ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးတက်နေသဖြင့် လုပ်ငန်းအချို့ ရပ်နားထား

 144

ပြည့်ဖြိုး (NP News) - ဧပြီ ၂၉

ရန်ကုန်မြို့တွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ဆက်တိုက်ဈေးမြင့်တက်နေခြင်းကြောင့် ကန်ထရိုက် လုပ်ငန်းများ လုပ်ငန်းတစ်ပိုင်း တစ်စဖြင့်ရပ်နားထားရကြောင်း ကန်ထရိုက်တာများ မှတစ်ဆင့်သိရသည်။
“လတ်တလော ဘိလပ်မြေဈေးတက်နေ တယ်မငြိမ်ဘူး တခြား သံအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်စည်တွေ အကုန်ဈေးတက်နေ တာ‌ပေါ့၊ ကန်ထရိုက်တိုက်အတော်များများက အကြမ်းထည်ပဲဆောက်ပြီး အချော မသပ်ကြဘူး ဈေးကွက်အခြေအနေကို ဆက်စောင့်ကြည့်နေကြပါတယ်”ဟု တောင်ဥက္ကလာပမြို့နယ်မှ ကန်ထရိုက်တာ ဦးအောင်မြင့်က ပြောသည်။
ကန်ထရိုက်တိုက်ခန်းများဆောက်လုပ်ရာတွင် အကြမ်းထည်ဆောက်လုပ်ခြင်းသည် ဘိလပ် မြေကုန်ကျစရိတ် နည်းပါးပြီး အချောကိုင်သည့်အချိန်တွင် ဘိလပ်မြေ ပိုမိုကုန်ကျခြင်းကြောင်း အချို့သော တိုက်ခန်းများသည် နံရံအုတ်စီ ခြင်းပင်မပြုဘဲ ကြမ်းခင်းနှင့် ထောက်တိုင်များကိုသာ တည်ဆောက်ကြ ကြောင်းသိရသည်။ “ဘိလပ်မြေက ဝယ်လို့ မရတာ မဟုတ်ဘူး ဝယ်လို့ရတယ်၊ ဘိလပ်မြေ တက်ရင် သဲနဲ့ ကျောက်ကိုပါတွဲဝယ်မှ ဝယ်လို့ရတယ်၊ ကန်ထရိုက် အများစုက ဆောက်လက်စနဲ့ပဲ ရပ်ထားတယ် အဓိက ပြောချင်တာက လက်ကြီးသမားကန်ထရိုက်တွေငြိမ် နေတာပါ။ သာမန်အိမ်ဆောက်အိမ်ပြင်တဲ့သူ လောက်ပဲ အဝယ်ရှိတော့တယ်။ လက်ကြီးကန်ထရိုက် သမားတွေကတော့ ဘိလပ်မြေ ဈေးငြိမ်သွားမှဘဲ ပြန်ဆောက်မယ်ထင်တယ်”ဟု ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။
ရန်ကုန်မြို့တွင် ဘိလပ်မြေ တစ်အိတ်အ ထိုင်ဈေးနှုန်းများမှာ Crown တစ်အိတ်လျှင် (၃၈၀ဝဝ) ကျပ်၊ အပါချီနှင့်အယ်ဖာ တစ်အိတ်လျှင် လေးသောင်းကျပ်ဝန်းကျင်နှင့် ကျန် ဘိလပ်မြေအိတ် များမှာ အမျိုးအစားအလိုက် လေးသောင်းမှ လေ သောင်းခွဲအထိ ပေါက်ဈေးအမျိုးမျိုးရှိကြောင်း သိရ သည်။
လက်ရှိအချိန်အထိ မက်စ်ဘိလပ်မြေ စက် ရုံနှင့် ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံများမှာ ငလျင် သင့်ဒေသများသို့ စက်ရုံတိုက်ရိုက်ဈေးဖြင့် ရောင်းချပေးနေကြောင်းသတင်းများထုတ်ပြန်ထားသည်။ ရန်ကုန်မြို့ရှိဆောက်လုပ်ရေး လုပ်ငန်းအတွင်း ဘိလပ် မြေသာမက သံ၊ သွပ်၊ သစ်သား အစရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်စည် အများစုမှာ ဈေးမြင့်တက်နေခြင်းဖြစ်သည်။

Zawgyi Version:
ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ား ေဈးတက္ေနသျဖင့္ လုပ္ငန္းအခ်ိဳ႕ ရပ္နားထား
ျပည့္ၿဖိဳး (NP News) - ဧၿပီ ၂၉

ရန္ကုန္ၿမိဳ႕တြင္ ေဆာက္လုပ္ေရး လုပ္ငန္းသုံးပစၥည္းမ်ား ဆက္တိုက္ေဈးျမင့္တက္ေနျခင္းေၾကာင့္ ကန္ထ႐ိုက္ လုပ္ငန္းမ်ား လုပ္ငန္းတစ္ပိုင္း တစ္စျဖင့္ရပ္နားထားရေၾကာင္း ကန္ထ႐ိုက္တာမ်ား မွတစ္ဆင့္သိရသည္။
“လတ္တေလာ ဘိလပ္ေျမေဈးတက္ေန တယ္မၿငိမ္ဘူး တျခား သံအပါအဝင္ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ကုန္စည္ေတြ အကုန္ေဈးတက္ေန တာ‌ေပါ့၊ ကန္ထ႐ိုက္တိုက္အေတာ္မ်ားမ်ားက အၾကမ္းထည္ပဲေဆာက္ၿပီး အေခ်ာ မသပ္ၾကဘူး ေဈးကြက္အေျခအေနကို ဆက္ေစာင့္ၾကည့္ေနၾကပါတယ္”ဟု ေတာင္ဥကၠလာပၿမိဳ႕နယ္မွ ကန္ထ႐ိုက္တာ ဦးေအာင္ျမင့္က ေျပာသည္။
ကန္ထ႐ိုက္တိုက္ခန္းမ်ားေဆာက္လုပ္ရာတြင္ အၾကမ္းထည္ေဆာက္လုပ္ျခင္းသည္ ဘိလပ္ ေျမကုန္က်စရိတ္ နည္းပါးၿပီး အေခ်ာကိုင္သည့္အခ်ိန္တြင္ ဘိလပ္ေျမ ပိုမိုကုန္က်ျခင္းေၾကာင္း အခ်ိဳ႕ေသာ တိုက္ခန္းမ်ားသည္ နံရံအုတ္စီ ျခင္းပင္မျပဳဘဲ ၾကမ္းခင္းႏွင့္ ေထာက္တိုင္မ်ားကိုသာ တည္ေဆာက္ၾက ေၾကာင္းသိရသည္။ “ဘိလပ္ေျမက ဝယ္လို႔ မရတာ မဟုတ္ဘူး ဝယ္လို႔ရတယ္၊ ဘိလပ္ေျမ တက္ရင္ သဲနဲ႔ ေက်ာက္ကိုပါတြဲဝယ္မွ ဝယ္လို႔ရတယ္၊ ကန္ထ႐ိုက္ အမ်ားစုက ေဆာက္လက္စနဲ႔ပဲ ရပ္ထားတယ္ အဓိက ေျပာခ်င္တာက လက္ႀကီးသမားကန္ထ႐ိုက္ေတြၿငိမ္ ေနတာပါ။ သာမန္အိမ္ေဆာက္အိမ္ျပင္တဲ့သူ ေလာက္ပဲ အဝယ္ရွိေတာ့တယ္။ လက္ႀကီးကန္ထ႐ိုက္ သမားေတြကေတာ့ ဘိလပ္ေျမ ေဈးၿငိမ္သြားမွဘဲ ျပန္ေဆာက္မယ္ထင္တယ္”ဟု ေဆာက္လုပ္ေရးလုပ္ငန္း သုံးပစၥည္းဆိုင္ပိုင္ရွင္တစ္ဦးကဆိုသည္။
ရန္ကုန္ၿမိဳ႕တြင္ ဘိလပ္ေျမ တစ္အိတ္အ ထိုင္ေဈးႏႈန္းမ်ားမွာ Crown တစ္အိတ္လွ်င္ (၃၈၀ဝဝ) က်ပ္၊ အပါခ်ီႏွင့္အယ္ဖာ တစ္အိတ္လွ်င္ ေလးေသာင္းက်ပ္ဝန္းက်င္ႏွင့္ က်န္ ဘိလပ္ေျမအိတ္ မ်ားမွာ အမ်ိဳးအစားအလိုက္ ေလးေသာင္းမွ ေလ ေသာင္းခြဲအထိ ေပါက္ေဈးအမ်ိဳးမ်ိဳးရွိေၾကာင္း သိရ သည္။
လက္ရွိအခ်ိန္အထိ မက္စ္ဘိလပ္ေျမ စက္ ႐ုံႏွင့္ ႀကံ့ႏွစ္ေကာင္ ဘိလပ္ေျမစက္႐ုံမ်ားမွာ ငလ်င္ သင့္ေဒသမ်ားသို႔ စက္႐ုံတိုက္႐ိုက္ေဈးျဖင့္ ေရာင္းခ်ေပးေနေၾကာင္းသတင္းမ်ားထုတ္ျပန္ထားသည္။ ရန္ကုန္ၿမိဳ႕ရွိေဆာက္လုပ္ေရး လုပ္ငန္းအတြင္း ဘိလပ္ ေျမသာမက သံ၊ သြပ္၊ သစ္သား အစရွိေသာ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ကုန္စည္ အမ်ားစုမွာ ေဈးျမင့္တက္ေနျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.