တောင်ကိုရီးယားမှာ တောမီးကြောင့် လူပေါင်း ၁၂၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်

70

ရောင်နီ (NP News) - ဧပြီ ၂၉
တောင်ကိုရီးယားနိုင်ငံ၊ ဒေဂူ မြို့မှာ တနင်္လာနေ့ (ဧပြီ ၂၈ ရက်) က လေပြင်းတိုက်ခတ်မှုကြောင့်ဖြစ်တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၁၂၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ မြို့တော်က အမိန့်ထုတ်ခဲ့ပါတယ်။
တောမီးဟာ မွန်းလွဲ ၂ နာရီ (စင်္ကာပူစံတော်ချိန် မွန်းလွဲ ၁ နာရီ) ဝန်းကျင်က စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ခြောက်သွေ့နေတဲ့အခြေအနေမှာ လေပြင်းတိုက်ခတ်မှုကြောင့် နှစ်နာရီအတွင်း ခန့်မှန်းခြေ ဟက်တာ ၅၀ ခန့် တောမီးလောင်ခဲ့တယ်လို့ Korea Forest Service မှ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဆိုးလ်မြို့ အရှေ့တောင်ဘက် ၂၃၃ ကီလိုမီတာခန့်အကွာ ဒေဂူမြို့ အနီးတဝိုက်မှာ မီးလောင်မှုဖြစ်ခဲ့တာ ဖြစ်ပြီး ယခုအချိန်အထိတော့ အသေအပျောက်စာရင်းမရှိသေးဘူးလို့ သိရပါတယ်။ တောမီး ငြိမ်းသတ်ဖို့ ရဟတ်ယာဉ် ၂၆ စင်းနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၂၀၂ ဦးတို့ကို အဆိုပါ နေရာမှာ ဖြန့်ကျက်ချထားပြီး ဂျောင်ဘူ အဝေးပြေးလမ်းမကြီး တစိတ်အပိုင်းကို ပိတ်ထားရတယ်လို့ တောင်ကိုရီးယား သစ်တောဌာနက ဆိုပါတယ်။
တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ မတ်လကလည်း နိုင်ငံရဲ့အဆိုးရွားဆုံး သဘာဝ တောမီး ဘေးအန္တရာယ်ကို ခံစားခဲ့ရပြီး လူဦးရေ ၃၀ နီးပါး သေဆုံးကာ သမိုင်းဝင် ဘုရားကျောင်းများ မီးလောင်ပျက်စီးခဲ့ရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားမွာ ေတာမီးေၾကာင့္ လူေပါင္း ၁၂၀၀ ေက်ာ္ကို ေဘးလြတ္ရာေ႐ႊ႕ေျပာင္းဖို႔ အမိန႔္ထုတ္
ေရာင္နီ (NP News) - ဧၿပီ ၂၉
ေတာင္ကိုရီးယားႏိုင္ငံ၊ ေဒဂူ ၿမိဳ႕မွာ တနလၤာေန႔ (ဧၿပီ ၂၈ ရက္) က ေလျပင္းတိုက္ခတ္မႈေၾကာင့္ျဖစ္တဲ့ ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ လူေပါင္း ၁၂၀၀ ေက်ာ္ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းဖို႔ ၿမိဳ႕ေတာ္က အမိန႔္ထုတ္ခဲ့ပါတယ္။
ေတာမီးဟာ မြန္းလြဲ ၂ နာရီ (စကၤာပူစံေတာ္ခ်ိန္ မြန္းလြဲ ၁ နာရီ) ဝန္းက်င္က စတင္ေလာင္ကြၽမ္းခဲ့တာ ျဖစ္ၿပီး ေျခာက္ေသြ႕ေနတဲ့အေျခအေနမွာ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ႏွစ္နာရီအတြင္း ခန႔္မွန္းေျခ ဟက္တာ ၅၀ ခန႔္ ေတာမီးေလာင္ခဲ့တယ္လို႔ Korea Forest Service မွ ထုတ္ျပန္ခ်က္အရ သိရပါတယ္။
ဆိုးလ္ၿမိဳ႕ အေရွ႕ေတာင္ဘက္ ၂၃၃ ကီလိုမီတာခန႔္အကြာ ေဒဂူၿမိဳ႕ အနီးတဝိုက္မွာ မီးေလာင္မႈျဖစ္ခဲ့တာ ျဖစ္ၿပီး ယခုအခ်ိန္အထိေတာ့ အေသအေပ်ာက္စာရင္းမရွိေသးဘူးလို႔ သိရပါတယ္။ ေတာမီး ၿငိမ္းသတ္ဖို႔ ရဟတ္ယာဥ္ ၂၆ စင္းနဲ႔ မီးသတ္တပ္ဖြဲ႕ဝင္ ၂၀၂ ဦးတို႔ကို အဆိုပါ ေနရာမွာ ျဖန႔္က်က္ခ်ထားၿပီး ေဂ်ာင္ဘူ အေဝးေျပးလမ္းမႀကီး တစိတ္အပိုင္းကို ပိတ္ထားရတယ္လို႔ ေတာင္ကိုရီးယား သစ္ေတာဌာနက ဆိုပါတယ္။
ေတာင္ကိုရီးယားမွာ ၿပီးခဲ့တဲ့ မတ္လကလည္း ႏိုင္ငံရဲ႕အဆိုး႐ြားဆုံး သဘာဝ ေတာမီး ေဘးအႏၲရာယ္ကို ခံစားခဲ့ရၿပီး လူဦးေရ ၃၀ နီးပါး ေသဆုံးကာ သမိုင္းဝင္ ဘုရားေက်ာင္းမ်ား မီးေလာင္ပ်က္စီးခဲ့ရပါတယ္။