တောင်ငူမြို့နယ်ရှိ ခပေါင်းချောင်းအတွင် တစ်ပတ်အတွင်း လူ(၄)ဦးရေနစ်သေဆုံး

 159

သန့်ဇင်(NP News)-မေ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ ခပေါင်းချောင်းအတွင် တစ်ပတ်အတွင်း လူ(၄)ဦးရေနစ်သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-တောင်ငူထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၅ရက်)၊ ညနေ ၅နာရီအချိန်ခန့်က တောင်ငူမြို့နယ်၊ ပုစုကျေးရွာအနီး၊ ခပေါင်းချောင်းအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မနေ့က နစ်တဲ့ကလေး(၂)ယောက်က တစ်ယောက် ပုစုရွာက။ တစ်ယောက်ကတော့ ဧည်သည်ဖြစ်တဲ့ ကျွန်းကုန်းကကောင်လေး တစ်ယောက်ပေါ့နော်။ ချောင်းထဲမှာ ရေဆင်းကူးရင်းနဲ့ ရေနစ်ဆုံးတာ”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့- တောင်ငူမှ တာဝန်ရှိသူ တစ်ဦးက NP Newsကိုပြောသည်။

အဆိုပါ ရေနစ်သေဆုံးသူ အသက်(၁၅)နှစ်အရွယ် အမျိုးသား(၂)ဦးအနက် လက်ရှိတွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို သာရှာဖွေ တွေ့ ရှိထားပြီး ကျန်အလောင်းအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် မေလ ၄ရက်ကလည်း ခပေါင်းကျေးရွာမှ အမျိုးသား(၂)ဦးသည်လည်း ချောင်းအတွင်းရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ပြီး လက်ရှိတွင် တစ်လောင်းသာ ရှာတွေ့ထားကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။

“ခပေါင်းချောင်းထဲမှာ စုစုပေါင်း အလောင်းက(၄)လောင်းလောက်ဖြစ်သွားမှာပေါ့နော်။ ခပေါင်းရွာကနေ ရေနစ်ပြီး ကျွန်တော်တို့ရှာ တဲ့နေရာကို လာကပ်တာပေါ့နော်။ ကျွန်တော်တို့ရှာနေတာကလည်း ပုစုရွာကတစ်ယောက်နဲ့ ကျွန်းကုန်းကတစ်ယောက်ကို ရှာနေတာ။ ကျွန်းကုန်းကလေးကိုတော့ ညနေ(၆)နာရီမှာတွေ့တယ်။ ကျွန်တော်တို့က မနေ့က ကလေးတွေအလောင်းတွေရှာရင်းနဲ့ အထက်က ခပေါင်းက အလောင်းပါ တွေ့တာပေါ့။ အဲဒီကလည်း (၂)လောင်းပျောက်နေတာ။ တစ်လောင်းကတော့ အခုထိမတွေ့သေးဘူး။ အထက်ကအလောင်း တစ်လောင်းနဲ့ အောက်က တစ်လောင်းပဲ တွေ့သေးတာပေါ့။ ကျန်တဲ့ (၂)လောင်းကတော့ မတွေ့သေးဘူး”ဟု ၎င်းကပြောသည်။

ထို့ကြောင့် တစ်ပတ်အတွင်း ခပေါင်းချောင်း၌ ရေနစ်သေဆုံးသူ (၄)ဦးရှိခဲ့ရာမှ လက်ရှိတွင် ရှာဖွေတွေ့ရှိထားသော အမျိုးသား(၂)ဦး၏ ရုပ်အလောင်းများကို တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ကျန်ရှိသည့် ရုပ်အလောင်း(၂)လောင်းအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေတာင္ငူၿမိဳ႕နယ္ရွိ ခေပါင္းေခ်ာင္းအတြင္ တစ္ပတ္အတြင္း လူ(၄)ဦးေရနစ္ေသဆုံး

သန႔္ဇင္(NP News)-ေမ ၆

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္ရွိ ခေပါင္းေခ်ာင္းအတြင္ တစ္ပတ္အတြင္း လူ(၄)ဦးေရနစ္ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕-ေတာင္ငူထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၅ရက္)၊ ညေန ၅နာရီအခ်ိန္ခန႔္က ေတာင္ငူၿမိဳ႕နယ္၊ ပုစုေက်း႐ြာအနီး၊ ခေပါင္းေခ်ာင္းအတြင္း ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“မေန႔က နစ္တဲ့ကေလး(၂)ေယာက္က တစ္ေယာက္ ပုစု႐ြာက။ တစ္ေယာက္ကေတာ့ ဧည္သည္ျဖစ္တဲ့ ကြၽန္းကုန္းကေကာင္ေလး တစ္ေယာက္ေပါ့ေနာ္။ ေခ်ာင္းထဲမွာ ေရဆင္းကူးရင္းနဲ႔ ေရနစ္ဆုံးတာ”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕- ေတာင္ငူမွ တာဝန္ရွိသူ တစ္ဦးက NP Newsကိုေျပာသည္။

အဆိုပါ ေရနစ္ေသဆုံးသူ အသက္(၁၅)ႏွစ္အ႐ြယ္ အမ်ိဳးသား(၂)ဦးအနက္ လက္ရွိတြင္ အမ်ိဳးသားတစ္ဦး၏ ႐ုပ္အေလာင္းကို သာရွာေဖြ ေတြ႕ ရွိထားၿပီး က်န္အေလာင္းအား ဆက္လက္ရွာေဖြလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ေမလ ၄ရက္ကလည္း ခေပါင္းေက်း႐ြာမွ အမ်ိဳးသား(၂)ဦးသည္လည္း ေခ်ာင္းအတြင္းေရနစ္ေသဆုံးမႈျဖစ္ပြားခဲ့ၿပီး လက္ရွိတြင္ တစ္ေလာင္းသာ ရွာေတြ႕ထားေၾကာင္း အထက္ပါ တာဝန္ရွိသူက ဆက္ေျပာသည္။

“ခေပါင္းေခ်ာင္းထဲမွာ စုစုေပါင္း အေလာင္းက(၄)ေလာင္းေလာက္ျဖစ္သြားမွာေပါ့ေနာ္။ ခေပါင္း႐ြာကေန ေရနစ္ၿပီး ကြၽန္ေတာ္တို႔ရွာ တဲ့ေနရာကို လာကပ္တာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ရွာေနတာကလည္း ပုစု႐ြာကတစ္ေယာက္နဲ႔ ကြၽန္းကုန္းကတစ္ေယာက္ကို ရွာေနတာ။ ကြၽန္းကုန္းကေလးကိုေတာ့ ညေန(၆)နာရီမွာေတြ႕တယ္။ ကြၽန္ေတာ္တို႔က မေန႔က ကေလးေတြအေလာင္းေတြရွာရင္းနဲ႔ အထက္က ခေပါင္းက အေလာင္းပါ ေတြ႕တာေပါ့။ အဲဒီကလည္း (၂)ေလာင္းေပ်ာက္ေနတာ။ တစ္ေလာင္းကေတာ့ အခုထိမေတြ႕ေသးဘူး။ အထက္ကအေလာင္း တစ္ေလာင္းနဲ႔ ေအာက္က တစ္ေလာင္းပဲ ေတြ႕ေသးတာေပါ့။ က်န္တဲ့ (၂)ေလာင္းကေတာ့ မေတြ႕ေသးဘူး”ဟု ၎ကေျပာသည္။

ထို႔ေၾကာင့္ တစ္ပတ္အတြင္း ခေပါင္းေခ်ာင္း၌ ေရနစ္ေသဆုံးသူ (၄)ဦးရွိခဲ့ရာမွ လက္ရွိတြင္ ရွာေဖြေတြ႕ရွိထားေသာ အမ်ိဳးသား(၂)ဦး၏ ႐ုပ္အေလာင္းမ်ားကို ေတာင္ငူျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး က်န္ရွိသည့္ ႐ုပ္အေလာင္း(၂)ေလာင္းအား ဆက္လက္ရွာေဖြလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.