ခြံအမှတ်(၅၄) စတုတ္ထအကြိမ်လေလံပွဲတွင် ကျပ်ဘီလျံ(၂၇၀)သတ်မှတ်ထားသော်လည်း ဝယ်သူမရှိ

 191

သန့်ဇင်၊ ချယ်ရီ (NP News) - ဧပြီ ၂၉

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သော ခြံအမှတ်(၅၄)ကို စတုတ္ထအကြိမ်လေလံပွဲတွင် ကျပ်ဘီလျံ(၂၇၀)သတ်မှတ်ထားသော်လည်း ဝယ်သူမရှိဖြစ်ခဲ့ကြောင်း သိရသည်။

လေလံတင်ရောင်းချပွဲကို ယနေ့(ဧပြီလ ၂၉ရက်)နံနက် ၁၀နာရီက ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ်(၅၄)ရှေ့တွင် ကျင်းပခဲ့ခြင်းဖြစ်​သည်။

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သောခြံအမှတ် (၅၄) ၏ ​လေလံကြမ်းခင်း​ဈေးအား ကမာရွတ်ခရိုင် တရားရုံးက ကျပ် ​(၂၇ )ဘီလျံ​ လျော့ချပြီး ကျပ်ဘီလျံ ၂၇၀ သတ်မှတ်​ကြောင်း မတ် ၂၅ ရက်တွင် အမိန့်ချမှတ်ခဲ့​​ခြင်းဖြစ်ကြောင်းသိရသည်။

သို့လက်ရှိကြမ်းခင်းဈေး ကျပ်ဘီလျံ(၂၇၀)ဖြင့် စတုတ္ထအကြိမ်လေလံတင်ရောင်းချရာတွင်လည်း ဝယ်သူမရှိခဲ့ပဲ လေလံပွဲပိတ်သိမ်းခဲ့ရကြောင်း သိရသည်။

ခြံအမှတ်(၅၄) အတွက် စတုတ္ထအကြိမ် လေလံပစ်ရန် ဈေးနှုန်းကို ဦးအောင်ဆန်းဦး၏ရှေ့နေများက ကျပ် (၂၇၀)ဘီလျံအဖြစ် သတ်မှတ်ပေးပါရန် ဖေဖော်ဝါရီ(၂၇)က တင်သွင်းခဲ့ပြီး အဆိုပါဈေးနှုန်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ၏ရှေ့နေများက မတ်လ (၂၀)ရက်ရုံးချိန်းတွင် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ခြံအမှတ်(၅၄)သည် မြေ (၁ ဒသမ ၉၂၃) ဧက ကျယ်ဝန်းပြီး ဦးအောင်ဆန်းဦးဘက်က ပထမအကြိမ်၌ ကျပ် (၃၁၅)ဘီလျံ၊ ဒုတိယအကြိမ်၌ ကျပ်(၃၀ဝ) ဘီလျံ နှင့် တတိယအကြိမ်၌ (၂၉၇)ဘီလျံဟု သတ်မှတ်၍ လေလံပစ်ခဲ့သော်လည်း သုံးကြိမ်စလုံးတွင် လေလံဆွဲ မည့်သူ ပေါ်ပေါက်ခဲ့ခြင်းမရှိကြောင်းသိရသည်။

zawgyi version
ၿခံအမွတ္(၅၄) စတုတၳအႀကိမ္ေလလံပြဲတြင္ က်ပ္ဘီလ်ံ(၂၇၀)သက္မွတ္ထားေသာ္လည္း ဝယ္သူမရွိ
သန္႔ဇင္၊ ခ်ယ္ရီ (NP News) - ဧၿပီ ၂၉

ဗဟန္းၿမိဳ႕နယ္၊ တကၠသိုလ္ရိပ္သာလမ္းေပၚရွိ ေဒၚေအာင္ဆန္းစုၾကည္ေနထိုင္ခဲ့ေသာ ၿခံအမွတ္(၅၄)ကို စတုတၳအႀကိမ္ေလလံပြဲတြင္ က်ပ္ဘီလ်ံ(၂၇၀)သက္မွတ္ထားေသာ္လည္း ဝယ္သူမရွိျဖစ္ခဲ့ေၾကာင္း သိရသည္။

ေလလံတင္ေရာင္းခ်ပြဲကို ယေန႔(ဧၿပီလ ၂၉ရက္)နံနက္ ၁၀နာရီက ဗဟန္းၿမိဳ႕နယ္၊ တကၠသိုလ္ရိပ္သာလမ္းေပၚရွိ ၿခံအမွတ္(၅၄)ေရွ႕တြင္ က်င္းပခဲ့ျခင္းျဖစ္​သည္။

ေဒၚေအာင္ဆန္းစုၾကည္ ေနထိုင္ခဲ့ေသာၿခံအမွတ္ (၅၄) ၏ ​ေလလံၾကမ္းခင္း​ေဈးအား ကမာ႐ြတ္ခ႐ိုင္ တရား႐ုံးက က်ပ္ ​(၂၇ )ဘီလ်ံ​ ေလ်ာ့ခ်ၿပီး က်ပ္ဘီလ်ံ ၂၇၀ သတ္မွတ္​ေၾကာင္း မတ္ ၂၅ ရက္တြင္ အမိန႔္ခ်မွတ္ခဲ့​​ျခင္းျဖစ္ေၾကာင္းသိရသည္။

သို႔လက္ရွိၾကမ္းခင္းေဈး က်ပ္ဘီလ်ံ(၂၇၀)ျဖင့္ စတုတၳအႀကိမ္ေလလံတင္ေရာင္းခ်ရာတြင္လည္း ဝယ္သူမရွိခဲ့ပဲ ေလလံပြဲပိတ္သိမ္းခဲ့ရေၾကာင္း သိရသည္။

ၿခံအမွတ္(၅၄) အတြက္ စတုတၳအႀကိမ္ ေလလံပစ္ရန္ ေဈးႏႈန္းကို ဦးေအာင္ဆန္းဦး၏ေရွ႕ေနမ်ားက က်ပ္ (၂၇၀)ဘီလ်ံအျဖစ္ သတ္မွတ္ေပးပါရန္ ေဖေဖာ္ဝါရီ(၂၇)က တင္သြင္းခဲ့ၿပီး အဆိုပါေဈးႏႈန္းႏွင့္ ပတ္သက္၍ ေဒၚေအာင္ဆန္းစုၾကည္ ၏ေရွ႕ေနမ်ားက မတ္လ (၂၀)ရက္႐ုံးခ်ိန္းတြင္ ကန႔္ကြက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

အဆိုပါ ၿခံအမွတ္(၅၄)သည္ ေျမ (၁ ဒသမ ၉၂၃) ဧက က်ယ္ဝန္းၿပီး ဦးေအာင္ဆန္းဦးဘက္က ပထမအႀကိမ္၌ က်ပ္ (၃၁၅)ဘီလ်ံ၊ ဒုတိယအႀကိမ္၌ က်ပ္(၃၀ဝ) ဘီလ်ံ ႏွင့္ တတိယအႀကိမ္၌ (၂၉၇)ဘီလ်ံဟု သတ္မွတ္၍ ေလလံပစ္ခဲ့ေသာ္လည္း သုံးႀကိမ္စလုံးတြင္ ေလလံဆြဲ မည့္သူ ေပၚေပါက္ခဲ့ျခင္းမရွိေၾကာင္းသိရသည္။

Picture

Pyae Soan Kyaw

29/04/2025 14:20

​လေလံပစ်မယ့်အစား နိုင်ငံ​တော်ကပြန်ဝယ်ပြီး သမိုင်းဝင်ပြတိုက်လုပ်လိုက်​ပေါ့ဟ။ ​​လေလံပစ်ရင် ​လေလံ​အောင်မယ့်သူကအဲဒီအိမ်ကိုဒီအတိုင်းထားမှာလား၊ ဖြိုမှာလားဆိုတာကို ဘယ်သူမှမ​ခန့်မှန်းနိုင်ဘူး။ ရိုက်​ပေါက်​တွေမလုပ်ကြပါနဲ့။

Related news

© 2021. All rights reserved.