နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတက်ရောက်ရန် နစက ဥက္ကဋ္ဌ ရုရှားနိုင်ငံသို့ စတင်ထွက်ခွာ

 506

Pearl (NP News) - မေ ၇

ရုရှားနိုင်ငံ၏ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတက်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ယနေ့ (မေလ ၇ ရက်) မနက်ပိုင်းက ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့တက်ရောက်ရန်အတွက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း နစကဥက္ကဋ္ဌသည် စစ်ရေးပြအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင် ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင်ဆောင် ရွက်သွားမည်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အလားတူ နစကဥက္ကဋ္ဌ၏ဇနီး ဒေါ်ကြူကြူလှသည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Matvienko နှင့် BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌ Ms. Anna Nesterova တို့နှင့် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

zawgyi version
ႏွစ္(၈၀)ျပည့္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားတက္ေရာက္ရန္ နစက ဥကၠ႒ ႐ုရွားႏိုင္ငံသို႔ စတင္ထြက္ခြာ
Pearl (NP News) - ေမ ၇

႐ုရွားႏိုင္ငံ၏ မဟာမ်ိဳးခ်စ္ စစ္ပြဲႀကီး ေအာင္ပြဲ ႏွစ္(၈၀)ျပည့္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားတက္ေရာက္ရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ႐ုရွားႏိုင္ငံသို႔ ယေန႔ (ေမလ ၇ ရက္) မနက္ပိုင္းက ထြက္ခြာသြားခဲ့ေၾကာင္း သိရသည္။

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ မစၥတာ ဗလာဒီမာပူတင္၏ဖိတ္ၾကားခ်က္အရ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္မည့္ ၁၉၄၁-၁၉၄၅ မဟာမ်ိဳးခ်စ္စစ္ပြဲႀကီးေအာင္ပြဲႏွစ္(၈၀)ျပည့္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားသို႔တက္ေရာက္ရန္အတြက္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ ကိုယ္စားလွယ္အဖြဲ႕သည္ အထူးေလယာဥ္ျဖင့္ ေနျပည္ေတာ္ တပ္မေတာ္ေလဆိပ္မွ ထြက္ခြာသြားခဲ့ျခင္းျဖစ္သည္။

ခရီးစဥ္အတြင္း နစကဥကၠ႒သည္ စစ္ေရးျပအခမ္းအနားႏွင့္ ဆက္စပ္အခမ္းအနားမ်ားသို႔ တက္ေရာက္ျခင္း၊ အခမ္းအနားသို႔ တက္ေရာက္လာၾကသူမ်ားႏွင့္ သီးျခားေတြ႕ဆုံေဆြးေႏြးျခင္းမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ခ်စ္ၾကည္ေရးခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ားအၾကား ခ်စ္ၾကည္ေရး၊ စီးပြားေရး၊ လုံၿခဳံေရးဆိုင္ရာမ်ားႏွင့္ က႑ေပါင္းစုံတြင္ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ ရာကိစၥရပ္မ်ား ပိုမိုတိုးတက္ခိုင္မာေအာင္ေဆာင္ ႐ြက္သြားမည္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

အလားတူ နစကဥကၠ႒၏ဇနီး ေဒၚၾကဴၾကဴလွသည္လည္း ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံဖက္ဒရယ္ေကာင္စီလႊတ္ေတာ္ဥကၠ႒ Mrs. Valentina Matvienko ႏွင့္ BRICS အမ်ိဳးသမီးစီးပြားေရး မဟာမိတ္အဖြဲ႕ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံဆိုင္ရာဥကၠ႒ Ms. Anna Nesterova တို႔ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.