ဒေါ်လာ သန်း(၂၀၀၀)ကျော် လျော်ကြေးပေးရတော့မယ့် ကင်ဆိုးဟွန်

 17738

ရောင်နီ(NP News) - ဧပြီ ၃ဝ

တောင်ကိုရီးယား အနုပညာကြေး အများဆုံး နံပါတ်(၁) သရုပ်ဆောင် ကင်ဆိုးဟွန်ဟာ မကြာသေးခင်က ပေါ်ပေါက်လာခဲ့တဲ့ လူမှုရေးပြဿနာ အရှုပ်အရှင်းတွေကြောင့် ဒေါ်လာ သန်း (၂၀၀၀)ကျော် လျော်ကြေးပေးရတော့မယ့် အခြေအနေကို ရောက်ရှိနေပါတယ်။

ကင်ဆိုးဟွမ်ဟာ ကွယ်လွန်သွားတဲ့ သရုပ်ဆောင်မင်းသမီး ကင်ဆေရွန်း နဲ့ Dating သတင်းထွက်လာခဲ့တာကြောင့် ဝေဖန်မှုတွေ ခံနေရတာပါ။ ပုဂ္ဂိုလ်ရေးပြဿနာတွေကြောင့် သူနဲ့လက်တွဲ အလုပ်လုပ်နေတဲ့ brand တွေမှာပါ ထိခိုက်မှုတွေရှိလာပြီး ဝယ်လိုအား ထိုးကျလာခြင်း၊ နောက်ထပ် Project တွေ ရပ်တန့်သွားခြင်းတို့ကြောင့် အမည်မဖော်လိုတဲ့ ကုမ္ပဏီနှစ်ခုက ဒေါ်လာသန်း (၂ဝဝဝ)ကျော် အလျော်ပေးစေဖို့ တရားစွဲလိုက်တာ ဖြစ်ပါတယ်။

ကင်ဆိုးဟွမ်ဟာ ကြော်ငြာ brand (၁၅)ခုနဲ့ အမေရိကန်ဒေါ်လာ သိန်းနဲ့ချီတဲ့ စာချုပ်တွေ ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ တရားစွဲဆိုမှု သတင်းနဲ့ပတ်သက်ပြီး ကင်ဆိုးဟွမ်ရဲ့အေဂျင်စီဘက်ကတော့ ပြန် လည်ဖြေရှင်းခြင်း မရှိသေးပါဘူး။

zawgyi version
ရောင်နီ(NP News) - ဧပြီ ၃ဝ




Related news

© 2021. All rights reserved.