Sky Villa ကွန်ဒိုအပျက်အစီးအတွင်းမှ အမျိုးသမီးရုပ်အလောင်းတစ်လောင်း ထပ်မံ ထုတ်ယူနိုင်ခဲ့

478

စော (NP News) - မေ ၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒိုအပျက်အစီးအတွင်းမှ အမျိုးသမီးရုပ်အလောင်း တစ်လောင်း ထပ်မံ ထုတ်ယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မန္တလေးငလျင်ကြီးကြောင့် အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒိုတွင် အပျက်အစီးများပြားခဲ့ရာ ပိတ်မိသူများ အနက် အချို့ကို ကယ်ထုတ်နိုင်ခဲ့သကဲ့သို့ အလောင်းအများအပြားမှာလည်း အပျက်အစီးအတွင်းပိတ်မိနေဆဲဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် Sky Villa ကွန်ဒိုနေရာနှင့်အနီးတစ်ဝိုက်ကို အန္တရာယ်ရှိ ဧရိယာအဖြစ် သတ်မှတ်ကာ အပျက်အစီး ရှင်းလင်းခြင်းများကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် ယနေ့ (မေလ ၁ ရက်) က ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန် ရှိနေသော Sky Villa၏ အဆောက်အဦ(C) အဆောင်နှင့် (D)အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းများအပြင် ရုပ်အလောင်း ထုတ်ယူနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ မွန်းလွဲ (၁၁)နာရီဝန်းကျင်အချိန်က C အဆောင် (P3)အခန်းမှ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့ပြီး အဆိုပါအလောင်းနှင့်အတူတွေ့ ရှိသော ရွှေနားကပ်(၁)ရံနှင့် ရွှေလက်ကောက် (၁)ကွင်းအား သေဆုံးသူ၏ အမျိုးသားထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ Sky Villa ကွန်ဒိုပြိုကျမှုတွင် သေဆုံးသူ ရုပ်အလောင်း (၁၀၀)ကျော်ရှိလာကာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သူ (၅၂) ဦးရှိခဲ့ပြီး ဆက်လက်၍ သေဆုံးသူများ၏ ရုပ်အလောင်းများကို ရှာဖွေနေကြောင်း သိရသည်။

Zawgyi Version:
Sky Villa ကြန္ဒိုအပ်က္အစီးအတြင္းမွ အမ်ိဳးသမီး႐ုပ္အေလာင္းတစ္ေလာင္း ထပ္မံ ထုတ္ယူႏိုင္ခဲ့
ေစာ (NP News) - ေမ ၁
မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ Sky Villa ကြန္ဒိုအပ်က္အစီးအတြင္းမွ အမ်ိဳးသမီး႐ုပ္အေလာင္း တစ္ေလာင္း ထပ္မံ ထုတ္ယူႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
မႏၲေလးငလ်င္ႀကီးေၾကာင့္ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ Sky Villa ကြန္ဒိုတြင္ အပ်က္အစီးမ်ားျပားခဲ့ရာ ပိတ္မိသူမ်ား အနက္ အခ်ိဳ႕ကို ကယ္ထုတ္ႏိုင္ခဲ့သကဲ့သို႔ အေလာင္းအမ်ားအျပားမွာလည္း အပ်က္အစီးအတြင္းပိတ္မိေနဆဲျဖစ္ ေၾကာင္း သိရသည္။
လက္ရွိတြင္ Sky Villa ကြန္ဒိုေနရာႏွင့္အနီးတစ္ဝိုက္ကို အႏၲရာယ္ရွိ ဧရိယာအျဖစ္ သတ္မွတ္ကာ အပ်က္အစီး ရွင္းလင္းျခင္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕အေနျဖင့္ ယေန႔ (ေမလ ၁ ရက္) က ယႏၲရားမ်ားႏွင့္အတူ ႐ုပ္အေလာင္းက်န္ ရွိေနေသာ Sky Villa၏ အေဆာက္အဦ(C) အေဆာင္ႏွင့္ (D)အေဆာင္မ်ားအား ဖယ္ရွားရွင္းလင္းျခင္းမ်ားအျပင္ ႐ုပ္အေလာင္း ထုတ္ယူႏိုင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာ မြန္းလြဲ (၁၁)နာရီဝန္းက်င္အခ်ိန္က C အေဆာင္ (P3)အခန္းမွ အမ်ိဳးသမီးတစ္ဦး၏ ႐ုပ္အေလာင္းကို ထုတ္ယူႏိုင္ခဲ့ၿပီး အဆိုပါအေလာင္းႏွင့္အတူေတြ႕ ရွိေသာ ေ႐ႊနားကပ္(၁)ရံႏွင့္ ေ႐ႊလက္ေကာက္ (၁)ကြင္းအား ေသဆုံးသူ၏ အမ်ိဳးသားထံသို႔ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါ Sky Villa ကြန္ဒိုၿပိဳက်မႈတြင္ ေသဆုံးသူ ႐ုပ္အေလာင္း (၁၀၀)ေက်ာ္ရွိလာကာ အသက္ရွင္လ်က္ ကယ္တင္ႏိုင္ခဲ့သူ (၅၂) ဦးရွိခဲ့ၿပီး ဆက္လက္၍ ေသဆုံးသူမ်ား၏ ႐ုပ္အေလာင္းမ်ားကို ရွာေဖြေနေၾကာင္း သိရသည္။