တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများကို လေ့ကျင့်သင်ကြားရေးစခန်းများဖွင့်လှစ်ကာ သင်ကြားပေးမည်

 184

ချယ်ရီ (NP News)- ဧပြီ ၂၈

မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်အဖြေလွှာစာရွက်များမီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ရမှုနှင့်ပတ်သက်၍ Grade – 12 စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများကို လေ့ကျင့်သင်ကြားရေးစခန်းများဖွင့်လှစ်ကာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ခင်သီတာက ပြန်ကြားရေးဝန်ကြား၏ အင်တာဗျူးတွင် ပြောသည်။
“စာမေးပွဲပြန်လည်ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေကို လေ့ကျင့်သင်ကြားရေးစခန်းတွေမှာ Camp သဘောမျိုးထားပြီး Revision Class တွေနဲ့ အနီးကပ် သင်ကြားပေးမှာ ဖြစ်ပါတယ်။ နောက်ပြီးသောက်ရေ၊ သုံးရေ၊ ချိုးရေကအစ နေထိုင်စားသောက်ရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ဝတ်ဆင်ဖို့ အဝတ်အစားတွေပါ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး လာရောက် သင်ကြားပို့ချပေးတဲ့ တက္ကသိုလ်အသီးသီးက ပါမောက္ခတွေ၊ လေ့ကျင့်သင်ကြားပေးတဲ့ ဆရာ ဆရာမတွေ အတွက်လည်း စားသောက်နေထိုင်ရေးကအစ တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
လေ့ကျင့်သင်ကြားရေးစခန်းများ၌ သင်ကြား၊ သင်ယူသူ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေး၊ ကျန်းမာရေး၊ အုပ်ချုပ်မှုကိစ္စရပ်များကို သက်ဆိုင်ရာ အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စာမေးပွဲဖြေချိန်တွင် စနစ်တကျဖြစ်စေရေးနှင့် သမာသမတ်ရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် လာရောက်မသင်ကြားနိုင်သော ကျောင်းသား၊ ကျောင်းသူများကို Online မှ လေ့လာသင်ယူရန် စီစဉ်ပေးထားပြီး မိဘများအနေဖြင့် ငွေကြေးအခက်အခဲကြောင့် စာမေးပွဲဖြေဆိုရန် မဖြစ်နိုင်ဟု မရှိရအောင် စာစစ်ဌာနအလိုက် Camp လေ့ကျင့်သင်ကြားရေးစခန်းများ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။
“နောက်ပြီး Education Channel ကနေလည်း ပြန်လည်လေ့လာဖို့ သင်ခန်းစာတွေ ထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး အခကြေးငွေ(လုံးဝ) ပေးစရာမလိုဘဲ အွန်လိုင်းက တစ်ဆင့်တက်ရောက်နိုင်ဖို့ စီစဉ်ထားပါတယ်။ ပုဂ္ဂလိကကျောင်း တွေရဲ့ Youtube Channel, Telegram မှာ ဖြန့်ဝေထားတဲ့ ပညာဒါနအတန်းတွေမှာလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ စာမေးပွဲဟာလည်း ဖြေဆိုထားတာ မကြာသေးတဲ့အတွက် ကျောင်းသား ကျောင်းသူတွေအနေနဲ့ သင်ခန်းစာတွေကို ပြန်လည်ဖြေဆိုနိုင်မယ်လို့ ယုံကြည်ပါတယ်။ ရည်မှန်းချက်ကြီးမားပြီး ဂုဏ်ထူးမှန်းထားတဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ကတော့ စာမေးပွဲပြန်ဖြေဖို့ စိတ်အားထက်သန်လျက်ရှိနေကြတာကို တွေ့ရပါ တယ်” ဟု ဒေါက်တာ ခင်သီတာက ပြောသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာနမှ စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို Text Book ၊ ဗလာ စာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံကအစ သင်ကြားမှု အထောက်အကူပစ္စည်းများကို ထောက်ပံ့ပေးသွား မည်ဖြစ်ပြီး ယနေ့ (ဧပြီလ ၂၈ ရက်နေ့မှ မေလ ၂ရက်)အထိ လေ့ကျင့်သင်ကြားရေးစခန်းများ၌ ကျောင်းသား၊ ကျောင်းသူများကို စတင်လက်ခံ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲအတွက် ရက်ပေါင်း (၅၀) အချိန်ပေးထားပြီး ၎င်းတို့၏အောင်စာရင်းကို အခြားဒေသများမှ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ တက္ကသိုလ်များတက်ရောက်နိုင်ရန် ရည်ရွယ်၍ အခြားဒေသများနှင့် တစ်ပြေးညီထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အခုဆိုရင် မန္တလေးငလျင်ကြီးကြောင့် Grade -12 စာမေးပွဲပြန်လည်ဖြေဆိုရမှာ ကိုလည်း ဝန်ကြီးဌာနကနေ ကြေညာထားပြီး ဖြစ်ပါတယ်။ အခုလိုစာမေးပွဲတွေ ပြန်လည်စစ်ဆေးရတဲ့ ရည်ရွယ်ချက်ကတော့ မျှတမှုဖြစ်စေဖို့၊ ဂုဏ်သိက္ခာရှိဖို့နဲ့ Academic Career ကို အထောက်အကူပြုဖို့ပဲဖြစ်ပါတယ်။ ပထမတစ်ချက်ဖြစ်တဲ့ မျှတမှုဖြစ်စေဖို့ ဆိုတာက ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီး မှာ ဖြေဆိုခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေ အများကြီးရှိပါတယ်။ ဒီထဲမှာ အရည်အချင်းတွေ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ စာမေးပွဲအောင်ဖို့ အတွက်ကို သိပ်ပြီးအခွင့်အလမ်း မရှိတဲ့သူတွေလည်းရှိမယ်။ အလားတူ ရန်ကုန်တိုင်းဒေသကြီးလိုပဲ မန္တလေးတိုင်း ဒေသကြီးမှာလည်း မဖြေဆိုနိုင်တဲ့သူတွေလည်းရှိမယ်။ မန္တလေးတိုင်းဒေသကြီးက ကျောင်းသား ကျောင်းသူတွေကို အအောင်ပေးလိုက်မယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီးက ကျောင်းသား ကျောင်းသူတွေအတွက် တရားမျှတမှုမရှိ သလိုဖြစ်သွားပါမယ်။ နောက်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ ကြိုးစားအားထုတ်ပြီးတော့ One to Ten ထဲမှာ ဝင်ချင်တဲ့ သူတွေလည်း ရှိတယ်။ သူတို့ကိုလည်း ဒီလိုပဲရိုးရိုးအောင်သွားမယ်ဆိုရင် အဆင်ပြေပါ့မလားဆိုတာ လည်းရှိပါ တယ်။ ဒါကြောင့် တရားမျှတမှုရှိစေဖို့အတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ စာမေးပွဲပြန်ဖြေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချောချောစိန်က ပြောသည်။

Zawgyi Version:
တကၠသိုလ္ဝင္စာေမးပြဲ ျပန္လည္ေျဖဆိုမည့္ ေက်ာင္းသား/သူမ်ားကို ေလ့က်င့္သင္ၾကားေရးစခန္းမ်ားဖြင့္လွစ္ကာ သင္ၾကားေပးမည္
ခ်ယ္ရီ (NP News)- ဧၿပီ ၂၈

မႏၲေလးငလ်င္ႀကီးေၾကာင့္ တကၠသိုလ္ဝင္အေျဖလႊာစာ႐ြက္မ်ားမီးေလာင္ပ်က္စီးဆုံးရႈံးသြားခဲ့ရမႈႏွင့္ပတ္သက္၍ Grade – 12 စာေမးပြဲ ျပန္လည္ေျဖဆိုမည့္ ေက်ာင္းသား/သူမ်ားကို ေလ့က်င့္သင္ၾကားေရးစခန္းမ်ားဖြင့္လွစ္ကာ ေလ့က်င့္သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း ပညာေရးသုေတသန၊ စီမံကိန္းႏွင့္ေလ့က်င့္ေရးဦးစီးဌာနမွ ေခတၱၫႊန္ၾကားေရးမႉးခ်ဳပ္၊ ေဒါက္တာ ခင္သီတာက ျပန္ၾကားေရးဝန္ၾကား၏ အင္တာဗ်ဴးတြင္ ေျပာသည္။
“စာေမးပြဲျပန္လည္ေျဖဆိုၾကမယ့္ ေက်ာင္းသား ေက်ာင္းသူေတြကို ေလ့က်င့္သင္ၾကားေရးစခန္းေတြမွာ Camp သေဘာမ်ိဳးထားၿပီး Revision Class ေတြနဲ႔ အနီးကပ္ သင္ၾကားေပးမွာ ျဖစ္ပါတယ္။ ေနာက္ၿပီးေသာက္ေရ၊ သုံးေရ၊ ခ်ိဳးေရကအစ ေနထိုင္စားေသာက္ေရးအျပင္ က်န္းမာေရးေစာင့္ေရွာက္မႈေတြ၊ ဝတ္ဆင္ဖို႔ အဝတ္အစားေတြပါ ေထာက္ပံ့ေပးသြားမွာ ျဖစ္ပါတယ္။ ေနာက္ၿပီး လာေရာက္ သင္ၾကားပို႔ခ်ေပးတဲ့ တကၠသိုလ္အသီးသီးက ပါေမာကၡေတြ၊ ေလ့က်င့္သင္ၾကားေပးတဲ့ ဆရာ ဆရာမေတြ အတြက္လည္း စားေသာက္ေနထိုင္ေရးကအစ တာဝန္ယူ ေဆာင္႐ြက္ေပးသြားမွာ ျဖစ္ပါတယ္”ဟု ၎က ေျပာသည္။
ေလ့က်င့္သင္ၾကားေရးစခန္းမ်ား၌ သင္ၾကား၊ သင္ယူသူ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ လုံၿခဳံေရး၊ က်န္းမာေရး၊ အုပ္ခ်ဳပ္မႈကိစၥရပ္မ်ားကို သက္ဆိုင္ရာ အစိုးရအဖြဲ႕က စီစဥ္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး စာေမးပြဲေျဖခ်ိန္တြင္ စနစ္တက်ျဖစ္ေစေရးႏွင့္ သမာသမတ္ရွိေစရန္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လာေရာက္မသင္ၾကားႏိုင္ေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို Online မွ ေလ့လာသင္ယူရန္ စီစဥ္ေပးထားၿပီး မိဘမ်ားအေနျဖင့္ ေငြေၾကးအခက္အခဲေၾကာင့္ စာေမးပြဲေျဖဆိုရန္ မျဖစ္ႏိုင္ဟု မရွိရေအာင္ စာစစ္ဌာနအလိုက္ Camp ေလ့က်င့္သင္ၾကားေရးစခန္းမ်ား ျပဳလုပ္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ ေၾကာင္း ၎က ဆိုသည္။
“ေနာက္ၿပီး Education Channel ကေနလည္း ျပန္လည္ေလ့လာဖို႔ သင္ခန္းစာေတြ ထုတ္လႊင့္ေပးသြားမွာျဖစ္ၿပီး အခေၾကးေငြ(လုံးဝ) ေပးစရာမလိုဘဲ အြန္လိုင္းက တစ္ဆင့္တက္ေရာက္ႏိုင္ဖို႔ စီစဥ္ထားပါတယ္။ ပုဂၢလိကေက်ာင္း ေတြရဲ႕ Youtube Channel, Telegram မွာ ျဖန႔္ေဝထားတဲ့ ပညာဒါနအတန္းေတြမွာလည္း ေလ့လာႏိုင္မွာ ျဖစ္ပါတယ္။ စာေမးပြဲဟာလည္း ေျဖဆိုထားတာ မၾကာေသးတဲ့အတြက္ ေက်ာင္းသား ေက်ာင္းသူေတြအေနနဲ႔ သင္ခန္းစာေတြကို ျပန္လည္ေျဖဆိုႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။ ရည္မွန္းခ်က္ႀကီးမားၿပီး ဂုဏ္ထူးမွန္းထားတဲ့ ေက်ာင္းသား ေက်ာင္းသူေတြအေနနဲ႔ကေတာ့ စာေမးပြဲျပန္ေျဖဖို႔ စိတ္အားထက္သန္လ်က္ရွိေနၾကတာကို ေတြ႕ရပါ တယ္” ဟု ေဒါက္တာ ခင္သီတာက ေျပာသည္။
ထို႔ေနာက္ ပညာေရးဝန္ႀကီးဌာနမွ စာေမးပြဲျပန္လည္ေျဖဆိုမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို Text Book ၊ ဗလာ စာအုပ္၊ ခဲတံ၊ ေဘာပင္၊ ေပတံကအစ သင္ၾကားမႈ အေထာက္အကူပစၥည္းမ်ားကို ေထာက္ပံ့ေပးသြား မည္ျဖစ္ၿပီး ယေန႔ (ဧၿပီလ ၂၈ ရက္ေန႔မွ ေမလ ၂ရက္)အထိ ေလ့က်င့္သင္ၾကားေရးစခန္းမ်ား၌ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို စတင္လက္ခံ သင္ၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။
စာေမးပြဲအတြက္ ရက္ေပါင္း (၅၀) အခ်ိန္ေပးထားၿပီး ၎တို႔၏ေအာင္စာရင္းကို အျခားေဒသမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္အတူ တကၠသိုလ္မ်ားတက္ေရာက္ႏိုင္ရန္ ရည္႐ြယ္၍ အျခားေဒသမ်ားႏွင့္ တစ္ေျပးညီထုတ္ျပန္ ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
“အခုဆိုရင္ မႏၲေလးငလ်င္ႀကီးေၾကာင့္ Grade -12 စာေမးပြဲျပန္လည္ေျဖဆိုရမွာ ကိုလည္း ဝန္ႀကီးဌာနကေန ေၾကညာထားၿပီး ျဖစ္ပါတယ္။ အခုလိုစာေမးပြဲေတြ ျပန္လည္စစ္ေဆးရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ မွ်တမႈျဖစ္ေစဖို႔၊ ဂုဏ္သိကၡာရွိဖို႔နဲ႔ Academic Career ကို အေထာက္အကူျပဳဖို႔ပဲျဖစ္ပါတယ္။ ပထမတစ္ခ်က္ျဖစ္တဲ့ မွ်တမႈျဖစ္ေစဖို႔ ဆိုတာက ဥပမာအေနနဲ႔ေျပာရမယ္ဆိုရင္ ရန္ကုန္တိုင္းေဒသႀကီး မွာ ေျဖဆိုခဲ့တဲ့ ေက်ာင္းသား ေက်ာင္းသူေတြ အမ်ားႀကီးရွိပါတယ္။ ဒီထဲမွာ အရည္အခ်င္းေတြ တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကပါဘူး။ စာေမးပြဲေအာင္ဖို႔ အတြက္ကို သိပ္ၿပီးအခြင့္အလမ္း မရွိတဲ့သူေတြလည္းရွိမယ္။ အလားတူ ရန္ကုန္တိုင္းေဒသႀကီးလိုပဲ မႏၲေလးတိုင္း ေဒသႀကီးမွာလည္း မေျဖဆိုႏိုင္တဲ့သူေတြလည္းရွိမယ္။ မႏၲေလးတိုင္းေဒသႀကီးက ေက်ာင္းသား ေက်ာင္းသူေတြကို အေအာင္ေပးလိုက္မယ္ဆိုရင္ ရန္ကုန္တိုင္းေဒသႀကီးက ေက်ာင္းသား ေက်ာင္းသူေတြအတြက္ တရားမွ်တမႈမရွိ သလိုျဖစ္သြားပါမယ္။ ေနာက္ၿပီး ျမန္မာတစ္ႏိုင္ငံလုံးမွာ ႀကိဳးစားအားထုတ္ၿပီးေတာ့ One to Ten ထဲမွာ ဝင္ခ်င္တဲ့ သူေတြလည္း ရွိတယ္။ သူတို႔ကိုလည္း ဒီလိုပဲ႐ိုး႐ိုးေအာင္သြားမယ္ဆိုရင္ အဆင္ေျပပါ့မလားဆိုတာ လည္းရွိပါ တယ္။ ဒါေၾကာင့္ တရားမွ်တမႈရွိေစဖို႔အတြက္ ပညာေရးဝန္ႀကီးဌာနအေနနဲ႔ စာေမးပြဲျပန္ေျဖဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္” ဟု ေလ့လာဆန္းစစ္ အကဲျဖတ္ေရးဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ေခ်ာေခ်ာစိန္က ေျပာသည္။

Related news

© 2021. All rights reserved.