ဘဏ္ဍာနှစ် နှစ်ခုဆက်တိုက် (FDI) အနည်းဆုံး ရပ်တည်နေ

306

ပြည့်ဖြိုး(NP News)
မြန်မာနိုင်ငံရဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) သည် ဘဏ္ဍာနှစ် နှစ်ခု ဆက်တိုက် အနည်းဆုံး ပမာဏ ဖြင့်ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA )၏ အချက်အလက်များတွင်တွေ့ရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ပင် ပြည့်မီခြင်းမရှိ ကြောင်းသိရသည်။
DICA ရဲ့ ဖော်ပြချက်အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် FDI ပမာဏက အမေရိကန်ဒေါ်လာ ၆၉၀.၁၈၉ သန်း ရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၆၆၁.၆ သန်းသာ ရရှိခဲ့ကြောင်းသိရသည်။
“ငွေလဲဈေးနှုန်းကို ပုံသေသတ်မှတ်ထားလိုက်ကတည်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ ဝင်တဲ့ ပမာဏနည်းသွားတာ၊ အဓိက ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ အတွက် နိုင်ငံခြားငွေလဲဈေးနှုန်းကအရေးကြီးပါတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၂ ခုအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃၅၇ သန်းကျော်ဖြင့် အများဆုံးဝင်ရောက် ရင်းနှီးမြှုပ်နှံထားသည်။
ဆက်လက်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၁၈၂.၇ သန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၈၇.၇ သန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၅၁ သန်း၊ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၈.၅ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းတွင် ဒေါ်လာ ၂.၆၅ သန်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ၀.၅၂ သန်း ဝင်ရောက် ခဲ့ကြောင်းသိရသည်။
နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှု များအရ စင်ကာပူနိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၆၀.၄၅၈ သန်းဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး တရုတ်နိုင်ငံက ဒေါ်လာ ၉၄ သန်းကျော်ဖြင့် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသူ အဖြစ်ရပ်တည်နေသည် ။
အိမ်နီးချင်း ထိုင်းနိုင်ငံက ဒေါ်လာ ၄၆ သန်းကျော်ဖြင့် တတိယ၊ ဟောင်ကောင်က ဒေါ်လာ ၃၀.၂၃ သန်းကျော်ဖြင့် စတုတ္ထ အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း DICA မှ ထုတ်ပြန်ထားသောစာရင်းများအရသိရသည်။

Zawgyi Version:
ဘ႑ာႏွစ္ ႏွစ္ခုဆက္တိုက္ (FDI) အနည္းဆုံး ရပ္တည္ေန
ျပည့္ၿဖိဳး(NP News)
ျမန္မာႏိုင္ငံရဲ႕ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ (FDI) သည္ ဘ႑ာႏွစ္ ႏွစ္ခု ဆက္တိုက္ အနည္းဆုံး ပမာဏ ျဖင့္ရပ္တည္ေနေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန (DICA )၏ အခ်က္အလက္မ်ားတြင္ေတြ႕ရသည္။
၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္ တစ္ႏွစ္တာကာလအတြင္း ျမန္မာႏိုင္ငံကို ဝင္ေရာက္ခဲ့ေသာ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈ (FDI) ပမာဏသည္ အေမရိကန္ေဒၚလာ သန္း ၇၀၀ ပင္ ျပည့္မီျခင္းမရွိ ေၾကာင္းသိရသည္။
DICA ရဲ႕ ေဖာ္ျပခ်က္အရ ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္တြင္ FDI ပမာဏက အေမရိကန္ေဒၚလာ ၆၉၀.၁၈၉ သန္း ရွိခဲ့ၿပီး ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္မွာလည္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ FDI ဝင္ေရာက္မႈမွာ အေမရိကန္ေဒၚလာ ၆၆၁.၆ သန္းသာ ရရွိခဲ့ေၾကာင္းသိရသည္။
“ေငြလဲေဈးႏႈန္းကို ပုံေသသတ္မွတ္ထားလိုက္ကတည္းက ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေတြ ဝင္တဲ့ ပမာဏနည္းသြားတာ၊ အဓိက ကုန္ထုတ္လုပ္မႈလုပ္ငန္းေတြ အတြက္ ႏိုင္ငံျခားေငြလဲေဈးႏႈန္းကအေရးႀကီးပါတယ္”ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကေျပာသည္။
၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈက႑ ၁၂ ခုအတြင္း ေရနံႏွင့္ သဘာဝဓာတ္ေငြ႕က႑တြင္ အေမရိကန္ေဒၚလာ ၃၅၇ သန္းေက်ာ္ျဖင့္ အမ်ားဆုံးဝင္ေရာက္ ရင္းႏွီးျမႇဳပ္ႏွံထားသည္။
ဆက္လက္ၿပီး ကုန္ထုတ္လုပ္မႈက႑တြင္ ေဒၚလာ ၁၈၂.၇ သန္း၊ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑တြင္ ေဒၚလာ ၈၇.၇ သန္း၊ ဝန္ေဆာင္မႈက႑တြင္ ေဒၚလာ ၅၁ သန္း၊ စြမ္းအင္က႑တြင္ ေဒၚလာ ၈.၅ သန္း၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းတြင္ ေဒၚလာ ၂.၆၅ သန္းႏွင့္ စိုက္ပ်ိဳးေရးက႑တြင္ ၀.၅၂ သန္း ဝင္ေရာက္ ခဲ့ေၾကာင္းသိရသည္။
ႏိုင္ငံအလိုက္ ရင္းႏွီးျမႇဳပ္ႏွံမႈ မ်ားအရ စင္ကာပူႏိုင္ငံသည္ အေမရိကန္ေဒၚလာ ၄၆၀.၄၅၈ သန္းျဖင့္ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထားၿပီး တ႐ုတ္ႏိုင္ငံက ေဒၚလာ ၉၄ သန္းေက်ာ္ျဖင့္ ဒုတိယအမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံသူ အျဖစ္ရပ္တည္ေနသည္ ။
အိမ္နီးခ်င္း ထိုင္းႏိုင္ငံက ေဒၚလာ ၄၆ သန္းေက်ာ္ျဖင့္ တတိယ၊ ေဟာင္ေကာင္က ေဒၚလာ ၃၀.၂၃ သန္းေက်ာ္ျဖင့္ စတုတၳ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း DICA မွ ထုတ္ျပန္ထားေသာစာရင္းမ်ားအရသိရသည္။