ပါးစပ်အကျယ်ဆုံး(အမျိုးသမီး) ဂင်းနစ်စံချိန်ကို ရရှိခဲ့သည့် အမေရိကန်အမျိုးသမီး

 62

Pika (NP News) - ဧပြီ ၂၉

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှ အမျိုးသမီးတစ်ဦး၏ ပါးစပ်အကျယ်သည် (၂ ဒသမ ၉၈) လက်မရှိပြီး တရားဝင်တိုင်းတာမှုများလုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ Ketchikan မြို့ တွင်နေထိုင်သည့် Marie Pearl Zellmer Robinson ဆိုသည့်အမျိုး သမီးက ၎င်းတွင် ကြီးမားသည့် ပါးစပ်ရှိသည်ကို သိရှိထားသော်လည်း ယခင်စံချိန်ဟောင်းကိုပိုင်ဆိုင်ထားသည့် Samantha Ramsdell ၏ ဗီဒီယိုဖိုင်ကို မတွေ့ခင် အချိန်အထိ ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိနိုင်မည်ဟု မထင်ထားကြောင်း ပြောကြားခဲ့သည်။
Samantha Ramsdell ၏ ပါးစပ်အကျယ် သည် (၂ ဒသမ ၅၆) လက်မရှိပြီး အဆိုပါ ပါးစပ်အကျယ်ဆုံး (အမျိုးသမီး)ဂင်းနစ်စံချိန်ကို (၂၀၂၁)ခုနှစ်တွင် တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Marie Pearl Zellmer Robinson က ‘‘Samantha Ramsdell ရဲ့ ဗီဒီယိုတွေကို တွေ့လိုက်ရတဲ့အချိန်မှာ ဒီလိုမျိုးဂင်းနစ်စံချိန်ကို ကျွန်မလည်း ရရှိနိုင်တယ်လို့ တွေးခဲ့မိပါတယ်။ ပြီးတော့ Samantha Ramsdell ကို ကျွန်မကျော်တက်နိုင်ပါ့မလားလို့လည်း တွေးမိခဲ့ပါတယ်” ဟု ပြောခဲ့သည်။
ထို့နောက် Marie Pearl Zellmer Robinson ၏ သွားဆရာဝန်သည် ၎င်း၏ပါးစပ် အကျယ်ကို တရားဝင် တိုင်းတာမှု များလုပ်ဆောင်ခဲ့ပြီး နောက်အကျယ်(၂ ဒသမ ၉၈)လက်မဖြင့် ပါးစပ် အကျယ်ဆုံး(အမျိုးသမီး)ဂင်းနစ်စံချိန် ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Marie Pearl Zellmer Robinson က “ကျွန်မမှာ ကြီးမားတဲ့ပါးစပ်ရှိတယ်ဆို တာကို အမြဲတမ်းသတိထားမိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ဂင်းနစ်စံချိန်ချိုးဖျက်နိုင်မယ်လို့တော့ ဘယ်တုန်းကမှ မထင်ခဲ့မိ ပါဘူး” ဟု ပြောခဲ့သည်။

Zawgyi Version:
ပါးစပ္အက်ယ္ဆုံး(အမ်ိဳးသမီး) ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့သည့္ အေမရိကန္အမ်ိဳးသမီး
Pika (NP News) - ဧၿပီ ၂၉

အေမရိကန္ႏိုင္ငံ အလက္စကာျပည္နယ္မွ အမ်ိဳးသမီးတစ္ဦး၏ ပါးစပ္အက်ယ္သည္ (၂ ဒသမ ၉၈) လက္မရွိၿပီး တရားဝင္တိုင္းတာမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ Ketchikan ၿမိဳ႕ တြင္ေနထိုင္သည့္ Marie Pearl Zellmer Robinson ဆိုသည့္အမ်ိဳး သမီးက ၎တြင္ ႀကီးမားသည့္ ပါးစပ္ရွိသည္ကို သိရွိထားေသာ္လည္း ယခင္စံခ်ိန္ေဟာင္းကိုပိုင္ဆိုင္ထားသည့္ Samantha Ramsdell ၏ ဗီဒီယိုဖိုင္ကို မေတြ႕ခင္ အခ်ိန္အထိ ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိႏိုင္မည္ဟု မထင္ထားေၾကာင္း ေျပာၾကားခဲ့သည္။
Samantha Ramsdell ၏ ပါးစပ္အက်ယ္ သည္ (၂ ဒသမ ၅၆) လက္မရွိၿပီး အဆိုပါ ပါးစပ္အက်ယ္ဆုံး (အမ်ိဳးသမီး)ဂင္းနစ္စံခ်ိန္ကို (၂၀၂၁)ခုႏွစ္တြင္ တင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ Marie Pearl Zellmer Robinson က ‘‘Samantha Ramsdell ရဲ႕ ဗီဒီယိုေတြကို ေတြ႕လိုက္ရတဲ့အခ်ိန္မွာ ဒီလိုမ်ိဳးဂင္းနစ္စံခ်ိန္ကို ကြၽန္မလည္း ရရွိႏိုင္တယ္လို႔ ေတြးခဲ့မိပါတယ္။ ၿပီးေတာ့ Samantha Ramsdell ကို ကြၽန္မေက်ာ္တက္ႏိုင္ပါ့မလားလို႔လည္း ေတြးမိခဲ့ပါတယ္” ဟု ေျပာခဲ့သည္။
ထို႔ေနာက္ Marie Pearl Zellmer Robinson ၏ သြားဆရာဝန္သည္ ၎၏ပါးစပ္ အက်ယ္ကို တရားဝင္ တိုင္းတာမႈ မ်ားလုပ္ေဆာင္ခဲ့ၿပီး ေနာက္အက်ယ္(၂ ဒသမ ၉၈)လက္မျဖင့္ ပါးစပ္ အက်ယ္ဆုံး(အမ်ိဳးသမီး)ဂင္းနစ္စံခ်ိန္ ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Marie Pearl Zellmer Robinson က “ကြၽန္မမွာ ႀကီးမားတဲ့ပါးစပ္ရွိတယ္ဆို တာကို အၿမဲတမ္းသတိထားမိခဲ့ပါတယ္။ ဒါေပမဲ့ ဒီလိုမ်ိဳး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္မယ္လို႔ေတာ့ ဘယ္တုန္းကမွ မထင္ခဲ့မိ ပါဘူး” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.