ဘိုလီးဗီးယားနိုင်ငံမှာ လေယာဉ်တစ်စီး မိကျောင်းတွေ ပေါတဲ့ရွှံ့နွံအိုင်အတွင်း ပျက်ကျခဲ့ပေမယ့်လည်း လိုက်ပါ သွားသူအားလုံး အသက်ရှင်လွတ်မြောက်

301

Pika (NP News) - မေ ၄
ဘိုလီးဗီးယားနိုင်ငံမှာ လူ(၅)ဦးလိုက်ပါလာတဲ့ လေယာဉ်တစ်စင်းဟာ ဘိုလီးဗီးယားအမေဇုန်တောအတွင်းက မိကျောင်းတွေပေါတဲ့ ရွှံ့နွံအိုင်တစ်ခုထဲကို အရေးပေါ်ဆင်းသက်မှုလုပ်ဆောင်ခဲ့ရပေမယ့်လည်း အားလုံး အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ ဒေသတွင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အမျိုးသမီး(၃)ဦး၊ ကလေးငယ်တစ်ဦးနဲ့ အသက်(၂၉)နှစ်အရွယ် လေယာဉ်မှူးတို့ကို ရွှံ့နွံအိုင်အတွင်းကနေ ကောင်းမွန်တဲ့အခြေအနေတွေနဲ့ အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့တယ်လို့ Beni ဒေသက အရေးပေါ် ကယ်ဆယ်ရေး စင်တာရဲ့ဒါရိုက်တာ Wilson Ávila က ပြောကြားခဲ့ပါတယ်။
အင်ဂျင်တစ်လုံးတပ်လေယာဉ်ဟာ Baures မြို့ကနေ (၁၈၀)ကီလိုမီတာလောက်ဝေးတဲ့ Trinidad မြို့ကို ပျံသန်းလာစဉ်အချိန်အတွင်း ယခုလိုအရေးပေါ်ဆင်းသက်မှုကို လုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။ လေယာဉ်က လက်ရှိပျံသန်းနေတဲ့ အမြင့်ပေကနေ နိမ့်ကျလာမှုနဲ့အတူ ရွှံ့နွံအိုင်တစ်ခုအတွင်းမှာ အရေးပေါ်ဆင်းသက်မှုကို လုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့ အသက်(၂၉)နှစ်အရွယ် လေယာဉ်မှူးက ပြောကြားခဲ့ပါ တယ်။
၎င်းတို့နဲ့(၃)မီတာအကွာလောက်မှာ မိကျောင်းတွေကရှိနေခဲ့ပေမယ့်လည်း လေယာဉ်ကထွက်လာတဲ့ ဆီယိုစိမ့်မှု က မိကျောင်းတွေကို တားဆီးခဲ့ပုံပေါ်တယ်လို့ ၎င်းက ထပ်မံပြောကြားခဲ့ပါတယ်။ ပြီးတော့ ရွှံ့နွံအိုင်အတွင်း အန်နာကွန်ဒါမြွေတစ်ကောင်ကိုလည်း တွေ့ခဲ့ရတယ်လို့ လေယာဉ်မှူးက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ၎င်းတို့(၅)ဦးဟာ ရွှံနွံအိုင်အတွင်း (၃၆)နာရီကြာ ပိတ်မိနေခဲ့တာဖြစ်ပြီး ခရီးသည်တစ်ဦးယူလာတဲ့ ဒေသထွက်ဂျုံမှုန့်တွေကိုပဲ စားသောက်ခဲ့ရတယ်လို့ လေယာဉ်မှူးက ပြောကြားခဲ့ပါတယ်။
Zawgyi Version:
ဘိုလီးဗီးယားႏိုင္ငံမွာ ေလယာဥ္တစ္စီး မိေက်ာင္းေတြ ေပါတဲ့႐ႊံ႕ႏြံအိုင္အတြင္း ပ်က္က်ခဲ့ေပမယ့္လည္း လိုက္ပါ သြားသူအားလုံး အသက္ရွင္လြတ္ေျမာက္
Pika (NP News) - ေမ ၄
ဘိုလီးဗီးယားႏိုင္ငံမွာ လူ(၅)ဦးလိုက္ပါလာတဲ့ ေလယာဥ္တစ္စင္းဟာ ဘိုလီးဗီးယားအေမဇုန္ေတာအတြင္းက မိေက်ာင္းေတြေပါတဲ့ ႐ႊံ႕ႏြံအိုင္တစ္ခုထဲကို အေရးေပၚဆင္းသက္မႈလုပ္ေဆာင္ခဲ့ရေပမယ့္လည္း အားလုံး အသက္ရွင္လြတ္ေျမာက္ခဲ့တယ္လို႔ ေဒသတြင္းအာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
အမ်ိဳးသမီး(၃)ဦး၊ ကေလးငယ္တစ္ဦးနဲ႔ အသက္(၂၉)ႏွစ္အ႐ြယ္ ေလယာဥ္မႉးတို႔ကို ႐ႊံ႕ႏြံအိုင္အတြင္းကေန ေကာင္းမြန္တဲ့အေျခအေနေတြနဲ႔ ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ Beni ေဒသက အေရးေပၚ ကယ္ဆယ္ေရး စင္တာရဲ႕ဒါ႐ိုက္တာ Wilson Ávila က ေျပာၾကားခဲ့ပါတယ္။
အင္ဂ်င္တစ္လုံးတပ္ေလယာဥ္ဟာ Baures ၿမိဳ႕ကေန (၁၈၀)ကီလိုမီတာေလာက္ေဝးတဲ့ Trinidad ၿမိဳ႕ကို ပ်ံသန္းလာစဥ္အခ်ိန္အတြင္း ယခုလိုအေရးေပၚဆင္းသက္မႈကို လုပ္ေဆာင္ခဲ့ရတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေလယာဥ္က လက္ရွိပ်ံသန္းေနတဲ့ အျမင့္ေပကေန နိမ့္က်လာမႈနဲ႔အတူ ႐ႊံ႕ႏြံအိုင္တစ္ခုအတြင္းမွာ အေရးေပၚဆင္းသက္မႈကို လုပ္ေဆာင္ခဲ့ရတာျဖစ္တယ္လို႔ အသက္(၂၉)ႏွစ္အ႐ြယ္ ေလယာဥ္မႉးက ေျပာၾကားခဲ့ပါ တယ္။
၎တို႔နဲ႔(၃)မီတာအကြာေလာက္မွာ မိေက်ာင္းေတြကရွိေနခဲ့ေပမယ့္လည္း ေလယာဥ္ကထြက္လာတဲ့ ဆီယိုစိမ့္မႈ က မိေက်ာင္းေတြကို တားဆီးခဲ့ပုံေပၚတယ္လို႔ ၎က ထပ္မံေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ ႐ႊံ႕ႏြံအိုင္အတြင္း အန္နာကြန္ဒါေႁမြတစ္ေကာင္ကိုလည္း ေတြ႕ခဲ့ရတယ္လို႔ ေလယာဥ္မႉးက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ၎တို႔(၅)ဦးဟာ ႐ႊံႏြံအိုင္အတြင္း (၃၆)နာရီၾကာ ပိတ္မိေနခဲ့တာျဖစ္ၿပီး ခရီးသည္တစ္ဦးယူလာတဲ့ ေဒသထြက္ဂ်ဳံမႈန႔္ေတြကိုပဲ စားေသာက္ခဲ့ရတယ္လို႔ ေလယာဥ္မႉးက ေျပာၾကားခဲ့ပါတယ္။