မြင်းမူတွင် နေခင်းကြောင်တောင် ဓါးပြတိုက်ရာ ရွှေ ငါးပိဿာ ပါသွား
                        
                            
                             
 1904
 
                             
                            
                            
                         
                        
                        သက်ပိုင် (NP News) – မေ ၂ 
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ မာဃရပ်ကွက်တွင် မေလ ၁ ရက်၊ နေ့လည်ပိုင်းအချိန်က ဓားပြတိုက်ရာ ရွှေငါးပိဿာခန့် နှင့် Light truck ကားတစ်စီး ပါသွားခဲ့ကြောင်း သိရသည်။
 
မြင်းမူမြို့နေ ရွှေဧကရာဇ်ရွှေလုပ်ငန်းပိုင်ရှင် နှင့် ကားဒရိုင်ဘာတို့က နေအိမ်မှ ရွှေဆိုင်သို့သွားရောက်ရန်အိမ်မှ ထွက်စဥ် မျက်နှာဖုံးစွပ် လက်နက်ကိုင်ဆောင်ထားသော လူလေးဦးက ရွှေထည်ပစ္စည်းတင်ဆောင်ထားသော ယာဥ်အား ဓားပြတိုက်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဓားပြတိုက်ပြီးနောက်  မော်တော်ယာဥ်အား ကမ်းနားလမ်းတစ်လျှောက်မောင်းနှင်ခိုင်းရာ မှ 
ဒရိုင်ဘာကို  ကားပေါ်မှကန်ချကာ ယာဥ်အား ဝမ်ပြည့်ကျေးရွာအုပ်စု၊ မြစ်ပေါက်ကျေး ရွာဘက်သို့ မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။
                     
                        
                                                                    
                                
                                
                                        Zawgyi Version: 
သက်ပိုင် (NP News) – မေ ၂ 
 