စစ်ဘက်ဆိုင်ရာတိုက်ခိုက်မှုမှန်သမျှကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည်ဟု အိန္ဒိယအစိုးရ သတိပေး

42

Pika (NP News) - မေ ၁ဝ
ပါကစ္စတန်၏ စစ်ဘက်ဆိုင်ရာလုပ်ရပ်မှန်သမျှကို လက်တုံ့ပြန်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ခြားရေးဝန်ကြီး Subrahmanyam Jaishankar က သတိပေးပြောခဲ့သည်။ အိန္ဒိယစစ်တပ်က ပါကစ္စတန်ဘက်ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar ၏ သတိပေးပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
Subrahmanyam Jaishankar က “ကျွန်တော်တို့ရဲ့လက်တုံ့ပြန်မှုတွေက တိကျပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေ ဖြစ်မှာပါ။ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကို အရှိန်မြှင့်တင်ဖို့က ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး” ဟုပြောသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar သည် အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော အီရန်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ်အချိန်အတွင်း ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Subrahmanyam Jaishankar က “ပြီးတော့ ကျွန်တော်တို့အပေါ် စစ်ဘက်ဆိုင်ရာတိုက်ခိုက်မှုတွေ ရှိလာခဲ့မယ်ဆို ရင် အလွန်ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေရှိလာမယ်ဆိုတာကို ကျွန်တော်တို့ဘက်က အာမခံပါတယ်” ဟု ပြောခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ(၂၂)ရက်တွင် ကတ်ရှ်မီးယားပြည်နယ်မှာ လူ(၂၆)ဦးကို သေဆုံးစေခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနှင့်ပါကစ္စတန်ကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုကို ပါကစ္စတန်အစိုးရက ပံ့ပိုးပေးမှုများလုပ်ဆောင်ခဲ့ကြောင်း အိန္ဒိယအစိုးရက စွပ်စွဲပြောဆိုခဲ့ပြီး ယင်းစွပ်စွဲပြောဆိုချက်များကို ပါကစ္စတန်ဘက်က ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

Zawgyi Version:
စစ္ဘက္ဆိုင္ရာတိုက္ခိုက္မႈမွန္သမွ်ကို ျပင္းျပင္းထန္ထန္ လက္တုံ႔ျပန္သြားမည္ဟု အိႏၵိယအစိုးရ သတိေပး
Pika (NP News) - ေမ ၁ဝ
ပါကစၥတန္၏ စစ္ဘက္ဆိုင္ရာလုပ္ရပ္မွန္သမွ်ကို လက္တုံ႔ျပန္မႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အိႏၵိယႏိုင္ငံ ျခားေရးဝန္ႀကီး Subrahmanyam Jaishankar က သတိေပးေျပာခဲ့သည္။ အိႏၵိယစစ္တပ္က ပါကစၥတန္ဘက္ကို ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာတြင္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Subrahmanyam Jaishankar ၏ သတိေပးေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
Subrahmanyam Jaishankar က “ကြၽန္ေတာ္တို႔ရဲ႕လက္တုံ႔ျပန္မႈေတြက တိက်ျပင္းထန္တဲ့ လက္တုံ႔ျပန္မႈေတြ ျဖစ္မွာပါ။ လက္ရွိျဖစ္ပြားေနတဲ့အေျခအေနေတြကို အရွိန္ျမႇင့္တင္ဖို႔က ကြၽန္ေတာ္တို႔ရဲ႕ ရည္႐ြယ္ခ်က္ မဟုတ္ပါဘူး” ဟုေျပာသည္။
အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Subrahmanyam Jaishankar သည္ အိႏၵိယႏိုင္ငံသို႔ အလည္အပတ္ေရာက္ရွိေနေသာ အီရန္ကိုယ္စားလွယ္အဖြဲ႕ႏွင့္ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Subrahmanyam Jaishankar က “ၿပီးေတာ့ ကြၽန္ေတာ္တို႔အေပၚ စစ္ဘက္ဆိုင္ရာတိုက္ခိုက္မႈေတြ ရွိလာခဲ့မယ္ဆို ရင္ အလြန္ျပင္းထန္တဲ့ လက္တုံ႔ျပန္မႈေတြရွိလာမယ္ဆိုတာကို ကြၽန္ေတာ္တို႔ဘက္က အာမခံပါတယ္” ဟု ေျပာခဲ့သည္။
ၿပီးခဲ့သည့္ ဧၿပီလ(၂၂)ရက္တြင္ ကတ္ရွ္မီးယားျပည္နယ္မွာ လူ(၂၆)ဦးကို ေသဆုံးေစခဲ့သည့္ အၾကမ္းဖက္ တိုက္ခိုက္မႈတစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ အိႏၵိယႏွင့္ပါကစၥတန္ၾကား တင္းမာမႈမ်ား ျမင့္တက္လာခဲ့ျခင္းျဖစ္သည္။ အဆိုပါအၾကမ္းဖက္တိုက္ခိုက္မႈကို ပါကစၥတန္အစိုးရက ပံ့ပိုးေပးမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း အိႏၵိယအစိုးရက စြပ္စြဲေျပာဆိုခဲ့ၿပီး ယင္းစြပ္စြဲေျပာဆိုခ်က္မ်ားကို ပါကစၥတန္ဘက္က ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရသည္။