ငလျင်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများကို နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်သွားမည်

 665

စော(NP News)- ဧပြီ ၃၀

မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် ပျက်စီးထိခိုက်သွားသော အဆောက်အအုံများကို နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆောက်အအဦများ ပြန်လည်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောသည်။

ယမန်နေ့ (ဧပြီလ ၂၉ရက်)က ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသော အဆောက်အအဦများ ပြန်လည်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ်လုပ်ငန်းအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ရုံးဌာန ၊ အဆောက်အအုံများအား ပြင်ဆင်ရန်အတွက် မူလ တည်ဆောက်ခဲ့သော ကုမ္ပဏီများကို တာဝန်ပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိ ဆောင်ရွက်နေသည့် ကုမ္ပဏီများကို တာဝန်ပေး ဆောင်ရွက်ခြင်းနှင့် အင်ဂျင်နီယာ အသင်း သုံးသင်းမှ သတ်မှတ် ထောက်ခံပေးထားသည့် ကုမ္ပဏီ များအား တာဝန်ပေးဆောင်ရွက်ခြင်း စသည့်နည်းလမ်းသုံးမျိုးဖြင့် ‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ထမ်းအိမ်ရာများပြုပြင်ခြင်းအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများက တာဝန်ယူဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ထို့ပြင်ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အတည်ပြုပေးသည့် မြို့ပြအင်ဂျင်နီယာများပါဝင်သော ပညာရှင်များကို ဖွဲ့စည်းတာဝန်ပေးအပ်၍ ခန့်မှန်းကုန်ကျငွေ (Estimate)များ တွက်ချက်ပြီး သက်ဆိုင်ရာ ပြုပြင်တည်ဆောက် ရေးအဖွဲ့မှတစ်ဆင့် အဆောက် အဦများ ပြန်လည်ပြုပြင်အသုံးပြု ရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့တင်ပြကာ ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေး လုပ်ငန်းစိစစ် ရေးကော်မတီတွင် ခန့်မှန်းကုန်ကျ ငွေအား လုပ်ငန်းပမာဏအရ ကွင်းဆင်းစစ်ဆေးခြင်း၊ ဓာတ်ပုံ မှတ်တမ်းများဖြင့် စစ်ဆေးခြင်း တို့ဖြင့် တိုက်ဆိုင်စိစစ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

အဆိုပါ ကော်မတီမှတစ်ဆင့် “အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ” သို့ ဆက်လက်တင်ပြဆောင်ရွက်သွားပြီး ယင်းကော်မတီ၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြု ပေးနိုင်ရေးစီမံပေးခြင်းဖြင့် ငလျင်ဒဏ်သင့်အဆောက်အအုံများပြုပြင် ခြင်းလုပ်ငန်းများအား အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည့်အပြင် ဘဏ္ဍာငွေ လေလွင့်မှု မရှိစေရေးအတွက်
စိစစ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ပ်က္စီးသြားေသာ အေဆာက္အအုံမ်ားကို နည္းလမ္းသုံးမ်ိဳးျဖင့္ ေဆာင္႐ြက္သြားမည္

ေစာ(NP News)- ဧၿပီ ၃၀

မတ္လ ၂၈ရက္က လႈပ္ခတ္ခဲ့ေသာ ငလ်င္ႀကီးေၾကာင့္ ပ်က္စီးထိခိုက္သြားေသာ အေဆာက္အအုံမ်ားကို နည္းလမ္းသုံးမ်ိဳးျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အေဆာက္အအဦမ်ား ျပန္လည္အသုံးျပဳေရးႏွင့္ အသစ္တည္ေဆာက္ေရးႀကီးၾကပ္မႈေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးက ေျပာသည္။

ယမန္ေန႔ (ဧၿပီလ ၂၉ရက္)က ကာကြယ္ေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမတြင္ က်င္းပေသာ အေဆာက္အအဦမ်ား ျပန္လည္အသုံးျပဳေရးႏွင့္ အသစ္တည္ေဆာက္ေရးႀကီးၾကပ္မႈေကာ္မတီ၏ ပထမအႀကိမ္လုပ္ငန္းအစည္းအေဝးတြင္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးက ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါအစည္းအေဝးတြင္ ႐ုံးဌာန ၊ အေဆာက္အအုံမ်ားအား ျပင္ဆင္ရန္အတြက္ မူလ တည္ေဆာက္ခဲ့ေသာ ကုမၸဏီမ်ားကို တာဝန္ေပးေဆာင္႐ြက္ျခင္း၊ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားတြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား လက္ရွိ ေဆာင္႐ြက္ေနသည့္ ကုမၸဏီမ်ားကို တာဝန္ေပး ေဆာင္႐ြက္ျခင္းႏွင့္ အင္ဂ်င္နီယာ အသင္း သုံးသင္းမွ သတ္မွတ္ ေထာက္ခံေပးထားသည့္ ကုမၸဏီ မ်ားအား တာဝန္ေပးေဆာင္႐ြက္ျခင္း စသည့္နည္းလမ္းသုံးမ်ိဳးျဖင့္ ‌ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ဝန္ထမ္းအိမ္ရာမ်ားျပဳျပင္ျခင္းအတြက္ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီႏွင့္ သက္ဆိုင္ရာျပည္နယ္ႏွင့္တိုင္းေဒသႀကီး အစိုးရမ်ားက တာဝန္ယူေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားသည္။

ထို႔ျပင္ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ အတည္ျပဳေပးသည့္ ၿမိဳ႕ျပအင္ဂ်င္နီယာမ်ားပါဝင္ေသာ ပညာရွင္မ်ားကို ဖြဲ႕စည္းတာဝန္ေပးအပ္၍ ခန႔္မွန္းကုန္က်ေငြ (Estimate)မ်ား တြက္ခ်က္ၿပီး သက္ဆိုင္ရာ ျပဳျပင္တည္ေဆာက္ ေရးအဖြဲ႕မွတစ္ဆင့္ အေဆာက္ အဦမ်ား ျပန္လည္ျပဳျပင္အသုံးျပဳ ေရးႏွင့္ အသစ္တည္ေဆာက္ေရး ႀကီးၾကပ္မႈေကာ္မတီသို႔ တင္ျပရမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔တင္ျပကာ ေဆာက္လုပ္ေရးဝန္ႀကီးဌာန တည္ေဆာက္ေရး လုပ္ငန္းစိစစ္ ေရးေကာ္မတီတြင္ ခန႔္မွန္းကုန္က် ေငြအား လုပ္ငန္းပမာဏအရ ကြင္းဆင္းစစ္ေဆးျခင္း၊ ဓာတ္ပုံ မွတ္တမ္းမ်ားျဖင့္ စစ္ေဆးျခင္း တို႔ျဖင့္ တိုက္ဆိုင္စိစစ္ေဆာင္႐ြက္ သြားမည္ ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားသည္။

အဆိုပါ ေကာ္မတီမွတစ္ဆင့္ “အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ေကာ္မတီ” သို႔ ဆက္လက္တင္ျပေဆာင္႐ြက္သြားၿပီး ယင္းေကာ္မတီ၏ ဘ႑ာေရးဆိုင္ရာ လုပ္ထုံးလုပ္နည္းႏွင့္အညီ ခြင့္ျပဳ ေပးႏိုင္ေရးစီမံေပးျခင္းျဖင့္ ငလ်င္ဒဏ္သင့္အေဆာက္အအုံမ်ားျပဳျပင္ ျခင္းလုပ္ငန္းမ်ားအား အျမန္ဆုံး အေကာင္အထည္ေဖာ္ေဆာင္႐ြက္ ႏိုင္မည့္အျပင္ ဘ႑ာေငြ ေလလြင့္မႈ မရွိေစေရးအတြက္
စိစစ္ေဆာင္႐ြက္သြားႏိုင္မည္ျဖစ္ေၾကာင္း ဆက္လက္ေျပာၾကားသည္။

Related news

© 2021. All rights reserved.