'The Intern' ကိုရီးယားဗားရှင်းမှာ အန်းဟက်သာဝေးရဲ့ဇာတ်ကောင်နေရာက ပါဝင်လာမယ့် ဟန်ဆိုဟီး

 97

ရောင်နီ (NP News) - မေ ၁ဝ

တောင်ကိုရီးယား မင်းသမီး ဟန်ဆိုဟီးဟာ ၂၀၁၅ ခုနှစ်ထွက် ဟောလိဝုဒ်ရုပ်ရှင် 'The Intern' ကို ကိုရီးယား ဗားရှင်းရိုက်ကူးမယ့်ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီး အန်းဟက်သာဝေးရဲ့ဇာတ်ကောင်နေရာက ပါဝင်သွား မယ်လို့ မေလ ၉ ရက်က သိရပါတယ်။
ဒါရိုက်တာ နန်စီမီရာစ် ရိုက်ကူးတဲ့ မူရင်းရုပ်ရှင် "The Intern" မှာ ခေါင်းဆောင် သရုပ်ဆောင်ဟက်သာဝေး က ဝန်ထမ်းပေါင်း ၂၂၀ ရှိတဲ့ ဖက်ရှင်လုပ်ငန်းကို ၁၈ လအတွင်း တည်ဆောက်ခဲ့တဲ့ စီအီးအိုဂျူးစ်အဖြစ် သရုပ်ဆောင် ထားပါတယ်။ ဂျူးစ် ဇာတ်ကောင်ဟာ ထက်မြတ်ပြတ်သားပြီး ၀န်ထမ်းတွေအပေါ် စစ်မှန်တဲ့ဂရုစိုက်မှုပေးနိုင်မှု ကြောင့် နာမည်ကျော်ပါတယ်။ ဒီလိုဇာတ်ကောင်သရုပ်ကို ဟန်ဆိုဟီးက ပြန်လည်ပုံဖော်နိုင်ဖို့ ပရိသတ်က မျှော်လင့်ထားပါတယ်။
ဟန်ဆိုဟီးဟာ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေကြောင့် နာမည်ပျက်ထွက်ခဲ့ပြီး အနုပညာလမ်းကြောင်းပေါ်မှာ အချိန်ခဏ ပျောက်ကွယ်နေခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သူမကို ပြန်လည်ထင်ပေါ်စေမယ်လို့ မျှော်လင့်ရပါတယ်။

Zawgyi Version:
'The Intern' ကိုရီးယားဗားရွင္းမွာ အန္းဟက္သာေဝးရဲ႕ဇာတ္ေကာင္ေနရာက ပါဝင္လာမယ့္ ဟန္ဆိုဟီး
ေရာင္နီ (NP News) - ေမ ၁ဝ

ေတာင္ကိုရီးယား မင္းသမီး ဟန္ဆိုဟီးဟာ ၂၀၁၅ ခုႏွစ္ထြက္ ေဟာလိဝုဒ္႐ုပ္ရွင္ 'The Intern' ကို ကိုရီးယား ဗားရွင္း႐ိုက္ကူးမယ့္ဇာတ္ကားမွာ ေခါင္းေဆာင္မင္းသမီး အန္းဟက္သာေဝးရဲ႕ဇာတ္ေကာင္ေနရာက ပါဝင္သြား မယ္လို႔ ေမလ ၉ ရက္က သိရပါတယ္။
ဒါ႐ိုက္တာ နန္စီမီရာစ္ ႐ိုက္ကူးတဲ့ မူရင္း႐ုပ္ရွင္ "The Intern" မွာ ေခါင္းေဆာင္ သ႐ုပ္ေဆာင္ဟက္သာေဝး က ဝန္ထမ္းေပါင္း ၂၂၀ ရွိတဲ့ ဖက္ရွင္လုပ္ငန္းကို ၁၈ လအတြင္း တည္ေဆာက္ခဲ့တဲ့ စီအီးအိုဂ်ဴးစ္အျဖစ္ သ႐ုပ္ေဆာင္ ထားပါတယ္။ ဂ်ဴးစ္ ဇာတ္ေကာင္ဟာ ထက္ျမတ္ျပတ္သားၿပီး ၀န္ထမ္းေတြအေပၚ စစ္မွန္တဲ့ဂ႐ုစိုက္မႈေပးႏိုင္မႈ ေၾကာင့္ နာမည္ေက်ာ္ပါတယ္။ ဒီလိုဇာတ္ေကာင္သ႐ုပ္ကို ဟန္ဆိုဟီးက ျပန္လည္ပုံေဖာ္ႏိုင္ဖို႔ ပရိသတ္က ေမွ်ာ္လင့္ထားပါတယ္။
ဟန္ဆိုဟီးဟာ ကိုယ္ေရးကိုယ္တာကိစၥရပ္ေတြေၾကာင့္ နာမည္ပ်က္ထြက္ခဲ့ၿပီး အႏုပညာလမ္းေၾကာင္းေပၚမွာ အခ်ိန္ခဏ ေပ်ာက္ကြယ္ေနခဲ့တာျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ သူမကို ျပန္လည္ထင္ေပၚေစမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Related news

© 2021. All rights reserved.