တရုတ်က ကမ္ဘာ့အမြင့်ဆုံး တံတား ဆောက်လုပ်နေ

 489

ရောင်နီ (NP News) - ဧပြီ ၂၈

ကမ္ဘာ့အမြင့်ဆုံးတံတား ၁၀၀ မှာ ထက်ဝက်နီးပါးလောက်က တရုတ်နိုင်ငံ၊ တောင်တန်းဒေသဖြစ်တဲ့ တရုတ်နိုင်ငံ ကွေကျိုး ပြည်နယ်မှာ တည်ရှိပါတယ်။ ဒါပေမယ့် အဲဒီတံတားတွေထက် ပိုမြင့်မယ့် ကမ္ဘာ့အမြင့်ဆုံး တံတား တစ်စင်းကိုလည်း လာမယ့်ဇွန်လအတွင်းမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
Huajiang Grand Canyon အမည်ရှိ တံတားသစ်ဟာ မြစ်ရေမျက်နှာပြင်အထက် ၂,၀၅၁ ပေ (၆၂၅ မီတာ) မြင့် ပြီး လက်ရှိ ကမ္ဘာ့အမြင့်ဆုံး တံတားဖြစ်တဲ့ ပြင်သစ်နိုင်ငံရဲ့ Millau Viaduct တံတားထက် ၉၄၇ ပေ မြင့်မှာ ဖြစ်ပါ တယ်။ အဆိုပါတံတားသစ်ဟာ ချောက်ကမ်းပါးကို ဖြတ်သန်းသွားလာနေရတဲ့ ခရီးသွားလာချိန်ကို နှစ်နာရီမှ တစ်မိနစ်ထိ လျှော့ချပေးနိုင်မယ်လို့ သိရပါတယ်။
အာရှနိုင်ငံတွေထဲမှာ စင်္ကာပူနိုင်ငံရဲ့ Level-33 ဘီယာစက်ရုံဟာ ပြီးခဲ့တဲ့လက ကမ္ဘာ့အမြင့်ဆုံး မိုက်ခရိုဘီယာစက်ရုံအဖြစ် သတ်မှတ်ခံရပါတယ်။ ဘီယာကန် ၁၂ လုံး၊ ကြေးနီဖျော်ရည်အိုးနှစ်လုံးနဲ့ အအေးပေး စက် အပါအဝင် ဘီယာချက်လုပ် ကိရိယာတွေကို Marina Bay Financial Center Tower ရဲ့ (၃၃) လွှာအထိ ကရိန်း နဲ့ ယူဆောင်ခဲ့ရပေမယ့် ဧည့်သည်တွေအတွက် စင်ကာပူရဲ့ကောင်းကင်ယံမြင်ကွင်းတွေကို မြင်တွေ့ရမှာဖြစ်တဲ့ အတွက် ထိုက်တန်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံကလည်း ကြက်သဏ္ဍာန်ရှိ ၁၄၄ ပေ အမြင့်ရှိ အဆောက်အအုံကြီးနဲ့ ကမ္ဘာ့အကြီးဆုံး အဆောက် အဦးအဖြစ် ဂင်းနစ်စံချိန်သစ် ချိတ်ဆွဲထားပါတယ်။

Zawgyi Version:
တ႐ုတ္က ကမာၻ႔အျမင့္ဆုံး တံတား ေဆာက္လုပ္ေန
ေရာင္နီ (NP News) - ဧၿပီ ၂၈

ကမာၻ႔အျမင့္ဆုံးတံတား ၁၀၀ မွာ ထက္ဝက္နီးပါးေလာက္က တ႐ုတ္ႏိုင္ငံ၊ ေတာင္တန္းေဒသျဖစ္တဲ့ တ႐ုတ္ႏိုင္ငံ ေကြက်ိဳး ျပည္နယ္မွာ တည္ရွိပါတယ္။ ဒါေပမယ့္ အဲဒီတံတားေတြထက္ ပိုျမင့္မယ့္ ကမာၻ႔အျမင့္ဆုံး တံတား တစ္စင္းကိုလည္း လာမယ့္ဇြန္လအတြင္းမွာ ဖြင့္လွစ္သြားမယ္လို႔ သိရပါတယ္။
Huajiang Grand Canyon အမည္ရွိ တံတားသစ္ဟာ ျမစ္ေရမ်က္ႏွာျပင္အထက္ ၂,၀၅၁ ေပ (၆၂၅ မီတာ) ျမင့္ ၿပီး လက္ရွိ ကမာၻ႔အျမင့္ဆုံး တံတားျဖစ္တဲ့ ျပင္သစ္ႏိုင္ငံရဲ႕ Millau Viaduct တံတားထက္ ၉၄၇ ေပ ျမင့္မွာ ျဖစ္ပါ တယ္။ အဆိုပါတံတားသစ္ဟာ ေခ်ာက္ကမ္းပါးကို ျဖတ္သန္းသြားလာေနရတဲ့ ခရီးသြားလာခ်ိန္ကို ႏွစ္နာရီမွ တစ္မိနစ္ထိ ေလွ်ာ့ခ်ေပးႏိုင္မယ္လို႔ သိရပါတယ္။
အာရွႏိုင္ငံေတြထဲမွာ စကၤာပူႏိုင္ငံရဲ႕ Level-33 ဘီယာစက္႐ုံဟာ ၿပီးခဲ့တဲ့လက ကမာၻ႔အျမင့္ဆုံး မိုက္ခ႐ိုဘီယာစက္႐ုံအျဖစ္ သတ္မွတ္ခံရပါတယ္။ ဘီယာကန္ ၁၂ လုံး၊ ေၾကးနီေဖ်ာ္ရည္အိုးႏွစ္လုံးနဲ႔ အေအးေပး စက္ အပါအဝင္ ဘီယာခ်က္လုပ္ ကိရိယာေတြကို Marina Bay Financial Center Tower ရဲ႕ (၃၃) လႊာအထိ ကရိန္း နဲ႔ ယူေဆာင္ခဲ့ရေပမယ့္ ဧည့္သည္ေတြအတြက္ စင္ကာပူရဲ႕ေကာင္းကင္ယံျမင္ကြင္းေတြကို ျမင္ေတြ႕ရမွာျဖစ္တဲ့ အတြက္ ထိုက္တန္ပါတယ္။
ဖိလစ္ပိုင္ႏိုင္ငံကလည္း ၾကက္သ႑ာန္ရွိ ၁၄၄ ေပ အျမင့္ရွိ အေဆာက္အအုံႀကီးနဲ႔ ကမာၻ႔အႀကီးဆုံး အေဆာက္ အဦးအျဖစ္ ဂင္းနစ္စံခ်ိန္သစ္ ခ်ိတ္ဆြဲထားပါတယ္။

Related news

© 2021. All rights reserved.