သုံးနှစ်အတွင်း ပထမဆုံးအကြိမ် Horror ဒရာမာအသစ်နဲ့ ပရိသတ်ရှေ့ ပြန်လည်ရောက်ရှိလာတော့မယ့် ဆိုးရီဂျင်း

117
ရောင်နီ (NP News) - မေ ၁ဝ
တောင်ကိုရီးယား မင်းသမီး ဆိုရီဂျင်းဟာ အနုပညာရပ်ဝန်းထဲမှာ ၃ နှစ်ကြာလောက် ပျောက်ကွယ်သွားပြီးနောက် အခု "Forest of Humans" Horror ဒရာမာအသစ်မှာ အဓိကဇာတ်ဆောင်အဖြစ် ဖန်သားပြင်ထက် ပြန်လည် ရောက်ရှိလာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
မေလ ၈ ရက်ထုတ် SPOTV News ရဲ့အစီရင်ခံစာအရ ဆိုရီဂျင်းဟာ လူကြိုက်များ ရေပန်းစားတဲ့ သည်းထိပ်ရင်ဖိုရ webtoon ကို အခြေခံထားတဲ့ ဒရာမာအသစ် "Forest of Humans" မှာ အဓိက ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒါဟာ ဆိုရီဂျင်းအတွက် ၂၀၂၂ ခုနှစ်က 'Eve' ဇာတ်လမ်းတွဲ ထွက်ရှိခဲ့ပြီးနောက် သုံးနှစ်နီးပါးကြာ ပရိသတ်ရှေ့က ပျောက်ကွယ်သွားခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲဖြစ်ပါတယ်။
ဆိုရီဂျင်းဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း "လက်အောက်ငယ်သားတွေကို အနိုင်ကျင့်တယ်" ဆိုတဲ့သတင်းကြောင့် ဝေဖန်မှုတွေ အပြင်းအထန် ခံစားခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇွန်လကစ Sublime နဲ့ သီးသန့်စာချုပ်ချုပ်ဆိုခြင်း၊ 'SNL Korea' မှာ ပါဝင်လာခြင်း အပါအဝင် သူမရဲ့အနုပညာလှုပ်ရှားမှုတွေ တဖြည်းဖြည်းပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။