နေပြည်တော်တွင် အရက်မူးပြီး လမ်းပေါ်တက်အိပ်နေသောအမျိုးသားတစ်ဦး ကားအဆင့်ဆင့်ကြိတ်ခံရ၍ သေဆုံး

 717

သန့်ဇင် (NP News) - မေ ၁ဝ

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်တွင် အရက်မူးပြီး ကားလမ်းပေါ်တက်အိပ်နေသည့် အမျိုးသားတစ်ဦး ကားအဆင့်ဆင့်ကြိတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မေလ ၁ဝ ရက်)၊ နံနက် ၁ နာရီဝန်းကျင်အချိန်ခန့်က ရန်ကု-မန္တလေးလမ်းဟောင်း၊ ဝင်ပျံကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပထမကားကတိုက်သွားတယ်။ တိုက်သွားပြီးတော့မှ ညဥ့်နက်နေတော့ မမြင်တော့ အခြားကားတွေကလည်း အဆင့်ဆင့်ကြိတ်သွားမိတာ။ အဲဒါကြောင့် သူ့အသက်ကို ခန့်မှန်းခြေလည်းမသိရ။ နာမည်လည်းမသိရသေးဘူးဗျ” ဟု ကရုဏာရှင်လူမှုကူညီရေးအသင်းမှ တာဝန် ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါကားကြိတ်ခံရမှုကြောင့် သေဆုံးသူ၏ရုပ်အလောင်းမှာ များစွာပျက်စီးသွားခဲ့ရပြီး အမျိုးသားတစ်ဦးဖြစ်ကြောင်းသာ အတည်ပြု ထား နိုင်ဆဲဖြစ်ကြောင်း သိရသည်။

“အခုထိတော့ သက်ဆိုင်ရာက စုံစမ်းနေပါတယ်။ လူပျောက်လို့သတင်းလာမေးတဲ့သူတွေလည်းမရှိသေးပါဘူး။ ကျွန်တော် Facebook မှာ တင်ထားတုန်းပဲ ရှိပါသေးတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် သေဆုံးသူ၏ ရုပ်အလောင်းကို ကရုဏာရှင်လူမှုကူညီရေးအသင်း နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့(မေလ ၉ ရက်)မွန်းလွဲပိုင်းအချိန်ခန့်ကည်း တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နှင့် ကေတုမတီမြို့သစ်ကြား ရန်ကုန်-မန္တလေး အမြန်လမ်း ဆီဘောက်ဆာ(၂)ကားစီးတိုက်မိကာ အမျိုးသားတစ်ဦးသေဆုံးကာ (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေနျပည္ေတာ္တြင္ အရက္မူးၿပီး လမ္းေပၚတက္အိပ္ေနေသာအမ်ိဳးသားတစ္ဦး ကားအဆင့္ဆင့္ႀကိတ္ခံရ၍ ေသဆုံး
သန႔္ဇင္ (NP News) - ေမ ၁ဝ

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေဇယ်ာသီရိၿမိဳ႕နယ္တြင္ အရက္မူးၿပီး ကားလမ္းေပၚတက္အိပ္ေနသည့္ အမ်ိဳးသားတစ္ဦး ကားအဆင့္ဆင့္ႀကိတ္ခံရ၍ ေသဆုံးသြားခဲ့ေၾကာင္း က႐ုဏာရွင္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ေမလ ၁ဝ ရက္)၊ နံနက္ ၁ နာရီဝန္းက်င္အခ်ိန္ခန႔္က ရန္ကု-မႏၲေလးလမ္းေဟာင္း၊ ဝင္ပ်ံေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ပထမကားကတိုက္သြားတယ္။ တိုက္သြားၿပီးေတာ့မွ ညဥ့္နက္ေနေတာ့ မျမင္ေတာ့ အျခားကားေတြကလည္း အဆင့္ဆင့္ႀကိတ္သြားမိတာ။ အဲဒါေၾကာင့္ သူ႔အသက္ကို ခန႔္မွန္းေျခလည္းမသိရ။ နာမည္လည္းမသိရေသးဘူးဗ်” ဟု က႐ုဏာရွင္လူမႈကူညီေရးအသင္းမွ တာဝန္ ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါကားႀကိတ္ခံရမႈေၾကာင့္ ေသဆုံးသူ၏႐ုပ္အေလာင္းမွာ မ်ားစြာပ်က္စီးသြားခဲ့ရၿပီး အမ်ိဳးသားတစ္ဦးျဖစ္ေၾကာင္းသာ အတည္ျပဳ ထား ႏိုင္ဆဲျဖစ္ေၾကာင္း သိရသည္။

“အခုထိေတာ့ သက္ဆိုင္ရာက စုံစမ္းေနပါတယ္။ လူေပ်ာက္လို႔သတင္းလာေမးတဲ့သူေတြလည္းမရွိေသးပါဘူး။ ကြၽန္ေတာ္ Facebook မွာ တင္ထားတုန္းပဲ ရွိပါေသးတယ္” ဟု ၎က ဆက္ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးသူ၏ ႐ုပ္အေလာင္းကို က႐ုဏာရွင္လူမႈကူညီေရးအသင္း ေနျပည္ေတာ္ကုတင္(၁၀၀၀)ျပည္သူ႔ေဆး႐ုံႀကီးပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အလားတူ ယမန္ေန႔(ေမလ ၉ ရက္)မြန္းလြဲပိုင္းအခ်ိန္ခန႔္ကည္း ေတာင္ငူၿမိဳ႕နယ္၊ ေရတာရွည္ၿမိဳ႕ႏွင့္ ေကတုမတီၿမိဳ႕သစ္ၾကား ရန္ကုန္-မႏၲေလး အျမန္လမ္း ဆီေဘာက္ဆာ(၂)ကားစီးတိုက္မိကာ အမ်ိဳးသားတစ္ဦးေသဆုံးကာ (၄)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.