ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယက ပိုင်သည့် သဘောပြောခြင်းမှာ မဖြစ်သင့်သောကိစ္စဖြစ်ကြောင်း နစက ဆို

385

သုတကျော် (NP News) ဧပြီ ၃၀
BJP ပါတီမှ လွှတ်တော်အမတ်ပြောသည့် ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယက ပိုင်သည့် သဘောပြောခြင်းမှာ မဖြစ်သင့်သောကိစ္စဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။
“မြန်မာ-အိန္ဒိယ နယ်နိမိတ်ကိစ္စသည် နှစ်နိုင်ငံအစိုးရများအကြားမှာ တရားဝင်ဆွေးနွေးတိုင်းတာအတည်ပြုပြီးဆောင်ရွက်နေသည့် နိုင်ငံတော်အဆင့်ကိစ္စများ ဖြစ်ပါသည်။ ၎င်းကို မဏိပူရပြည်နယ်မှ အချို့သော နိုင်ငံရေးပါတီများနှင့် လွှတ်တော်အမတ်များသည် ၎င်းတို့၏ နိုင်ငံရေး မဲဆွယ်ရန် စကားလုံးတစ်ခုအဖြစ် မကြာခဏ ပြောဆိုနေသည်ကို စိတ်မကောင်းဖွယ်တွေ့ရှိနေရသည်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
၂၀၁၁ ခုနှစ်က မဏိပူရပြည်နယ် BJP ပါတီခေါင်းဆောင် ရှန်တီကူးမားက ကဘော်ချိုင့်ဝှမ်းကို မဏိပူရက ပိုင်သင့်ကြောင်းပြောခဲ့ပြီး၊ ၂၀၁၃ ခုနှစ် မဲဆွယ်မှုတွင်လည်း အဆိုပါ ပါတီကပင် ၎င်းတို့ပါတီကို မဲပေးလျှင် ကဘော်ချိုင့်ဝှမ်းကို ပြန်တောင်းပေးမည်ဆိုပြီး မဲဆွယ်ခဲ့ကာ ယခုတွင်လည်း BJP ပါတီ၏ မဏိပူရပြည်နယ် ပါလီမန်လွှတ်တော်အမတ်က ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယက ပိုင်သည်ဆိုသည့်သဘော ပြောဆိုခြင်းသည် မဖြစ်သင့်သည့်ကိစ္စဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“အိန္ဒိယနိုင်ငံက တာဝန်ရှိသူများအနေနှင့် နိုင်ငံတော်အဆင့် သဘောတူဆောင်ရွက်နေသော ကိစ္စများကို ပြည်နယ် တစ်ခု၊ ပါတီတစ်ခုက ဖျက်လိုဖျက်ဆီး ပြောဆိုနေမှုများကို လိုအပ်သလို ထိန်းကြောင်းတည့်မတ်ပေးရန် လိုအပ်ပါတယ်။ ကဘော်ချိုင့်ဝှမ်းဒေသသည် သမိုင်းနှင့်ယှဉ်ပြီး မြန်မာနိုင်ငံပိုင်ဖြစ်သလို လက်ရှိတွင်လည်း နှစ်နိုင်ငံအစိုးရများက လက်ခံအတည်ပြုထားသော မြန်မာနိုင်ငံ၏ ပိုင်နက် နယ်မြေများဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ အကြားတည်ရှိနေသော အိမ်နီးချင်းကောင်း မိတ်ဆွေကောင်း ဆက်ဆံရေးများကို မြန်မာနိုင်ငံဘက်က အမြဲရပ်တည် ထိန်းသိမ်းဆောင်ရွက်လျက် ရှိသကဲ့သို့ အိန္ဒိယနိုင်ငံအနေနှင့်လည်း ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် နှစ်နိုင်ငံဆက်ဆံရေးကို တန်ဖိုးထားပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေမည့် ပြုမူပြောဆိုမှုများနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရအနေဖြင့် လိုအပ်သလို ထိန်းသိမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားလိုပါသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Zawgyi Version:
ကေဘာ္ခ်ိဳင့္ဝွမ္းကို အိႏၵိယက ပိုင္သည့္ သေဘာေျပာျခင္းမွာ မျဖစ္သင့္ေသာကိစၥျဖစ္ေၾကာင္း နစက ဆို
သုတေက်ာ္ (NP News) ဧၿပီ ၃၀
BJP ပါတီမွ လႊတ္ေတာ္အမတ္ေျပာသည့္ ကေဘာ္ခ်ိဳင့္ဝွမ္းကို အိႏၵိယက ပိုင္သည့္ သေဘာေျပာျခင္းမွာ မျဖစ္သင့္ေသာကိစၥျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေျပာၾကားထားသည္။
“ျမန္မာ-အိႏၵိယ နယ္နိမိတ္ကိစၥသည္ ႏွစ္ႏိုင္ငံအစိုးရမ်ားအၾကားမွာ တရားဝင္ေဆြးေႏြးတိုင္းတာအတည္ျပဳၿပီးေဆာင္႐ြက္ေနသည့္ ႏိုင္ငံေတာ္အဆင့္ကိစၥမ်ား ျဖစ္ပါသည္။ ၎ကို မဏိပူရျပည္နယ္မွ အခ်ိဳ႕ေသာ ႏိုင္ငံေရးပါတီမ်ားႏွင့္ လႊတ္ေတာ္အမတ္မ်ားသည္ ၎တို႔၏ ႏိုင္ငံေရး မဲဆြယ္ရန္ စကားလုံးတစ္ခုအျဖစ္ မၾကာခဏ ေျပာဆိုေနသည္ကို စိတ္မေကာင္းဖြယ္ေတြ႕ရွိေနရသည္” ဟု ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
၂၀၁၁ ခုႏွစ္က မဏိပူရျပည္နယ္ BJP ပါတီေခါင္းေဆာင္ ရွန္တီကူးမားက ကေဘာ္ခ်ိဳင့္ဝွမ္းကို မဏိပူရက ပိုင္သင့္ေၾကာင္းေျပာခဲ့ၿပီး၊ ၂၀၁၃ ခုႏွစ္ မဲဆြယ္မႈတြင္လည္း အဆိုပါ ပါတီကပင္ ၎တို႔ပါတီကို မဲေပးလွ်င္ ကေဘာ္ခ်ိဳင့္ဝွမ္းကို ျပန္ေတာင္းေပးမည္ဆိုၿပီး မဲဆြယ္ခဲ့ကာ ယခုတြင္လည္း BJP ပါတီ၏ မဏိပူရျပည္နယ္ ပါလီမန္လႊတ္ေတာ္အမတ္က ကေဘာ္ခ်ိဳင့္ဝွမ္းေဒသကို အိႏၵိယက ပိုင္သည္ဆိုသည့္သေဘာ ေျပာဆိုျခင္းသည္ မျဖစ္သင့္သည့္ကိစၥျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
“အိႏၵိယႏိုင္ငံက တာဝန္ရွိသူမ်ားအေနႏွင့္ ႏိုင္ငံေတာ္အဆင့္ သေဘာတူေဆာင္႐ြက္ေနေသာ ကိစၥမ်ားကို ျပည္နယ္ တစ္ခု၊ ပါတီတစ္ခုက ဖ်က္လိုဖ်က္ဆီး ေျပာဆိုေနမႈမ်ားကို လိုအပ္သလို ထိန္းေၾကာင္းတည့္မတ္ေပးရန္ လိုအပ္ပါတယ္။ ကေဘာ္ခ်ိဳင့္ဝွမ္းေဒသသည္ သမိုင္းႏွင့္ယွဥ္ၿပီး ျမန္မာႏိုင္ငံပိုင္ျဖစ္သလို လက္ရွိတြင္လည္း ႏွစ္ႏိုင္ငံအစိုးရမ်ားက လက္ခံအတည္ျပဳထားေသာ ျမန္မာႏိုင္ငံ၏ ပိုင္နက္ နယ္ေျမမ်ားျဖစ္ပါသည္” ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အိႏၵိယႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံ အၾကားတည္ရွိေနေသာ အိမ္နီးခ်င္းေကာင္း မိတ္ေဆြေကာင္း ဆက္ဆံေရးမ်ားကို ျမန္မာႏိုင္ငံဘက္က အၿမဲရပ္တည္ ထိန္းသိမ္းေဆာင္႐ြက္လ်က္ ရွိသကဲ့သို႔ အိႏၵိယႏိုင္ငံအေနႏွင့္လည္း ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးသည့္ ႏွစ္ႏိုင္ငံဆက္ဆံေရးကို တန္ဖိုးထားၿပီး ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာ နယ္ေျမပိုင္ဆိုင္မႈကို ေလးစားသင့္သည့္အတြက္ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ထိခိုက္ပ်က္ျပားေစမည့္ ျပဳမူေျပာဆိုမႈမ်ားႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္ အစိုးရအေနျဖင့္ လိုအပ္သလို ထိန္းသိမ္းေဆာင္႐ြက္သင့္ေၾကာင္း ေျပာၾကားလိုပါသည္ဟု ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။