ်။ အသက် (၉၃) နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင် ဦးမောင်မောင် မြင့်ကို မိသားစုဝင်တစ်ဦးက ကြည့်ရှုစောင့်ရှောက်ရင်း စိတ်မကောင်းခြင်းများစွာ မျက်ရည်ကျလျက် ပြုစု စောင့်ရှောက်နေပုံကို တွေ့မြင်ခဲ့ရပါတယ်” ဦးမောင်မောင်မြင့်က အနုပညာလောကမှာ သရုပ်ဆောင်ပိုင်း၊ ဒါရိုက်တာ ပိုင်းတွေအပြင် ကဗျာဆရာတစ်ယောက်အဖြစ် ပရိသတ်တွေက သိရှိခဲ့ပြီး၊ မင်းသားပြေငြိမ်းရဲ့ ဖခင်လည်းဖြစ်ပါတယ်။
အဲဒီရုပ်သံကို ကြည့်ရှုမိသူတိုင်းက “အသက် (၉၃) နှစ်အရွယ်အရ ကြုံတွေ့လာတဲ့ ခန္ဓာ ဝေဒနာ တွေကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း၊ လူသားတစ်ဦးရဲ့ဘဝနေဝင်ချိန်ကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ အ သက် (၉၀) ကျော်အထိ ရှိနေခြင်းက ကံကောင်းခြင်း တစ်မျိုးလည်းဖြစ်ကြောင်း၊ ဇရာကို အံတုရင်း အသက်ရှင်နိုင်ဖို့ကြိုးစားနေတဲ့ ဦးမောင်မောင်မြင့်ရဲ့ အားထုတ်မှုကို မြင်တွေ့ရခြင်းကလည်း အနုပညာ ချစ်ပြည်သူတွေအတွက် စိတ်နှလုံးမခိုင်အောင်ဖြစ်ရကြောင်း” မှတ်ချက်ပြု ဆုတောင်းပေးထားကြပါ တယ်။
လူရွှင်တော် သရုပ်ဆောင် ငှက်ပျောကြော်က “နောက်နှစ် ရုပ်ရှင်တစ်သက်တာဆု ပေးမယ်ဆိုရင် အသက် (၉၂) နှစ်အရွယ် ရုပ်ရှင်ဒါရိုက်တာနဲ့ သရုပ်ဆောင်ဦးမောင်မောင်မြင့်ကို ပေးစေချင်ကြောင်း” အကြံပြုထားပါတယ်။ ၎င်းက (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ (၂၀၂၄) ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအပြီးမှာလည်း “ပြေငြိမ်းအဖေ ဒါရိုက်တာမောင်မောင်မြင့်ကို ပလစ်ထားကြတာ သိပ် သိသာ၊ ကြည့်မကောင်းဘူးနော်” ဆိုတဲ့ စာသားပိုစ့်တင်ကာ ထောက်ပြပြောဆိုခဲ့ဖူးပါတယ်။ ငှက်ပျော ကြော်ရဲ့ထောက်ပြခဲ့မှုတွေက မှန်ကန်မှုရှိနေကြောင်း လူအများစုက ထောက်ခံခဲ့ကြပါတယ်။ မျက်နှာ ကြီးရာ ဟင်းဖတ်ပါ ဆိုတဲ့စကားအတိုင်း အနုပညာလောက အတွင်းမှာလည်း မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်မှုတွေမှာ အနုပညာသမားတစ်ဦးချင်းစီရဲ့ဖြတ်သန်းလာတဲ့ အနုပညာသမ္ဘာဝါ၊ အနုပညာအတွေ့အကြုံကို အခြေခံစဉ်းစားခြင်းထက် ဆုံးဖြတ်လုပ်ပိုင်ခွင့်ရှိသူတွေအနေနဲ့ မိမိတို့နဲ့လက်သင့်ရာ လူပုဂ္ဂိုလ်တွေကိုသာ ပေးအပ်ချီးမြှင့်လျက်ရှိကြောင်း ထောက်ပြလျက်ရှိပြီး၊ အမှန်တကယ် အရည်အချင်းရှိသူများ အတွက် များစွာ နစ်နာလျက်ရှိကြောင်း ဆိုကြပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတော်အတွက် အထောက် အကူပြုခဲ့တဲ့ ဝါရင့်အနုပညာရှင်ကြီးတွေ၊ နိုင်ငံတော်အတွက် သစ္စာရှိအထောက်အကူပြုလျက်ရှိတဲ့ အနုပညာရှင်တွေအတွက်လည်း ဦးစားပေးထည့်သွင်း စဉ်းစားသင့်ကြောင်း အကြံပြုထားကြပါတယ်။

အဆိုတော်မယ်လိုဒီခေါင် လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာ
မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရထုတ်ပြန်ခဲ့တဲ့ လွတ် ငြိမ်း ချမ်းသာစာရင်းထဲ အဆိုတော်မယ်လိုဒီခေါင်လည်းပါဝင်ခဲ့ပြီး ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ The X-Factor Myanmar Season-2 ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့တဲ့ အဆိုတော်မယ်လိုဒီခေါင်က အသက် (၁၆) နှစ်အရွယ်နဲ့ Single Mother အဖြစ်ခံယူ နေထိုင်ခဲ့သူဖြစ်ပြီး သားတစ်ဦးပိုင်ဆိုင်ထားပါတယ်။ သူ့အနေနဲ့ (၂၀၂၁) ခုနှစ် နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲတွေအပေါ် ဆန္ဒထုတ်ဖော်ရာမှ ဆန္ဒပြမှုတွေ မှာပါ ပါဝင်ခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်အားပေးမှုဥပဒေပုဒ်မနဲ့ငြိစွန်းခဲ့တာကြောင့် (၂၀၂၂) ခုနှစ်က ဖမ်းဆီးထိန်းသိမ်း အရေးယူခံခဲ့ရတာဖြစ်ပါတယ်။ မိသားစုဝင်တွေအနေနဲ့ သူပြန်လွတ်ဖို့ကို နေ့စဉ် သတင်း စကားစောင့်မျှော်ခဲ့ရာ (၂) နှစ်ခွဲကျော်အထိ စောင့်ဆိုင်းခဲ့ကြရပြီး၊ အခု (၂၀၂၅) ခုနှစ် ဧပြီလ နှစ်ဆန်း တစ်ရက်နေ့မှာတော့ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လည်လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။
“မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မယ်လိုဒီခေါင် လွတ်လာခဲ့ပါတယ်ဆိုတဲ့အကြောင်း သတင်း ကောင်း ပါးအပ်ပါတယ်။ အနှစ်နှစ်အလလ ဆုတောင်းသတိရပေးခဲ့ကြသော ဆွေမျိုးများ၊ မိတ်ဆွေ၊ ဆရာ၊ ဆရာမများအားလုံးကို အထူးကျေးဇူးတင်ကြောင်း ဖော်ပြလိုပါတယ်” လို့ အဆိုတော် မယ်လိုဒီ ခေါင်ရဲ့မိသားစုအသိုင်းအဝိုင်းထံမှ သိရပါတယ်။ မယ်လိုဒီခေါင်က လက်ရှိမှာတော့ အနုပညာအလုပ်နဲ့ စီးပွားရေးအလုပ်ကို ဆက်လက်လုပ်ကိုင်ဖို့အတွက် ပြင်ဆင်လျက်ရှိပြီး၊ သူ့ရဲ့မိတ်ဆွေပရိသတ်တွေကို တရားဝင်အသိပေးကြေညာသွားမှာဖြစ်ကြောင်း ဆိုပါတယ်။
မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနှစ်သစ် အခါသမယ အထိမ်းအမှတ်အနေနဲ့လည်းကောင်း၊ နိုင်ငံတော်ရဲ့တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက် နိုင်စေဖိုလည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနဲ့ လူမှုရေးအရ ငဲ့ညှာတဲ့အနေနဲ့ အကျဉ်း ထောင်/အချုပ်ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား/အကျဉ်းသူ (၄၈၉၃) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တာဖြစ်ပါတယ်။ တည်ဆဲအစိုးရရဲ့လွတ်ငြိမ်းချမ်းသာစာရင်းထဲမှာတော့ အကယ်ဒမီနန္ဒာလှိုင်ရဲ့အမျိုးသား ဦးဇေသီဟ ပါဝင်ခဲ့ပေမယ့် အကယ်ဒမီခိုင်သင်းကြည်ရဲ့အမျိုးသား ဦးခန့်နိုင်၊ အဆိုတော်ဗျူဟာ၊ သရုပ်ဆောင် ရဲတိုက်၊ နန်းမွေ့စံတို့ကတော့ ပါဝင်ခဲ့ခြင်းမရှိသေးဘဲ ပြစ် ဒဏ်ဆက်လက် ခံယူနေရဆဲပင်ဖြစ်ပါတယ်။

ပုဒ်မ( ၃) ခုထက်မနည်းနဲ့ တရားစွဲဆို ခံရနိုင်ခြေရှိနေတဲ့ ရှင်ဘုန်းပြည့်
သရုပ်ဆောင် ရှင်ဘုန်းပြည့်ဟာ အတူနေခဲ့တဲ့ ချစ်သူကောင်မလေးအပေါ် လျစ်လျူရှု စော်ကား ပြောဆိုခဲ့မှုတွေကြောင့် လူအများရဲ့ဝေဖနပြစ်တင်ခြင်းကို ခံနေရပါတယ်။ ရှင်ဘုန်းပြည့်လို့ ဆိုလိုက်ရင် မသိသူများပြားပေမယ့် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ရဲ့ညီအဖြစ် နာမည်ဂုဏ်ပုဒ် တွဲလိုက်မှုကြောင့် လူအများရဲ့စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့ခြင်းဖြစ်ပါတယ်။ ရှင်ဘုန်းပြည့်ရဲ့ရည်းစားဖြစ်သူ ခင်မင်းခက “ရှင်ဘုန်းပြည့် မိသားစုနဲ့ပြဿနာတက်ကာ နေအိမ်ပေါ်က ဆင်းလာပြီးနောက် အတူတူနေထိုင်ကြရာ နေဖို့ အိမ်၊ သုံးဖို့ ငွေကြေး အစစအရာရာ ကုန်ကျစရိတ်တွေကို ၎င်းက စိုက်ထုတ်ထားခဲ့ရကြောင်း၊ အတူ နေစဉ် ရှင်ဘုန်းပြည့်က တခြားအမျိုးသမီးတွေနဲ့လည်း ပတ်သက်မှုတွေရှိခဲ့ကြောင်း၊ မူးယစ်ဆေးသုံးစွဲဖို့ အတွက်လည်း ငွေထုတ်ပေးခဲ့ရကြောင်း၊ ပိုက်ဆံက ချေးပေးခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ၎င်းကို မသိ ကျိုးကျွံပြုကာ သစ္စာဖောက် ထားရစ်ခဲ့ကြောင်း” ကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။
အွန်လိုင်းပေ့ချ်တွေရဲ့သတင်းဖော်ပြမှုတွေမှာတော့ ကာယကံရှင် ရှင်ဘုန်းပြည့်ဆိုတာထက် ပိုင်တံခွန် ညီအဖြစ်သာ နာမ်စားသုံးကာ ဖော်ပြနေကြခြင်းမျိုးဖြစ်ပြီး အွန်လိုင်းအသုံးပြုသူတွေရဲ့ မှတ် ချက်တွေအရ “အစ်ကိုဖြစ်သူနဲ့ ညီဖြစ်သူက အကျင့်စရိုက် စိတ်နေစိတ်ထား ကွာခြားလွန်းကြောင်း၊ အစ်ကို ဖြစ်သူ ပိုင်တံခွန်က အမျိုးသမီးတစ်ဦးအပေါ် ကတိသစ္စာတည်မြဲသလောက် ညီဖြစ်သူက အမျိုးသမီး များကို တန်ဖိုးမထားတတ်သူဖြစ်ကြောင်း၊ ဒါ့ကြောင့်လည်း အောင်မြင်မှု မရရှိတာဖြစ် ကြောင်း” အစရှိတဲ့ မှတ်ချက်စကားများစွာနဲ့ နှိုင်းယှဉ်ပြောဆိုလျက်ရှိကြပါတယ်။ ရှင်ဘုန်းပြည့်က “အခုလက်ရှိ ဖြစ်ခဲ့တဲ့ ပြဿနာအားလုံးက ကျွန်တော်ဆိုးလို့ဖြစ်ခဲ့တာဖြစ်တဲ့အတွက် ကျွန်တော် တစ်ယောက်တည်းနဲ့ပဲဆိုင်တဲ့ပြဿနာပါ။ သူနဲ့တွဲနေတာ ကျွန်တော့်မိသားစု ညီအစ်ကိုမောင်နှမ ဘယ် သူမှ မသိပါဘူး။ ဒါအမှန်တရားပါပဲ။ ဒါကို သူလည်း သိပါတယ်” လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ “အခု ကိစ္စမှာ ကျွန်တော်မှားခဲ့တာ ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီကမှ ပိုင်းလုံး လုပ် ခဲ့တာ မရှိပါဘူး။ လူငယ်သဘာဝအရ ချစ်သူဖြစ်ကြတယ်။ တွဲကြတယ်။ ရှိအတူ/မရှိအတူနဲ့ နေခဲ့ကြ တယ်။ ကျွန်တော် သူ့စေတနာကိုလည်း မစော်ကားပါဘူး။ ကျွန်တော်တို့ကြောင့် စိတ်အနှောင့်ယှက်ဖြစ်ခဲ့ ရတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း အနူးအညွတ်တောင်းပန်ပါတယ်” လို့ဆိုထားပါတယ်။ ရှင်ဘုန်း ပြည့်အနေနဲ့ ခင်မင်းခကိုပေးဖို့ရှိတဲ့ငွေပမာဏကို (၁၇-၄-၂၀၂၅) ရက်မှာ လာရောက်ပေးမယ်လို့ ကတိ ပြုခဲ့ပေမယ့် လာရောက်ပေးခဲ့ခြင်းမရှိကြောင်း၊ ဒါကြောင့် ဧပြီလ (၂၃) ရက်မှာတော့ ခင်မင်းခက “မြန်မာ နှစ်ဆန်း (၁) ရက် (၁၇-၄-၂၀၂၅) တွင် သူ ကိုယ်တိုင် (၃) ရက်အတွင်း လာပေးပါမည်ဟု ကတိခံထား သောငွေများကို ယခုချိန်ထိ လာပေးခဲ့ခြင်းမရှိသေးပါ။ မနေ့ညကလည်း (၂၃) ရက် မနက်လာပေးပါ မည်ဟု ထပ်မံကတိပေးခဲ့ပါသည်။ ယနေ့နောက်ဆုံးထား၍ ဆက်သွယ်ပေးဆောင်ခဲ့ခြင်းမရှိပါက ပြစ်မှုဆိုင်ရာဥပဒေအရ တရားဥပဒေနှင့်အညီ တရားဆွဲဆိုသွားမည် ဖြစ်ပါကြောင်း” ရှင်ဘုန်းပြည့်ကို သတိပေးစကားပြောဆိုထားတာကို တွေ့ရပါတယ်။ ကာမလိမ်လည်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ငွေကြေးလိမ်လည်မှု၊ ခြိမ်းခြောက် ပြောဆိုမှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ(၆၆/ဃ) အစရှိတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုနိုင်တဲ့အနေအထားမှာ ရှိနေပြီး၊ နှစ်ဦးသား ပြေလည်အောင် မညှိနှိုင်းကြ ပါက တရားရုံးထိ ရောက်ရှိသွားနိုင်ပါတယ်။
ဧပြီလ ၂၆ ရက်မှာတော့ ခင်မင်းခ ဘက်က နှစ်ဖက်မိဘတွေရဲ့နားကြားဖြောင့်ဖျမှုကြောင့် ပြေလည်သွားပြီဖြစ် ကြောင်း ပြန်လည်သွားပြီဖြစ်ကြောင်း အသိပေးခဲ့မှုလည်း ရှိခဲ့ပြန်ပါတယ်။
၎င်းတို့ဖြစ်စဉ်အရ သမီးရည်းစား ပြဿနာတစ်ခုတည်း မဟုတ်ခဲ့ဘဲ ငွေကြေးအရှုပ်အရှင်းကိစ္စများပါ ပါဝင်ခဲ့ပြီး၊ လက်မထပ်ခင် နှစ်ဦးသဘောတူ အတူနေထိုင်မှု ရဲ့ဆိုးကျိုးတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။ မြန်မာနိုင်ငံမှာ လက်မထပ်ခင် သမီးရည်းစားအတူနေထိုင်မှုကို ရှေးလူကြီးသူမတွေက လက်မခံကြပေမယ့် ခေတ်လူငယ်တွေကြားမှာ အနောက်တိုင်းနိုင်ငံတွေရဲ့ ဓလေ့ အကျင့်စရိုက်တွေလွှမ်းမိုးမှုက ကြီးထွားလာတာကြောင့် လက်မထပ်ခင် အတူနေထိုင်ခြင်းကို သာမန် ကိစ္စ တစ်ခုအဖြစ် သတ်မှတ်လာကြပြီး၊ နှစ်ဦးကြား ပြဿနာဖြစ်ပေါ်လာမှသာ လူသိရှင်ကြား အသံထွက် လာကြခြင်းပင်ဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“ႏွစ္သစ္ကူးနဲ႔အတူထြက္ေပၚလာတဲ့ အႏုပညာေလာကထဲက စိတ္ဝင္စားဖြယ္သတင္း”
အိျဖဴ (NP News) - ဧၿပီ ၂၈

NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဧၿပီလ ေနာက္ဆုံးပတ္အတြင္း အႏုပညာအသိုင္းအဝိုင္းထဲက ထြက္ေပၚလာတဲ့သတင္းမ်ားစြာထဲကမွ “ဦးေမာင္ေမာင္ျမင့္ရဲ႕ က်န္းမာေရးအေျခအေန၊ ပိုင္တံခြန္နဲ႔ ရွင္ဘုန္းျပည့္ တို႔ ႏႈိင္းယွဥ္ခံရမႈ၊ ႏွစ္သစ္ကူးလြတ္ၿငိမ္းထဲတြင္ ပါဝင္ခဲ့ၾကသူမ်ား” အစရွိတဲ့ သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။

ဇရာကို အံတုရင္း ဘဝေနဝင္ခ်ိန္အတြက္ ျပင္ဆင္ေနရၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္ဒါ႐ိုက္တာ ဦးေမာင္ေမာင္ျမင့္
အသက္ (၉၃) ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဝါရင့္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ ဦးေမာင္ေမာင္ျမင့္က ဇရာကို အံတုရင္း အသက္ရွင္သန္ႏိုင္ဖို႔အတြက္ ႀကိဳးစား ႐ုန္းကန္ေနရၿပီျဖစ္ပါတယ္။
ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ပလက္ေဖာင္းထက္ ပ်ံ႕ႏွံ႔လာတဲ့႐ုပ္သံျမင္ကြင္းအရ “ အိပ္ရာထဲမွာ လဲေလ်ာင္းေနရတဲ့ ဦးေမာင္ေမာင္ျမင့္ အစာဝင္ဖို႔အတြက္ မိသားစုဝင္တစ္ဦးက ခြံ႕ေကြၽးေနရတာပါ။ အဆိုပါ ဗီဒီယိုထဲမွာပါဝင္ေနတဲ့ အမ်ိဳးသမီးက အစာခြံ႕ေကြၽးေနရင္းက က်လာတဲ့မ်က္ရည္ေတြကို သုတ္ ၿပီး ဆက္ခြံ႕ေနတာေတြ႕ရပါတယ္။ အသက္ (၉၃) ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္ ဦးေမာင္ေမာင္ ျမင့္ကို မိသားစုဝင္တစ္ဦးက ၾကည့္ရႈေစာင့္ေရွာက္ရင္း စိတ္မေကာင္းျခင္းမ်ားစြာ မ်က္ရည္က်လ်က္ ျပဳစု ေစာင့္ေရွာက္ေနပုံကို ေတြ႕ျမင္ခဲ့ရပါတယ္” ဦးေမာင္ေမာင္ျမင့္က အႏုပညာေလာကမွာ သ႐ုပ္ေဆာင္ပိုင္း၊ ဒါ႐ိုက္တာ ပိုင္းေတြအျပင္ ကဗ်ာဆရာတစ္ေယာက္အျဖစ္ ပရိသတ္ေတြက သိရွိခဲ့ၿပီး၊ မင္းသားေျပၿငိမ္းရဲ႕ ဖခင္လည္းျဖစ္ပါတယ္။
အဲဒီ႐ုပ္သံကို ၾကည့္ရႈမိသူတိုင္းက “အသက္ (၉၃) ႏွစ္အ႐ြယ္အရ ႀကဳံေတြ႕လာတဲ့ ခႏၶာ ေဝဒနာ ေတြကို ရင္ဆိုင္ေနရၿပီျဖစ္ေၾကာင္း၊ လူသားတစ္ဦးရဲ႕ဘဝေနဝင္ခ်ိန္ကို ေရာက္ရွိေနၿပီျဖစ္ေၾကာင္း၊ အ သက္ (၉၀) ေက်ာ္အထိ ရွိေနျခင္းက ကံေကာင္းျခင္း တစ္မ်ိဳးလည္းျဖစ္ေၾကာင္း၊ ဇရာကို အံတုရင္း အသက္ရွင္ႏိုင္ဖို႔ႀကိဳးစားေနတဲ့ ဦးေမာင္ေမာင္ျမင့္ရဲ႕ အားထုတ္မႈကို ျမင္ေတြ႕ရျခင္းကလည္း အႏုပညာ ခ်စ္ျပည္သူေတြအတြက္ စိတ္ႏွလုံးမခိုင္ေအာင္ျဖစ္ရေၾကာင္း” မွတ္ခ်က္ျပဳ ဆုေတာင္းေပးထားၾကပါ တယ္။
လူ႐ႊင္ေတာ္ သ႐ုပ္ေဆာင္ ငွက္ေပ်ာေၾကာ္က “ေနာက္ႏွစ္ ႐ုပ္ရွင္တစ္သက္တာဆု ေပးမယ္ဆိုရင္ အသက္ (၉၂) ႏွစ္အ႐ြယ္ ႐ုပ္ရွင္ဒါ႐ိုက္တာနဲ႔ သ႐ုပ္ေဆာင္ဦးေမာင္ေမာင္ျမင့္ကို ေပးေစခ်င္ေၾကာင္း” အႀကံျပဳထားပါတယ္။ ၎က (၂၀၂၅) ခုႏွစ္ ေဖေဖာ္ဝါရီလက က်င္းပခဲ့တဲ့ (၂၀၂၄) ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအၿပီးမွာလည္း “ေျပၿငိမ္းအေဖ ဒါ႐ိုက္တာေမာင္ေမာင္ျမင့္ကို ပလစ္ထားၾကတာ သိပ္ သိသာ၊ ၾကည့္မေကာင္းဘူးေနာ္” ဆိုတဲ့ စာသားပိုစ့္တင္ကာ ေထာက္ျပေျပာဆိုခဲ့ဖူးပါတယ္။ ငွက္ေပ်ာ ေၾကာ္ရဲ႕ေထာက္ျပခဲ့မႈေတြက မွန္ကန္မႈရွိေနေၾကာင္း လူအမ်ားစုက ေထာက္ခံခဲ့ၾကပါတယ္။ မ်က္ႏွာ ႀကီးရာ ဟင္းဖတ္ပါ ဆိုတဲ့စကားအတိုင္း အႏုပညာေလာက အတြင္းမွာလည္း ျမန္မာ႐ုပ္ရွင္ထူးခြၽန္ဆု ခ်ီးျမႇင့္မႈေတြမွာ အႏုပညာသမားတစ္ဦးခ်င္းစီရဲ႕ျဖတ္သန္းလာတဲ့ အႏုပညာသမာၻဝါ၊ အႏုပညာအေတြ႕အႀကဳံကို အေျခခံစဥ္းစားျခင္းထက္ ဆုံးျဖတ္လုပ္ပိုင္ခြင့္ရွိသူေတြအေနနဲ႔ မိမိတို႔နဲ႔လက္သင့္ရာ လူပုဂၢိဳလ္ေတြကိုသာ ေပးအပ္ခ်ီးျမႇင့္လ်က္ရွိေၾကာင္း ေထာက္ျပလ်က္ရွိၿပီး၊ အမွန္တကယ္ အရည္အခ်င္းရွိသူမ်ား အတြက္ မ်ားစြာ နစ္နာလ်က္ရွိေၾကာင္း ဆိုၾကပါတယ္။ ဒါ့ေၾကာင့္လည္း ႏိုင္ငံေတာ္အတြက္ အေထာက္ အကူျပဳခဲ့တဲ့ ဝါရင့္အႏုပညာရွင္ႀကီးေတြ၊ ႏိုင္ငံေတာ္အတြက္ သစၥာရွိအေထာက္အကူျပဳလ်က္ရွိတဲ့ အႏုပညာရွင္ေတြအတြက္လည္း ဦးစားေပးထည့္သြင္း စဥ္းစားသင့္ေၾကာင္း အႀကံျပဳထားၾကပါတယ္။

အဆိုေတာ္မယ္လိုဒီေခါင္ လြတ္ၿငိမ္းနဲ႔ ျပန္လည္လြတ္ေျမာက္လာ
ျမန္မာ့ႏွစ္ဆန္းတစ္ရက္ေန႔မွာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရထုတ္ျပန္ခဲ့တဲ့ လြတ္ ၿငိမ္း ခ်မ္းသာစာရင္းထဲ အဆိုေတာ္မယ္လိုဒီေခါင္လည္းပါဝင္ခဲ့ၿပီး ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။ The X-Factor Myanmar Season-2 ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္ခဲ့တဲ့ အဆိုေတာ္မယ္လိုဒီေခါင္က အသက္ (၁၆) ႏွစ္အ႐ြယ္နဲ႔ Single Mother အျဖစ္ခံယူ ေနထိုင္ခဲ့သူျဖစ္ၿပီး သားတစ္ဦးပိုင္ဆိုင္ထားပါတယ္။ သူ႔အေနနဲ႔ (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္အေျပာင္းအလဲေတြအေပၚ ဆႏၵထုတ္ေဖာ္ရာမွ ဆႏၵျပမႈေတြ မွာပါ ပါဝင္ခဲ့ၿပီးေနာက္ပိုင္း အၾကမ္းဖက္အားေပးမႈဥပေဒပုဒ္မနဲ႔ၿငိစြန္းခဲ့တာေၾကာင့္ (၂၀၂၂) ခုႏွစ္က ဖမ္းဆီးထိန္းသိမ္း အေရးယူခံခဲ့ရတာျဖစ္ပါတယ္။ မိသားစုဝင္ေတြအေနနဲ႔ သူျပန္လြတ္ဖို႔ကို ေန႔စဥ္ သတင္း စကားေစာင့္ေမွ်ာ္ခဲ့ရာ (၂) ႏွစ္ခြဲေက်ာ္အထိ ေစာင့္ဆိုင္းခဲ့ၾကရၿပီး၊ အခု (၂၀၂၅) ခုႏွစ္ ဧၿပီလ ႏွစ္ဆန္း တစ္ရက္ေန႔မွာေတာ့ လြတ္ၿငိမ္းခ်မ္းသာနဲ႔ ျပန္လည္လြတ္ေျမာက္ခဲ့ၿပီျဖစ္ပါတယ္။
“ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔မွာ မယ္လိုဒီေခါင္ လြတ္လာခဲ့ပါတယ္ဆိုတဲ့အေၾကာင္း သတင္း ေကာင္း ပါးအပ္ပါတယ္။ အႏွစ္ႏွစ္အလလ ဆုေတာင္းသတိရေပးခဲ့ၾကေသာ ေဆြမ်ိဳးမ်ား၊ မိတ္ေဆြ၊ ဆရာ၊ ဆရာမမ်ားအားလုံးကို အထူးေက်းဇူးတင္ေၾကာင္း ေဖာ္ျပလိုပါတယ္” လို႔ အဆိုေတာ္ မယ္လိုဒီ ေခါင္ရဲ႕မိသားစုအသိုင္းအဝိုင္းထံမွ သိရပါတယ္။ မယ္လိုဒီေခါင္က လက္ရွိမွာေတာ့ အႏုပညာအလုပ္နဲ႔ စီးပြားေရးအလုပ္ကို ဆက္လက္လုပ္ကိုင္ဖို႔အတြက္ ျပင္ဆင္လ်က္ရွိၿပီး၊ သူ႔ရဲ႕မိတ္ေဆြပရိသတ္ေတြကို တရားဝင္အသိေပးေၾကညာသြားမွာျဖစ္ေၾကာင္း ဆိုပါတယ္။
ျမန္မာသကၠရာဇ္ (၁၃၈၇) ခုႏွစ္ ျမန္မာ့ႏွစ္ဆန္းတစ္ရက္ေန႔မွာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ျမန္မာႏွစ္သစ္ အခါသမယ အထိမ္းအမွတ္အေနနဲ႔လည္းေကာင္း၊ ႏိုင္ငံေတာ္ရဲ႕တည္ေဆာက္ေရးလုပ္ငန္းေတြမွာ ပါဝင္ေဆာင္႐ြက္ ႏိုင္ေစဖိုလည္းေကာင္း၊ ျပည္သူလူထု ႏွလုံးစိတ္ဝမ္းေအးခ်မ္းေစေရးနဲ႔ လူမႈေရးအရ ငဲ့ညႇာတဲ့အေနနဲ႔ အက်ဥ္း ေထာင္/အခ်ဳပ္ေထာင္အသီးသီးမွာ ျပစ္ဒဏ္က်ခံလ်က္ရွိတဲ့ အက်ဥ္းသား/အက်ဥ္းသူ (၄၈၉၃) ဦးကို လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳခဲ့တာျဖစ္ပါတယ္။ တည္ဆဲအစိုးရရဲ႕လြတ္ၿငိမ္းခ်မ္းသာစာရင္းထဲမွာေတာ့ အကယ္ဒမီနႏၵာလႈိင္ရဲ႕အမ်ိဳးသား ဦးေဇသီဟ ပါဝင္ခဲ့ေပမယ့္ အကယ္ဒမီခိုင္သင္းၾကည္ရဲ႕အမ်ိဳးသား ဦးခန႔္ႏိုင္၊ အဆိုေတာ္ဗ်ဴဟာ၊ သ႐ုပ္ေဆာင္ ရဲတိုက္၊ နန္းေမြ႕စံတို႔ကေတာ့ ပါဝင္ခဲ့ျခင္းမရွိေသးဘဲ ျပစ္ ဒဏ္ဆက္လက္ ခံယူေနရဆဲပင္ျဖစ္ပါတယ္။

ပုဒ္မ( ၃) ခုထက္မနည္းနဲ႔ တရားစြဲဆို ခံရႏိုင္ေျခရွိေနတဲ့ ရွင္ဘုန္းျပည့္
သ႐ုပ္ေဆာင္ ရွင္ဘုန္းျပည့္ဟာ အတူေနခဲ့တဲ့ ခ်စ္သူေကာင္မေလးအေပၚ လ်စ္လ်ဴရႈ ေစာ္ကား ေျပာဆိုခဲ့မႈေတြေၾကာင့္ လူအမ်ားရဲ႕ေဝဖနျပစ္တင္ျခင္းကို ခံေနရပါတယ္။ ရွင္ဘုန္းျပည့္လို႔ ဆိုလိုက္ရင္ မသိသူမ်ားျပားေပမယ့္ ေမာ္ဒယ္သ႐ုပ္ေဆာင္ ပိုင္တံခြန္ရဲ႕ညီအျဖစ္ နာမည္ဂုဏ္ပုဒ္ တြဲလိုက္မႈေၾကာင့္ လူအမ်ားရဲ႕စိတ္ဝင္စားမႈကို ျမင့္တက္ေစခဲ့ျခင္းျဖစ္ပါတယ္။ ရွင္ဘုန္းျပည့္ရဲ႕ရည္းစားျဖစ္သူ ခင္မင္းခက “ရွင္ဘုန္းျပည့္ မိသားစုနဲ႔ျပႆနာတက္ကာ ေနအိမ္ေပၚက ဆင္းလာၿပီးေနာက္ အတူတူေနထိုင္ၾကရာ ေနဖို႔ အိမ္၊ သုံးဖို႔ ေငြေၾကး အစစအရာရာ ကုန္က်စရိတ္ေတြကို ၎က စိုက္ထုတ္ထားခဲ့ရေၾကာင္း၊ အတူ ေနစဥ္ ရွင္ဘုန္းျပည့္က တျခားအမ်ိဳးသမီးေတြနဲ႔လည္း ပတ္သက္မႈေတြရွိခဲ့ေၾကာင္း၊ မူးယစ္ေဆးသုံးစြဲဖို႔ အတြက္လည္း ေငြထုတ္ေပးခဲ့ရေၾကာင္း၊ ပိုက္ဆံက ေခ်းေပးခဲ့ျခင္းသာ ျဖစ္ေၾကာင္း၊ ၎ကို မသိ က်ိဳးကြၽံျပဳကာ သစၥာေဖာက္ ထားရစ္ခဲ့ေၾကာင္း” ကို ထုတ္ေဖာ္ေျပာဆိုခဲ့တာပါ။
အြန္လိုင္းေပ့ခ်္ေတြရဲ႕သတင္းေဖာ္ျပမႈေတြမွာေတာ့ ကာယကံရွင္ ရွင္ဘုန္းျပည့္ဆိုတာထက္ ပိုင္တံခြန္ ညီအျဖစ္သာ နာမ္စားသုံးကာ ေဖာ္ျပေနၾကျခင္းမ်ိဳးျဖစ္ၿပီး အြန္လိုင္းအသုံးျပဳသူေတြရဲ႕ မွတ္ ခ်က္ေတြအရ “အစ္ကိုျဖစ္သူနဲ႔ ညီျဖစ္သူက အက်င့္စ႐ိုက္ စိတ္ေနစိတ္ထား ကြာျခားလြန္းေၾကာင္း၊ အစ္ကို ျဖစ္သူ ပိုင္တံခြန္က အမ်ိဳးသမီးတစ္ဦးအေပၚ ကတိသစၥာတည္ၿမဲသေလာက္ ညီျဖစ္သူက အမ်ိဳးသမီး မ်ားကို တန္ဖိုးမထားတတ္သူျဖစ္ေၾကာင္း၊ ဒါ့ေၾကာင့္လည္း ေအာင္ျမင္မႈ မရရွိတာျဖစ္ ေၾကာင္း” အစရွိတဲ့ မွတ္ခ်က္စကားမ်ားစြာနဲ႔ ႏႈိင္းယွဥ္ေျပာဆိုလ်က္ရွိၾကပါတယ္။ ရွင္ဘုန္းျပည့္က “အခုလက္ရွိ ျဖစ္ခဲ့တဲ့ ျပႆနာအားလုံးက ကြၽန္ေတာ္ဆိုးလို႔ျဖစ္ခဲ့တာျဖစ္တဲ့အတြက္ ကြၽန္ေတာ္ တစ္ေယာက္တည္းနဲ႔ပဲဆိုင္တဲ့ျပႆနာပါ။ သူနဲ႔တြဲေနတာ ကြၽန္ေတာ့္မိသားစု ညီအစ္ကိုေမာင္ႏွမ ဘယ္ သူမွ မသိပါဘူး။ ဒါအမွန္တရားပါပဲ။ ဒါကို သူလည္း သိပါတယ္” လို႔ ျပန္လည္ေျဖရွင္းခဲ့ပါတယ္။ “အခု ကိစၥမွာ ကြၽန္ေတာ္မွားခဲ့တာ ကြၽန္ေတာ္ ဝန္ခံပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ ဘယ္သူ႔ဆီကမွ ပိုင္းလုံး လုပ္ ခဲ့တာ မရွိပါဘူး။ လူငယ္သဘာဝအရ ခ်စ္သူျဖစ္ၾကတယ္။ တြဲၾကတယ္။ ရွိအတူ/မရွိအတူနဲ႔ ေနခဲ့ၾက တယ္။ ကြၽန္ေတာ္ သူ႔ေစတနာကိုလည္း မေစာ္ကားပါဘူး။ ကြၽန္ေတာ္တို႔ေၾကာင့္ စိတ္အေႏွာင့္ယွက္ျဖစ္ခဲ့ ရတဲ့ တစ္ဦးတစ္ေယာက္ခ်င္းစီကိုလည္း အႏူးအၫြတ္ေတာင္းပန္ပါတယ္” လို႔ဆိုထားပါတယ္။ ရွင္ဘုန္း ျပည့္အေနနဲ႔ ခင္မင္းခကိုေပးဖို႔ရွိတဲ့ေငြပမာဏကို (၁၇-၄-၂၀၂၅) ရက္မွာ လာေရာက္ေပးမယ္လို႔ ကတိ ျပဳခဲ့ေပမယ့္ လာေရာက္ေပးခဲ့ျခင္းမရွိေၾကာင္း၊ ဒါေၾကာင့္ ဧၿပီလ (၂၃) ရက္မွာေတာ့ ခင္မင္းခက “ျမန္မာ ႏွစ္ဆန္း (၁) ရက္ (၁၇-၄-၂၀၂၅) တြင္ သူ ကိုယ္တိုင္ (၃) ရက္အတြင္း လာေပးပါမည္ဟု ကတိခံထား ေသာေငြမ်ားကို ယခုခ်ိန္ထိ လာေပးခဲ့ျခင္းမရွိေသးပါ။ မေန႔ညကလည္း (၂၃) ရက္ မနက္လာေပးပါ မည္ဟု ထပ္မံကတိေပးခဲ့ပါသည္။ ယေန႔ေနာက္ဆုံးထား၍ ဆက္သြယ္ေပးေဆာင္ခဲ့ျခင္းမရွိပါက ျပစ္မႈဆိုင္ရာဥပေဒအရ တရားဥပေဒႏွင့္အညီ တရားဆြဲဆိုသြားမည္ ျဖစ္ပါေၾကာင္း” ရွင္ဘုန္းျပည့္ကို သတိေပးစကားေျပာဆိုထားတာကို ေတြ႕ရပါတယ္။ ကာမလိမ္လည္မႈ၊ မူးယစ္ေဆးဝါးသုံးစြဲမႈ၊ ေငြေၾကးလိမ္လည္မႈ၊ ၿခိမ္းေျခာက္ ေျပာဆိုမႈ၊ ဆက္သြယ္ေရး ဥပေဒပုဒ္မ(၆၆/ဃ) အစရွိတဲ့ ပုဒ္မေတြနဲ႔ တရားစြဲဆိုႏိုင္တဲ့အေနအထားမွာ ရွိေနၿပီး၊ ႏွစ္ဦးသား ေျပလည္ေအာင္ မညႇိႏႈိင္းၾက ပါက တရား႐ုံးထိ ေရာက္ရွိသြားႏိုင္ပါတယ္။
ဧၿပီလ ၂၆ ရက္မွာေတာ့ ခင္မင္းခ ဘက္က ႏွစ္ဖက္မိဘေတြရဲ႕နားၾကားေျဖာင့္ဖ်မႈေၾကာင့္ ေျပလည္သြားၿပီျဖစ္ ေၾကာင္း ျပန္လည္သြားၿပီျဖစ္ေၾကာင္း အသိေပးခဲ့မႈလည္း ရွိခဲ့ျပန္ပါတယ္။
၎တို႔ျဖစ္စဥ္အရ သမီးရည္းစား ျပႆနာတစ္ခုတည္း မဟုတ္ခဲ့ဘဲ ေငြေၾကးအရႈပ္အရွင္းကိစၥမ်ားပါ ပါဝင္ခဲ့ၿပီး၊ လက္မထပ္ခင္ ႏွစ္ဦးသေဘာတူ အတူေနထိုင္မႈ ရဲ႕ဆိုးက်ိဳးတစ္ခုအျဖစ္ ရႈျမင္ၾကပါတယ္။ ျမန္မာႏိုင္ငံမွာ လက္မထပ္ခင္ သမီးရည္းစားအတူေနထိုင္မႈကို ေရွးလူႀကီးသူမေတြက လက္မခံၾကေပမယ့္ ေခတ္လူငယ္ေတြၾကားမွာ အေနာက္တိုင္းႏိုင္ငံေတြရဲ႕ ဓေလ့ အက်င့္စ႐ိုက္ေတြလႊမ္းမိုးမႈက ႀကီးထြားလာတာေၾကာင့္ လက္မထပ္ခင္ အတူေနထိုင္ျခင္းကို သာမန္ ကိစၥ တစ္ခုအျဖစ္ သတ္မွတ္လာၾကၿပီး၊ ႏွစ္ဦးၾကား ျပႆနာျဖစ္ေပၚလာမွသာ လူသိရွင္ၾကား အသံထြက္ လာၾကျခင္းပင္ျဖစ္ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.