အိန္ဒိယနဲ့ပါကစ္စတန်တပ်ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွား

 308

Pika (NP News) - ဧပြီ ၂၈

အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့တပ်ဖွဲ့တွေဟာ အငြင်းပွားကတ်ရှ်မီးယားပြည်နယ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေကို သုံးညဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဧပြီလ(၂၇)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား ဆက်ဆံရေးဟာ နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားခဲ့မှုနဲ့အတူ အပြန်အလှန်ပစ်ခတ်မှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ရာစုနှစ်တစ်ခုအတွင်း မွတ်ဆလင် အများစု နေထိုင်ရာ ကတ်ရှ်မီးယားပြည်နယ်မှာ သေနတ်သမားတွေက အရပ်သားတွေအပေါ်အဆိုးရွားဆုံးတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ပြီးနောက် ပါကစ္စတန်ဟာ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေအပေါ်ထောက်ခံမှုတွေ လုပ်ဆောင် ခဲ့တယ်လို့ အိန္ဒိယအစိုးရက စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲ့ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ပါကစ္စတန်အစိုးရက ငြင်းဆန်ပယ်ချခဲ့ပြီး အိန္ဒိယရဲ့ ဘယ်လိုလုပ်ရပ်ကိုမဆို လက်တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့တယ်လို့လည်းသိရပါတယ်။ဒါ့ပြင် ပါကစ္စတန်ဟာ နှစ်နိုင်ငံကြား ပိုင်းခြားထားတဲ့ထိန်းချုပ်ရေးမျဉ်းတစ်လျှောက် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ အိန္ဒိယစစ်တပ်က ပြောကြားခဲ့ပါတယ်။
အိန္ဒိယစစ်တပ်က “ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေဟာ ပါကစ္စတန်တပ်ဖွဲ့တွေရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကို သင့်လျော် တဲ့လက်နက်ငယ်တွေနဲ့ ထိရောက်တဲ့လက်တုံ့ပြန်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် လည်း နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုကို ပါကစ္စတန်ဘက်က လက်ရှိအချိန်အထိ အတည်ပြုတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
အိႏၵိယနဲ႔ပါကစၥတန္တပ္ဖြဲ႕တို႔ၾကား အျပန္အလွန္ပစ္ခတ္မႈေတြ ထပ္မံျဖစ္ပြား
Pika (NP News) - ဧၿပီ ၂၈

အိႏၵိယနဲ႔ ပါကစၥတန္တို႔ရဲ႕တပ္ဖြဲ႕ေတြဟာ အျငင္းပြားကတ္ရွ္မီးယားျပည္နယ္မွာ အျပန္အလွန္ပစ္ခတ္မႈေတြကို သုံးညဆက္တိုက္လုပ္ေဆာင္ခဲ့တယ္လို႔ တာဝန္ရွိသူေတြက ဧၿပီလ(၂၇)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အိႏၵိယနဲ႔ ပါကစၥတန္တို႔ၾကား ဆက္ဆံေရးဟာ ႏွစ္ေပါင္းမ်ားစြာအတြင္း အနိမ့္ဆုံးအဆင့္ကို က်ဆင္းသြားခဲ့မႈနဲ႔အတူ အျပန္အလွန္ပစ္ခတ္မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ရာစုႏွစ္တစ္ခုအတြင္း မြတ္ဆလင္ အမ်ားစု ေနထိုင္ရာ ကတ္ရွ္မီးယားျပည္နယ္မွာ ေသနတ္သမားေတြက အရပ္သားေတြအေပၚအဆိုး႐ြားဆုံးတိုက္ခိုက္မႈကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ ပါကစၥတန္ဟာ နယ္စပ္ျဖတ္ေက်ာ္အၾကမ္းဖက္မႈေတြအေပၚေထာက္ခံမႈေတြ လုပ္ေဆာင္ ခဲ့တယ္လို႔ အိႏၵိယအစိုးရက စြပ္စြဲေျပာဆိုခဲ့ပါတယ္။
ဒါေပမယ့္လည္း အဲ့ဒီျဖစ္ရပ္မွာ ပါဝင္ပတ္သက္မႈမရွိဘူးလို႔ ပါကစၥတန္အစိုးရက ျငင္းဆန္ပယ္ခ်ခဲ့ၿပီး အိႏၵိယရဲ႕ ဘယ္လိုလုပ္ရပ္ကိုမဆို လက္တုံ႔ျပန္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ကတိျပဳခဲ့တယ္လို႔လည္းသိရပါတယ္။ဒါ့ျပင္ ပါကစၥတန္ဟာ ႏွစ္ႏိုင္ငံၾကား ပိုင္းျခားထားတဲ့ထိန္းခ်ဳပ္ေရးမ်ဥ္းတစ္ေလွ်ာက္ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တိုက္ ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ အိႏၵိယစစ္တပ္က ေျပာၾကားခဲ့ပါတယ္။
အိႏၵိယစစ္တပ္က “ကြၽန္ေတာ္တို႔ရဲ႕တပ္ဖြဲ႕ေတြဟာ ပါကစၥတန္တပ္ဖြဲ႕ေတြရဲ႕ပစ္ခတ္တိုက္ခိုက္မႈေတြကို သင့္ေလ်ာ္ တဲ့လက္နက္ငယ္ေတြနဲ႔ ထိေရာက္တဲ့လက္တုံ႔ျပန္မႈေတြကို လုပ္ေဆာင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ လည္း ေနာက္ဆုံးအႀကိမ္ျဖစ္ပြားခဲ့တဲ့ အျပန္အလွန္ပစ္ခတ္မႈကို ပါကစၥတန္ဘက္က လက္ရွိအခ်ိန္အထိ အတည္ျပဳတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.