ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင်အမှန်တရားကို ရုရှားနှင့်တရုတ်တို့က ဘယ်တော့မှမမေ့ကြောင်း သမ္မတပူတင် ပြော

256

Pika (NP News) - မေ ၁ဝ
ရုရှားနှင့်တရုတ်တို့သည် သမိုင်းဝင်အမှန်တရားကို ခိုင်မာစွာ ခုခံကာကွယ်နေကြပြီး ဒုတိယကမ္ဘာစစ်အတွင်း ၎င်းတို့နိုင်ငံများတွင် ဆုံးရှုံးခဲ့ရသည့် မရေမတွက်နိုင်သော လူများကို အောက်မေ့သတိရကြောင်း ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။
ပူတင်သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် မော်စကိုမြို့တွင် တွေ့ဆုံစဉ်အချိန်အတွင်း ယခုကဲ့သို့ မှတ်ချက်ပြု ပြောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရှီကျင့်ဖျင်သည် နာဇီဂျာမနီကို အောင်နိုင်မှု နှစ်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် မော်စကိုမြို့တွင် ကျင်းပမည့်အခမ်းအနားကို တက်ရောက်မည့် ကမ္ဘာ့ခေါင်းဆောင်(၂)ဒါဇင်ကျော်ထဲတွင် ပါဝင် ကြောင်းလည်း သိရသည်။
ထို့ပြင် ရှီကျင့်ဖျင်သည် ရုရှားအစိုးရအရာရှိများနှင့် ဆွေးနွေးမှုများလုပ်ဆောင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ မေလ(၈)ရက်က တွေ့ဆုံစဉ်အချိန်အတွင်း ရုရှားနိုင်ငံကို လာရောက်လည်ပတ်မှုနှင့် နာဇီဂျာမနီကို အောင်နိုင်မှု နှစ်(၈၀)ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုမှုတွင် ပါဝင်ခြင်းအတွက် ရှီကျင့်ဖျင်ကို ကျေးဇူးတင်ကြောင်း ပူတင် က ပြောကြားခဲ့သည်။
ပူတင်က “ကျွန်တော်တို့နှစ်နိုင်ငံစလုံးက လုပ်ဆောင်ခဲ့တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ဘယ်တော့မှ မမေ့သင့်ပါ ဘူး။ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုက လူပေါင်း(၂၇)သန်းနီးပါးကို ဆုံးရှုံးခဲ့ရပြီး တရုတ်နိုင်ငံ ကလည်း လွတ်လပ်ရေးရဖို့အတွက် လူပေါင်း(၃၇)သန်းကျော် ဆုံးရှုံးခဲ့ရပါတယ်” ဟု ပြောခဲ့သည်။
ထို့ပြင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အင်ပါယာအပေါ် တရုတ်၏အနိုင်ရရှိမှုအခမ်းအနားသို့ ၎င်းကို ဖိတ်ကြားခြင်း အတွက် ရှီကျင့်ဖျင်ကို ကျေးဇူးတင်ကြောင်း ပူတင်က ထပ်မံပြောကြားခဲ့သည်။

Zawgyi Version:
ဒုတိယကမာၻစစ္အတြင္း သမိုင္းဝင္အမွန္တရားကို ႐ုရွားႏွင့္တ႐ုတ္တို႔က ဘယ္ေတာ့မွမေမ့ေၾကာင္း သမၼတပူတင္ ေျပာ
Pika (NP News) - ေမ ၁ဝ
႐ုရွားႏွင့္တ႐ုတ္တို႔သည္ သမိုင္းဝင္အမွန္တရားကို ခိုင္မာစြာ ခုခံကာကြယ္ေနၾကၿပီး ဒုတိယကမာၻစစ္အတြင္း ၎တို႔ႏိုင္ငံမ်ားတြင္ ဆုံးရႈံးခဲ့ရသည့္ မေရမတြက္ႏိုင္ေသာ လူမ်ားကို ေအာက္ေမ့သတိရေၾကာင္း ႐ုရွားသမၼတ ပူတင္က ေျပာၾကားခဲ့သည္။
ပူတင္သည္ တ႐ုတ္သမၼတရွီက်င့္ဖ်င္ႏွင့္ ေမာ္စကိုၿမိဳ႕တြင္ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုကဲ့သို႔ မွတ္ခ်က္ျပဳ ေျပာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ရွီက်င့္ဖ်င္သည္ နာဇီဂ်ာမနီကို ေအာင္ႏိုင္မႈ ႏွစ္(၈၀)ျပည့္ အထိမ္းအမွတ္အျဖစ္ ေမာ္စကိုၿမိဳ႕တြင္ က်င္းပမည့္အခမ္းအနားကို တက္ေရာက္မည့္ ကမာၻ႔ေခါင္းေဆာင္(၂)ဒါဇင္ေက်ာ္ထဲတြင္ ပါဝင္ ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ရွီက်င့္ဖ်င္သည္ ႐ုရွားအစိုးရအရာရွိမ်ားႏွင့္ ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ စီစဥ္ထားေၾကာင္းလည္း သိရသည္။ ေမလ(၈)ရက္က ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ႐ုရွားႏိုင္ငံကို လာေရာက္လည္ပတ္မႈႏွင့္ နာဇီဂ်ာမနီကို ေအာင္ႏိုင္မႈ ႏွစ္(၈၀)ျပည့္ အထိမ္းအမွတ္ကို ဂုဏ္ျပဳမႈတြင္ ပါဝင္ျခင္းအတြက္ ရွီက်င့္ဖ်င္ကို ေက်းဇူးတင္ေၾကာင္း ပူတင္ က ေျပာၾကားခဲ့သည္။
ပူတင္က “ကြၽန္ေတာ္တို႔ႏွစ္ႏိုင္ငံစလုံးက လုပ္ေဆာင္ခဲ့တဲ့ စြန႔္လႊတ္အနစ္နာခံမႈေတြကို ဘယ္ေတာ့မွ မေမ့သင့္ပါ ဘူး။ ဒုတိယကမာၻစစ္အတြင္း ဆိုဗီယက္ျပည္ေထာင္စုက လူေပါင္း(၂၇)သန္းနီးပါးကို ဆုံးရႈံးခဲ့ရၿပီး တ႐ုတ္ႏိုင္ငံ ကလည္း လြတ္လပ္ေရးရဖို႔အတြက္ လူေပါင္း(၃၇)သန္းေက်ာ္ ဆုံးရႈံးခဲ့ရပါတယ္” ဟု ေျပာခဲ့သည္။
ထို႔ျပင္ ဒုတိယကမာၻစစ္အတြင္း ဂ်ပန္အင္ပါယာအေပၚ တ႐ုတ္၏အႏိုင္ရရွိမႈအခမ္းအနားသို႔ ၎ကို ဖိတ္ၾကားျခင္း အတြက္ ရွီက်င့္ဖ်င္ကို ေက်းဇူးတင္ေၾကာင္း ပူတင္က ထပ္မံေျပာၾကားခဲ့သည္။