ငွေကြေးအရှုပ်အရှင်းကြောင့် ဇနီးဖြစ်သူရဲ့ ဆွေမျိုးတွေနဲ့အဆက်အသွယ် ဖြတ်လိုက်တဲ့ လီဆောင်ဂီ

325

ရောင်နီ(NP News) - ဧပြီ ၃ဝ
တောင်ကိုရီးယား သရုပ်ဆောင် လီဆောင်ဂီဟာ ဇနီးသည်ရဲ့ဖခင်ဖြစ်သူ ကျူမီရီရဲ့ငွေကြေးအရှုပ်အရှင်းကြောင့် ဇနီးသည်ရဲ့မိသားစုနဲ့ အဆက်အသွယ်ဖြတ်ကြောင်း ကြေညာလိုက်ပါတယ်။
ကျူးမီရီဟာဟာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကုမ္ပဏီ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ကုမ္ပဏီရဲ့ စတော့ဈေးကွက်ကို မသမာတဲ့နည်းနဲ့ လိမ်လည်အမြတ်ထုတ်တယ်လို့ စွဲချက်တင်ခံနေရတာ ဖြစ်ပါတယ်။ တရားရုံးကအပြစ်မရှိကြောင်း ပထမချမှတ်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ် ဇွန်လကမှ ဆိုးလ်တရားရုံးက အမှုကို ပြန်လည်စစ်ဆေးဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် လီဆောင်ဂီက ဇနီးဘက်က မိသားစုဝင်ရဲ့ "မမှန်မကန်လုပ်ရပ်တွေကြောင့် ဝမ်းနည်းမိပြီး နစ်နာသူတွေကိုလည်း နားလည်ကြောင်း၊ ဒါဟာ မိသားစုဝင်တွေကြား ယုံကြည်မှုကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့တာကြောင့် အချိန်အကြာကြီ စဉ်းစားပြီးတဲ့နောက် ဇနီးဖြစ်သူရဲ့ မိသားစုနဲ့ အဆက်သွယ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း"တရားဝင်စာ ထုတ်ပြန်ခဲ့ပါတယ်။
လီဆောင်ဂီဟာ ကျူမီရီရဲ့သမီးဖြစ်သူ လီဒါအင်နဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလက လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ပထမဆုံးသမီးလေးကိုလည်း ပြီးခဲ့တဲ့နှစ်ကမှ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

zawgyi version
ေငြေၾကးအရႈပ္အရွင္းေၾကာင့္ ဇနီးျဖစ္သူရဲ႕ ေဆြမ်ိဳးေတြနဲ႔အဆက္အသြယ္ ျဖတ္လိုက္တဲ့ လီေဆာင္ဂီ
ေရာင္နီ(NP News) - ဧၿပီ ၃ဝ
ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ လီေဆာင္ဂီဟာ ဇနီးသည္ရဲ႕ဖခင္ျဖစ္သူ က်ဴမီရီရဲ႕ေငြေၾကးအရႈပ္အရွင္းေၾကာင့္ ဇနီးသည္ရဲ႕မိသားစုနဲ႔ အဆက္အသြယ္ျဖတ္ေၾကာင္း ေၾကညာလိုက္ပါတယ္။
က်ဴးမီရီဟာဟာ ၂၀၁၄ ခုႏွစ္ ႏိုဝင္ဘာလမွ ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း ကုမၸဏီ ဒါ႐ိုက္တာအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့စဥ္က ကုမၸဏီရဲ႕ စေတာ့ေဈးကြက္ကို မသမာတဲ့နည္းနဲ႔ လိမ္လည္အျမတ္ထုတ္တယ္လို႔ စြဲခ်က္တင္ခံေနရတာ ျဖစ္ပါတယ္။ တရား႐ုံးကအျပစ္မရွိေၾကာင္း ပထမခ်မွတ္ခဲ့ေပမယ့္ ၂၀၂၄ ခုႏွစ္ ဇြန္လကမွ ဆိုးလ္တရား႐ုံးက အမႈကို ျပန္လည္စစ္ေဆးဖို႔ အမိန႔္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ ဒီအတြက္ လီေဆာင္ဂီက ဇနီးဘက္က မိသားစုဝင္ရဲ႕ "မမွန္မကန္လုပ္ရပ္ေတြေၾကာင့္ ဝမ္းနည္းမိၿပီး နစ္နာသူေတြကိုလည္း နားလည္ေၾကာင္း၊ ဒါဟာ မိသားစုဝင္ေတြၾကား ယုံၾကည္မႈကို ျပင္းျပင္းထန္ထန္ ထိခိုက္ေစခဲ့တာေၾကာင့္ အခ်ိန္အၾကာႀကီ စဥ္းစားၿပီးတဲ့ေနာက္ ဇနီးျဖစ္သူရဲ႕ မိသားစုနဲ႔ အဆက္သြယ္ျဖတ္ဖို႔ ဆုံးျဖတ္လိုက္ေၾကာင္း"တရားဝင္စာ ထုတ္ျပန္ခဲ့ပါတယ္။
လီေဆာင္ဂီဟာ က်ဴမီရီရဲ႕သမီးျဖစ္သူ လီဒါအင္နဲ႔ ၂၀၂၃ ခုႏွစ္၊ ဧၿပီလက လက္ထပ္ခဲ့ၾကတာ ျဖစ္ၿပီး ပထမဆုံးသမီးေလးကိုလည္း ၿပီးခဲ့တဲ့ႏွစ္ကမွ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။