မိုးကုတ်တွင် TNLA က အထိန်းအကွပ်မဲ့ တူးဖော်ရရှိသည့် ကျောက်မျက်များကို နေ့စဉ်နီးပါး လေလံတင် ရောင်းချနေ

635

Pearl (NP News) - ဧပြီ ၂၉
TNLA ထိန်းချုပ်ရာ မိုးကုတ်မြို့တွင် အထိန်းအကွပ်မဲ့တူးဖော်ရရှိထားသည့် ပတ္တမြားနှင့် တွင်းထွက်ရတနာ များကို နေ့စဉ်နီးပါး လေလံတင် ရောင်းချနေကြောင်း ဒေသခံများထံ NP News က မေးမြန်းထားသည့် အချက် အလက် များအရ သိရသည်။
မိုးကုတ်မြို့ကို TNLA က ထိန်းချုပ်ပြီး နောက် ၎င်းတို့၏ခွင့်ပြုချက်ဖြင့် ‘ဝ’ကုမ္ပဏီက မိုးကုတ်ဂေါက်ကွင်းကို အဓိကထားကာ စံချိန်တင် အဖြစ် ဘက်ဟိုး(၈)စီးဖြင့် တွင်းထွက်ရတနာများကို အထိန်းအကွပ်မဲ့စွာ နေ့စဉ်တူးဖော် နေကြောင်း သိရသည်။ ယင်းသို့တူးဖော်ရာတွင် ရရှိသော အမြတ် ငွေများကို TNLA က တစ်ဝက်၊ ‘ဝ’ကုမ္ပဏီဘက်က တစ်ဝက် အချိုးကျခွဲဝေယူကြောင်း NP News က စုံစမ်းထားသည့် အချက်အလက်များအရ သိရသည်။ “အဓိကကတော့ ဂေါက်ကွင်းကထွက်တဲ့ ကျောက်က အများကြီးပဲ။ ဂေါက်ကွင်းက ကျောက်က (၃)ရက်၊ (၄)ရက်ကိုက တစ်နှစ်စာရ တယ်လေ။ သံသေတ္တာနဲ့ တစ်လုံးရတယ်လေ။ အဲဒါ ကျောက်အဖြုန်းတွေ ရတာမဟုတ်ဘူးနော်။ အကောင်း ပေါ့နော်။ ပတ္တမြားများတယ်။ နီလာက မပါသ လောက်ပဲ။ ဂေါက်ကွင်းက ပုံလည်းပျက်သွားပြီ။ ဘက်ဟိုးက (၈)စီးနဲ့တူးတာ။ မိုး ကုတ်မှာ ဘက်ဟိုး (၈)စီးနဲ့ တူးတယ်ဆိုတာမရှိခဲ့ဖူးဘူးလေ” ဟု ဒေသခံတစ်ဦးက NP News သို့ ပြောသည်။ ထိုသို့ အထိန်းအကွပ်မဲ့စွာ တူးဖော်နေသည့် ကျောက်မျက်များကို မိုးကုတ်မြို့၊ ကျောက်တိုင် ကွင်းအနီးရှိ ရုံးခန်းတစ်ခုတွင် နေ့စဉ် လေလံစနစ်ဖြင့် ရောင်းချနေပြီး မြို့ခံများ နှင့် တရုတ်ဝယ်လက်များက လေလံဆွဲလျက်ရှိကြောင်း သိရသည်။
“ရတဲ့ကျောက်တွေ နေ့တိုင်းလေလံပစ် နေတာပဲ။ လေလံပစ်ပြီးတော့ ရောင်း။ ရောင်းပြီးတော့ တချို့မိုးကုတ်မှာ နောက်တစ်နှစ်အထိ လေလံပစ်ဖို့ ကျောက်ရှိတယ်လို့ ဖြစ်နေတယ်။ နေ့တိုင်းလည်း ကျောက်ကုန်သည်တွေကတောင်မှ မိုးကုတ်မှာရှိတဲ့ လူတွေတောင်မှ ကျောက်ဝယ်ရလွန်းလို့ ပိုက်ဆံ တောင်မရှိတော့ဘူး။ လေလံကမြို့ထဲက လူတွေဆွဲ တာရှိတယ်။ တရုတ်တွေလည်းဆွဲတယ်။ လေလံပွဲက ကျောက်တိုင်ကွင်းနားလေးက ဂေါ်ရခါးလူမျိုးတွေဖွင့် ထားတဲ့ ရုံးခန်းလေးရှိတယ်။ အဲဒီမှာ လေလံဆွဲတဲ့ နေရာ။ လေလံက သိန်းပေါင်းသောင်းကြီးပိုင်းအထိ ပါတယ်လို့ ကြားရတယ်။ သောင်းကြီးပိုင်းဆိုတာက ကျပ်ငွေ(၅)ဘီလျံ အထက်ပေါ့” ဟု အထက်ပါ ဒေသခံက ဆက်လက်ပြောသည်။
UWSA ‘ဝ’ တပ်ဖွဲ့ထံပေးရမည့် လက်နက်အကြွေးကျပ်ငွေ (၂၀ဝ)ဘီလျံခန့်အတွက် ‘ဝ’ ကိုယ်စားလှယ်အဖွဲ့ကို TNLA က မိုးကုတ်မြို့ရှိ မိုးကုတ်ဂေါက်ကွင်း၌ ကျောက်တူးခွင့်ပြုထားခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါ အကြွေး(၂၀ဝ) ဘီလျံခန့်အပြင် UWSA နှင့် TNLA တို့က ဘီလျံထောင်နှင့်ချီ ရရှိနေကြောင်းလည်း သိရသည်။

Zawgyi Version:
မိုးကုတ္တြင္ TNLA က အထိန္းအကြပ္မဲ့ တူးေဖာ္ရရွိသည့္ ေက်ာက္မ်က္မ်ားကို ေန႔စဥ္နီးပါး ေလလံတင္ ေရာင္းခ်ေန
Pearl (NP News) - ဧၿပီ ၂၉
TNLA ထိန္းခ်ဳပ္ရာ မိုးကုတ္ၿမိဳ႕တြင္ အထိန္းအကြပ္မဲ့တူးေဖာ္ရရွိထားသည့္ ပတၱျမားႏွင့္ တြင္းထြက္ရတနာ မ်ားကို ေန႔စဥ္နီးပါး ေလလံတင္ ေရာင္းခ်ေနေၾကာင္း ေဒသခံမ်ားထံ NP News က ေမးျမန္းထားသည့္ အခ်က္ အလက္ မ်ားအရ သိရသည္။
မိုးကုတ္ၿမိဳ႕ကို TNLA က ထိန္းခ်ဳပ္ၿပီး ေနာက္ ၎တို႔၏ခြင့္ျပဳခ်က္ျဖင့္ ‘ဝ’ကုမၸဏီက မိုးကုတ္ေဂါက္ကြင္းကို အဓိကထားကာ စံခ်ိန္တင္ အျဖစ္ ဘက္ဟိုး(၈)စီးျဖင့္ တြင္းထြက္ရတနာမ်ားကို အထိန္းအကြပ္မဲ့စြာ ေန႔စဥ္တူးေဖာ္ ေနေၾကာင္း သိရသည္။ ယင္းသို႔တူးေဖာ္ရာတြင္ ရရွိေသာ အျမတ္ ေငြမ်ားကို TNLA က တစ္ဝက္၊ ‘ဝ’ကုမၸဏီဘက္က တစ္ဝက္ အခ်ိဳးက်ခြဲေဝယူေၾကာင္း NP News က စုံစမ္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။ “အဓိကကေတာ့ ေဂါက္ကြင္းကထြက္တဲ့ ေက်ာက္က အမ်ားႀကီးပဲ။ ေဂါက္ကြင္းက ေက်ာက္က (၃)ရက္၊ (၄)ရက္ကိုက တစ္ႏွစ္စာရ တယ္ေလ။ သံေသတၱာနဲ႔ တစ္လုံးရတယ္ေလ။ အဲဒါ ေက်ာက္အျဖဳန္းေတြ ရတာမဟုတ္ဘူးေနာ္။ အေကာင္း ေပါ့ေနာ္။ ပတၱျမားမ်ားတယ္။ နီလာက မပါသ ေလာက္ပဲ။ ေဂါက္ကြင္းက ပုံလည္းပ်က္သြားၿပီ။ ဘက္ဟိုးက (၈)စီးနဲ႔တူးတာ။ မိုး ကုတ္မွာ ဘက္ဟိုး (၈)စီးနဲ႔ တူးတယ္ဆိုတာမရွိခဲ့ဖူးဘူးေလ” ဟု ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။ ထိုသို႔ အထိန္းအကြပ္မဲ့စြာ တူးေဖာ္ေနသည့္ ေက်ာက္မ်က္မ်ားကို မိုးကုတ္ၿမိဳ႕၊ ေက်ာက္တိုင္ ကြင္းအနီးရွိ ႐ုံးခန္းတစ္ခုတြင္ ေန႔စဥ္ ေလလံစနစ္ျဖင့္ ေရာင္းခ်ေနၿပီး ၿမိဳ႕ခံမ်ား ႏွင့္ တ႐ုတ္ဝယ္လက္မ်ားက ေလလံဆြဲလ်က္ရွိေၾကာင္း သိရသည္။
“ရတဲ့ေက်ာက္ေတြ ေန႔တိုင္းေလလံပစ္ ေနတာပဲ။ ေလလံပစ္ၿပီးေတာ့ ေရာင္း။ ေရာင္းၿပီးေတာ့ တခ်ိဳ႕မိုးကုတ္မွာ ေနာက္တစ္ႏွစ္အထိ ေလလံပစ္ဖို႔ ေက်ာက္ရွိတယ္လို႔ ျဖစ္ေနတယ္။ ေန႔တိုင္းလည္း ေက်ာက္ကုန္သည္ေတြကေတာင္မွ မိုးကုတ္မွာရွိတဲ့ လူေတြေတာင္မွ ေက်ာက္ဝယ္ရလြန္းလို႔ ပိုက္ဆံ ေတာင္မရွိေတာ့ဘူး။ ေလလံကၿမိဳ႕ထဲက လူေတြဆြဲ တာရွိတယ္။ တ႐ုတ္ေတြလည္းဆြဲတယ္။ ေလလံပြဲက ေက်ာက္တိုင္ကြင္းနားေလးက ေဂၚရခါးလူမ်ိဳးေတြဖြင့္ ထားတဲ့ ႐ုံးခန္းေလးရွိတယ္။ အဲဒီမွာ ေလလံဆြဲတဲ့ ေနရာ။ ေလလံက သိန္းေပါင္းေသာင္းႀကီးပိုင္းအထိ ပါတယ္လို႔ ၾကားရတယ္။ ေသာင္းႀကီးပိုင္းဆိုတာက က်ပ္ေငြ(၅)ဘီလ်ံ အထက္ေပါ့” ဟု အထက္ပါ ေဒသခံက ဆက္လက္ေျပာသည္။
UWSA ‘ဝ’ တပ္ဖြဲ႕ထံေပးရမည့္ လက္နက္အေႂကြးက်ပ္ေငြ (၂၀ဝ)ဘီလ်ံခန႔္အတြက္ ‘ဝ’ ကိုယ္စားလွယ္အဖြဲ႕ကို TNLA က မိုးကုတ္ၿမိဳ႕ရွိ မိုးကုတ္ေဂါက္ကြင္း၌ ေက်ာက္တူးခြင့္ျပဳထားျခင္းျဖစ္ၿပီး လက္ရွိတြင္ အဆိုပါ အေႂကြး(၂၀ဝ) ဘီလ်ံခန႔္အျပင္ UWSA ႏွင့္ TNLA တို႔က ဘီလ်ံေထာင္ႏွင့္ခ်ီ ရရွိေနေၾကာင္းလည္း သိရသည္။