မန္တလေး တံတားဦး လေဆိပ်တွင် MNA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ဘီးပေါက်ကာ မီးလောင်မှု ဖြစ်

 493

သုတကျော် (NP News) – မေလ ၆

မန္တလေးမြို့ရှိ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အတက်တွင် MNA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ဘီးပေါက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သူ ခရီးသည်တစ်ဦးက ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် အခင်းဖြစ် ဗွီဒီယိုဖိုင် နှင့် အတူ ဖြစ်စဉ်ကို မျှဝေထားသည်။
ယင်းဖြစ်စဉ်မှာ ယနေ့ (မေလ ၆ ရက်) ညနေပိုင်း ၆ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ မန္တလေး မှ ရန်ကုန်သို့ ပျံသန်းမည့် ယင်း လေယာဉ်သည် ပြေးလမ်းမှ အတက်တွင် ဘီးပေါက်ကာ မီးလောင်ခဲ့ခြင်း ဖြစ်ပြီး ခရီးသည်များ ဘေးကင်းကြောင်းလည်း သိရသည်။
ဖြစ်စဉ်တွင် လေယာဉ် ၏ ညာဘက် ဘီးပေါက်ကာ မီးလောင်ခြင်း ဖြစ်ပြီး မီးလောင်နေသော ဘီးနေရာကို မီးသတ်ကားဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း ခရီးသည်၏ ရေးသားထားချက်အရ သိရသည်။
“လေယာဥ် စအတွက် အရှိန်ယူပြီးမှ ရုတ်တရက်ကြီ desk stop အုပ်တာ သိလိုက်တော့ ဘာဖြစ်တာလဲပေါ့။ လေယာဥ် ပြန်လှည့်ပြီး အရှိန်ပြန်ယူတက်တယ်။ ဘီးသံက မညက်တော့ဘူး။ သံ အသံတွေထွက်လာပြီ။ Captain က လည်း ဖြည်းဖြည်းချင်း ပြန်ထိန်းပြီး လေယာဥ်ကို ရပ်လိုက်တယ်။ ဘုရားပေးတဲ့ အသိတရားတခုက သူငယ်ချင်းကို ပြောလိုက်တယ်။ " ဘီးပေါက်ပြီ" လို့။ လေယာဥ်ဘီးပေါက်တာ ကို announcement မလုပ်ဘူး။ "စက်ချို့ယွင်းနေတယ် စစ်ဆေးနေတယ်"ချည်း ပြောပြီး ၁၅ မိနစ်လောက် ခရီးသည်တွေကို ထိုင်ရာက မထခိုင်းဘူး။ စောင့်နေရင်းနဲ့ ညှော်နံ့က ထွက်လာပြီ။ ဘာတံခါးမှ ဖွင့်မပေးဘူး။ ကိုယ်တွေကို ညှော်ခံခိုင်းတယ်။ အဲ့ချိန်မှာ ခရီးသည်တွေ ငိုသူ အော်သူ open the door ဆိုပြီး နိုင်ငံခြားသားတွေအော် သံနဲ့ ယောက်ယက် ခတ်ကုန်ပြီ။ နောက်ဖက်က "မီးလောင်နေတယ်" ဆိုတဲ့အသံနဲ့အတူ ရှေ့ဖက်ကို ထွက်လာကြတော့ ပိုဆိုးရော” ဟု ယင်း ခရီးသည်က အခင်းဖြစ်စဉ်က အချိန်ကို ပြန်လည် ရေးသားထားသည်။
ယင်းနောက် ၁၀ မိနစ်အကြာတွင် ကပ္ပတိန်က ဘီးပေါက်ကာ မီးလောင်သွားကြောင်း နှင့် မီးငြိမ်းပြီ ဖြစ်ကာ လုံခြုံကြောင်း ပြောကြားခဲ့သည်ဟုလည်း ယင်းခရီးသည်က ရေးသားထားသည်။

zawgyi version
မႏၲေလး တံတားဦး ေလဆိပ္တြင္ MNA ေလေၾကာင္းလိုင္းမွ ေလယာဥ္တစ္စီး ဘီးေပါက္ကာ မီးေလာင္မႈ ျဖစ္
သုတေက်ာ္ (NP News) – ေမလ ၆

မႏၲေလးၿမိဳ႕ရွိ တံတားဦး အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ အတက္တြင္ MNA ေလေၾကာင္းလိုင္းမွ ေလယာဥ္တစ္စီး ဘီးေပါက္ကာ မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း ေလယာဥ္ေပၚတြင္ လိုက္ပါခဲ့သူ ခရီးသည္တစ္ဦးက ၎၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ အခင္းျဖစ္ ဗြီဒီယိုဖိုင္ ႏွင့္ အတူ ျဖစ္စဥ္ကို မွ်ေဝထားသည္။
ယင္းျဖစ္စဥ္မွာ ယေန႔ (ေမလ ၆ ရက္) ညေနပိုင္း ၆ နာရီခြဲ အခ်ိန္ခန႔္က ျဖစ္ပြားခဲ့ျခင္း ျဖစ္ကာ မႏၲေလး မွ ရန္ကုန္သို႔ ပ်ံသန္းမည့္ ယင္း ေလယာဥ္သည္ ေျပးလမ္းမွ အတက္တြင္ ဘီးေပါက္ကာ မီးေလာင္ခဲ့ျခင္း ျဖစ္ၿပီး ခရီးသည္မ်ား ေဘးကင္းေၾကာင္းလည္း သိရသည္။
ျဖစ္စဥ္တြင္ ေလယာဥ္ ၏ ညာဘက္ ဘီးေပါက္ကာ မီးေလာင္ျခင္း ျဖစ္ၿပီး မီးေလာင္ေနေသာ ဘီးေနရာကို မီးသတ္ကားျဖင့္ ျငႇိမ္းသတ္ခဲ့ရေၾကာင္း ခရီးသည္၏ ေရးသားထားခ်က္အရ သိရသည္။
“ေလယာဥ္ စအတြက္ အရွိန္ယူၿပီးမွ ႐ုတ္တရက္ႀကီ desk stop အုပ္တာ သိလိုက္ေတာ့ ဘာျဖစ္တာလဲေပါ့။ ေလယာဥ္ ျပန္လွည့္ၿပီး အရွိန္ျပန္ယူတက္တယ္။ ဘီးသံက မညက္ေတာ့ဘူး။ သံ အသံေတြထြက္လာၿပီ။ Captain က လည္း ျဖည္းျဖည္းခ်င္း ျပန္ထိန္းၿပီး ေလယာဥ္ကို ရပ္လိုက္တယ္။ ဘုရားေပးတဲ့ အသိတရားတခုက သူငယ္ခ်င္းကို ေျပာလိုက္တယ္။ " ဘီးေပါက္ၿပီ" လို႔။ ေလယာဥ္ဘီးေပါက္တာ ကို announcement မလုပ္ဘူး။ "စက္ခ်ိဳ႕ယြင္းေနတယ္ စစ္ေဆးေနတယ္"ခ်ည္း ေျပာၿပီး ၁၅ မိနစ္ေလာက္ ခရီးသည္ေတြကို ထိုင္ရာက မထခိုင္းဘူး။ ေစာင့္ေနရင္းနဲ႔ ေညႇာ္နံ႔က ထြက္လာၿပီ။ ဘာတံခါးမွ ဖြင့္မေပးဘူး။ ကိုယ္ေတြကို ေညႇာ္ခံခိုင္းတယ္။ အဲ့ခ်ိန္မွာ ခရီးသည္ေတြ ငိုသူ ေအာ္သူ open the door ဆိုၿပီး ႏိုင္ငံျခားသားေတြေအာ္ သံနဲ႔ ေယာက္ယက္ ခတ္ကုန္ၿပီ။ ေနာက္ဖက္က "မီးေလာင္ေနတယ္" ဆိုတဲ့အသံနဲ႔အတူ ေရွ႕ဖက္ကို ထြက္လာၾကေတာ့ ပိုဆိုးေရာ” ဟု ယင္း ခရီးသည္က အခင္းျဖစ္စဥ္က အခ်ိန္ကို ျပန္လည္ ေရးသားထားသည္။
ယင္းေနာက္ ၁၀ မိနစ္အၾကာတြင္ ကပၸတိန္က ဘီးေပါက္ကာ မီးေလာင္သြားေၾကာင္း ႏွင့္ မီးၿငိမ္းၿပီ ျဖစ္ကာ လုံၿခဳံေၾကာင္း ေျပာၾကားခဲ့သည္ဟုလည္း ယင္းခရီးသည္က ေရးသားထားသည္။

Related news

© 2021. All rights reserved.