စမ်းချောင်းရှိ အထပ်မြင့်တိုက်ခန်းတစ်ခုတွင် မီးစက်မီးခိုးငွေရှူမိသောကြောင့် မိသားစုဝင်(၄)ဦးသေဆုံး

 223

သန့်ဇင် (NP News) - မေ ၁

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခုတွင် မီးစက်မီးခိုးငွေရှူရှိုက်မိ၍ မိသားစုဝင် (၄)ဦး သေဆုံးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများထံမှ သိရသည်။
အဆိုပါ မိသားစုဝင်(၄)ဦး၏ ရုပ်အလောင်းများကို ယနေ့(မေလ ၁ ရက်)နံနက်ပိုင်းက စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ရွှေလောင်းလမ်းရှိ တိုက်ခန်းတစ်ခု၏(၄)လွှာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးပြတ်ရင် မီးစက်က Auto နိုးတာနဲ့ Aircon ဖွင့်ပြီးအိပ်နေကြတာ။ အဲဒီမှာ မီးခိုးက အိမ်ခန်းထဲပြန်ဝင်ပြီးတော့ မိသားစု(၄) ယောက်နဲ့ ခွေးလေးတစ်ကောင်က မီးခိုးမွှန်ပြီးဆုံးသွားတာ။ ဘေးပတ်ဝန်းကျင်က လူတွေကအပုတ်နံ့ ရမှ သိရတာ” ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက်(၄၀)နှစ်အရွယ် လင်မယား(၂)ဦး၊ သားဖြစ်သူအသက်(၈)နှစ်အရွယ် အမျိုးသားငယ် တစ်ဦး၊ ၎င်းတို့၏ သေဆုံးသူအမျိုးသမီး၏ ညီမဖြစ်သူ အသက်(၁၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ခွေးတစ်ကောင်တို့မှာ တိုက်ခန်းအတွင်း သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် ယင်းမိသားစု(၄)ဦးသေဆုံးနေသည့် တိုက်ခန်းအတွင်း၌ ဆီကုန်နေသော ဓာတ်ဆီသုံး မီးစက်(၁)လုံး နှင့် Aircon တွေ့ရှိခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။
“ဆုံးနေတာကတော့ အနည်းဆုံး(၂)ရက်လောက် ရှိပြီ။ မိသားစုဝင်(၄)ဦးက လင်မယား(၂)ယောက်နဲ့ သူတို့ရဲ့ ကလေးနှစ်ယောက်ပါ။ ပြီးတော့ ခွေးတစ်ကောင်လည်း ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး သေဆုံးမှုဖြစ်စဉ်အား သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
စမ္းေခ်ာင္းရွိ အထပ္ျမင့္တိုက္ခန္းတစ္ခုတြင္ မီးစက္မီးခိုးေငြရႉမိေသာေၾကာင့္ မိသားစုဝင္(၄)ဦးေသဆုံး
သန႔္ဇင္ (NP News) - ေမ ၁
ရန္ကုန္တိုင္းေဒသႀကီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ အထပ္ျမင့္တိုက္ခန္းတစ္ခုတြင္ မီးစက္မီးခိုးေငြရႉရႈိက္မိ၍ မိသားစုဝင္ (၄)ဦး ေသဆုံးသြားခဲ့ေၾကာင္း မ်က္ျမင္ေတြ႕ရွိခဲ့သည့္ ေဒသခံမ်ားထံမွ သိရသည္။
အဆိုပါ မိသားစုဝင္(၄)ဦး၏ ႐ုပ္အေလာင္းမ်ားကို ယေန႔(ေမလ ၁ ရက္)နံနက္ပိုင္းက စမ္းေခ်ာင္းၿမိဳ႕နယ္၊ လင္းလြန္းေတာင္ရပ္ကြက္၊ ေ႐ႊေလာင္းလမ္းရွိ တိုက္ခန္းတစ္ခု၏(၄)လႊာတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“မီးျပတ္ရင္ မီးစက္က Auto ႏိုးတာနဲ႔ Aircon ဖြင့္ၿပီးအိပ္ေနၾကတာ။ အဲဒီမွာ မီးခိုးက အိမ္ခန္းထဲျပန္ဝင္ၿပီးေတာ့ မိသားစု(၄) ေယာက္နဲ႔ ေခြးေလးတစ္ေကာင္က မီးခိုးမႊန္ၿပီးဆုံးသြားတာ။ ေဘးပတ္ဝန္းက်င္က လူေတြကအပုတ္နံ႔ ရမွ သိရတာ” ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ အသက္(၄၀)ႏွစ္အ႐ြယ္ လင္မယား(၂)ဦး၊ သားျဖစ္သူအသက္(၈)ႏွစ္အ႐ြယ္ အမ်ိဳးသားငယ္ တစ္ဦး၊ ၎တို႔၏ ေသဆုံးသူအမ်ိဳးသမီး၏ ညီမျဖစ္သူ အသက္(၁၆)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးႏွင့္ ေခြးတစ္ေကာင္တို႔မွာ တိုက္ခန္းအတြင္း ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
ထို႔ျပင္ ယင္းမိသားစု(၄)ဦးေသဆုံးေနသည့္ တိုက္ခန္းအတြင္း၌ ဆီကုန္ေနေသာ ဓာတ္ဆီသုံး မီးစက္(၁)လုံး ႏွင့္ Aircon ေတြ႕ရွိခဲ့ရေၾကာင္းလည္း ၎က ဆိုသည္။
“ဆုံးေနတာကေတာ့ အနည္းဆုံး(၂)ရက္ေလာက္ ရွိၿပီ။ မိသားစုဝင္(၄)ဦးက လင္မယား(၂)ေယာက္နဲ႔ သူတို႔ရဲ႕ ကေလးႏွစ္ေယာက္ပါ။ ၿပီးေတာ့ ေခြးတစ္ေကာင္လည္း ပါတယ္” ဟု ၎က ေျပာသည္။
လက္ရွိတြင္ ေသဆုံးသူမ်ား၏ ႐ုပ္အေလာင္းမ်ားကို ရန္ကုန္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး ေသဆုံးမႈျဖစ္စဥ္အား သက္ဆိုင္ရာမွ စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.