မေလ (၁၂)ရက်မှ စ၍ ကိုးရီးယားရောက်မြန်မာလုပ်သားတို့၏ ဝင်ငွေခွန်များကို သံရုံးဘဏ်ငွေစာရင်းသို့ တိုက်ရိုက်သွင်းရမည်‌

 180

Pearl (NP News) - မေ ၁

ကိုးရီးယားရောက်မြန်မာလုပ်သားများအနေဖြင့် လာမည့် မေလ (၁၂)ရက်မှစတင်၍ ဝင်ငွေခွန်များကို သံရုံး၏ဘဏ်ငွေစာရင်းသို့ တိုက်ရိုက်ပေးသွင်းရမည်‌ဖြစ်ကြောင်း ကိုးရီးယားနိုင်ငံရှိ မြန်မာသံရုံးက ယမန်နေ့ (ဧပြီလ ၃ဝ ရက်) တွင် ထုတ်ပြန်ထားသည်။

ပြည်ပရောက် မြန်မာလုပ်သားများအနေဖြင့် နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာဝင်ငွေအပေါ် နည်းရာအခွန်ပမာဏဖြင့် တွက်ချက်ထားသော အခွန်ပမာဏကို ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံသို့ရောက်ရှိ နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများအနက် Passport Type (PJ)၊ (PB) နှင့် (PS) ကိုင်ဆောင်ထားသူများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် မြန်မာသံရုံးသို့လာရောက်ကြစဉ်တွင် မိမိတို့ ထမ်းဆောင်လိုကြသည့် ကာလများအတွက် ဝင်ငွေခွန်များကို တစ်ပါတည်း ပေးဆောင်လျက်ရှိကြောင်း သိရသည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် ငွေသား လက်ခံရယူခြင်းအစား ကာယကံရှင်က သံရုံး၏ဘဏ်ငွေစာရင်းသို့ တိုက်ရိုက်ပေးသွင်းခြင်းအဖြစ် လာမည့် မေလ(၁၂)ရက်မှစတင်ကာ ပြောင်းလဲလက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထိုသို့ပေးဆောင်ရာတွင် ကိုရီးယားသို့ ၂ဝ၂၃ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်ထက် နောက်မကျဘဲ ရောက်ရှိလာသူများအနေဖြင့် (၁၈) လစာအတွက် ကိုရီးယားဝမ် ၅၇၆,ဝဝဝ ထမ်းဆောင်ရပါမည်ဖြစ်ပြီး အထောက်အထား တင်ပြရန် မလိုကြောင်း ၊ ၂ဝ၂၄ - ဇူလိုင်လ ၁ ရက်ထက် နောက်မကျဘဲ ရောက်လာသူများအနေဖြင့် (၁၂) လစာအတွက် ကိုရီးယားဝမ် ၃၈၄,ဝဝဝ ထမ်းဆောင်၍ (ဗီဇာစတစ်ကာ စသည်)တင်ပြရန်လိုကြောင်း နှင့် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ(၁)ရက်ထက် နောက်မကျဘဲ ရောက်ရှိလာသူများအနေဖြင့် (၆) လစာအတွက် ကိုရီးယားဝမ် ၁၉၂,ဝဝဝ နှင့် (ဗီဇာစတစ်ကာ စသည်) တင်ပြရန် လိုအပ်ကြောင်းလည်း သံရုံးက ထုတ်ပြန်ထားသည်။
မြန်မာသံရုံး၏ ကိုရီးယား 174-910001-24801 (KEB, HANA BANK) Beneficiary Name- Myanmar Embassy သို့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ကြိုတင်ပေးသွင်းရမည်ဖြစ်ပြီး လက်ကိုင်ဖုန်းရှိ Mobile Banking မှတစ်ဆင့် ငွေလွှဲပြောင်းပေးပို့ခြင်းကို မပြုလုပ် (မပြုလုပ်) ကြပါရန်လည်း အထူးအသိပေးထားသည်။
မြန်မာသံရုံးသို့လာရောက်ပြီး ဘဏ်ငွေသွင်းချလန်မူရင်း (မူရင်း) ကို ပြသကာ “အခွန်ပေးသွင်းသူသို့ ပြန်ပေးရမည့် ဖြတ်ပိုင်း’ ကို ပြန်လည်ထုတ်ယူရမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
ေမလ (၁၂)ရက္မွ စ၍ ကိုးရီးယားေရာက္ျမန္မာလုပ္သားတို႔၏ ဝင္ေငြခြန္မ်ားကို သံ႐ုံးဘဏ္ေငြစာရင္းသို႔ တိုက္႐ိုက္သြင္းရမည္‌
Pearl (NP News) - ေမ ၁

ကိုးရီးယားေရာက္ျမန္မာလုပ္သားမ်ားအေနျဖင့္ လာမည့္ ေမလ (၁၂)ရက္မွစတင္၍ ဝင္ေငြခြန္မ်ားကို သံ႐ုံး၏ဘဏ္ေငြစာရင္းသို႔ တိုက္႐ိုက္ေပးသြင္းရမည္‌ျဖစ္ေၾကာင္း ကိုးရီးယားႏိုင္ငံရွိ ျမန္မာသံ႐ုံးက ယမန္ေန႔ (ဧၿပီလ ၃ဝ ရက္) တြင္ ထုတ္ျပန္ထားသည္။

ျပည္ပေရာက္ ျမန္မာလုပ္သားမ်ားအေနျဖင့္ ႏိုင္ငံျခားေငြျဖင့္ ရရွိသည့္ လစာဝင္ေငြအေပၚ နည္းရာအခြန္ပမာဏျဖင့္ တြက္ခ်က္ထားေသာ အခြန္ပမာဏကို ၂၀၂၃ ခုႏွစ္၊ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒကို ျပင္ဆင္သည့္ ဥပေဒအရ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ(၁)ရက္ေန႔မွ စတင္၍ ေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

ကိုရီးယားႏိုင္ငံသို႔ေရာက္ရွိ ေနထိုင္အလုပ္လုပ္ကိုင္လ်က္ရွိၾကေသာ ျမန္မာႏိုင္ငံသားမ်ားအနက္ Passport Type (PJ)၊ (PB) ႏွင့္ (PS) ကိုင္ေဆာင္ထားသူမ်ားအေနျဖင့္ ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးရန္ ျမန္မာသံ႐ုံးသို႔လာေရာက္ၾကစဥ္တြင္ မိမိတို႔ ထမ္းေဆာင္လိုၾကသည့္ ကာလမ်ားအတြက္ ဝင္ေငြခြန္မ်ားကို တစ္ပါတည္း ေပးေဆာင္လ်က္ရွိေၾကာင္း သိရသည္။
ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕အေနျဖင့္ ေငြသား လက္ခံရယူျခင္းအစား ကာယကံရွင္က သံ႐ုံး၏ဘဏ္ေငြစာရင္းသို႔ တိုက္႐ိုက္ေပးသြင္းျခင္းအျဖစ္ လာမည့္ ေမလ(၁၂)ရက္မွစတင္ကာ ေျပာင္းလဲလက္ခံ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ထိုသို႔ေပးေဆာင္ရာတြင္ ကိုရီးယားသို႔ ၂ဝ၂၃ခုႏွစ္ ဒီဇင္ဘာလ (၁၁) ရက္ထက္ ေနာက္မက်ဘဲ ေရာက္ရွိလာသူမ်ားအေနျဖင့္ (၁၈) လစာအတြက္ ကိုရီးယားဝမ္ ၅၇၆,ဝဝဝ ထမ္းေဆာင္ရပါမည္ျဖစ္ၿပီး အေထာက္အထား တင္ျပရန္ မလိုေၾကာင္း ၊ ၂ဝ၂၄ - ဇူလိုင္လ ၁ ရက္ထက္ ေနာက္မက်ဘဲ ေရာက္လာသူမ်ားအေနျဖင့္ (၁၂) လစာအတြက္ ကိုရီးယားဝမ္ ၃၈၄,ဝဝဝ ထမ္းေဆာင္၍ (ဗီဇာစတစ္ကာ စသည္)တင္ျပရန္လိုေၾကာင္း ႏွင့္ ၂ဝ၂၅ ခုႏွစ္ ဇန္နဝါရီလ(၁)ရက္ထက္ ေနာက္မက်ဘဲ ေရာက္ရွိလာသူမ်ားအေနျဖင့္ (၆) လစာအတြက္ ကိုရီးယားဝမ္ ၁၉၂,ဝဝဝ ႏွင့္ (ဗီဇာစတစ္ကာ စသည္) တင္ျပရန္ လိုအပ္ေၾကာင္းလည္း သံ႐ုံးက ထုတ္ျပန္ထားသည္။
ျမန္မာသံ႐ုံး၏ ကိုရီးယား 174-910001-24801 (KEB, HANA BANK) Beneficiary Name- Myanmar Embassy သို႔ ကိုယ္တိုင္ျဖစ္ေစ၊ ကိုယ္စားလွယ္ျဖင့္ျဖစ္ေစ ႀကိဳတင္ေပးသြင္းရမည္ျဖစ္ၿပီး လက္ကိုင္ဖုန္းရွိ Mobile Banking မွတစ္ဆင့္ ေငြလႊဲေျပာင္းေပးပို႔ျခင္းကို မျပဳလုပ္ (မျပဳလုပ္) ၾကပါရန္လည္း အထူးအသိေပးထားသည္။
ျမန္မာသံ႐ုံးသို႔လာေရာက္ၿပီး ဘဏ္ေငြသြင္းခ်လန္မူရင္း (မူရင္း) ကို ျပသကာ “အခြန္ေပးသြင္းသူသို႔ ျပန္ေပးရမည့္ ျဖတ္ပိုင္း’ ကို ျပန္လည္ထုတ္ယူရမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.