မန္တလေး၌ လမ်းမီးတိုင်နှင့် မီးပွိုင့်များအတွက် တင်ဒါခေါ်ယူနေ

 127

NP News - မေ ၁ဝ

လက်ရှိ ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ၆ မြို့နယ်တွင် လမ်းမီးထွန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ယာဉ်အသွားအလာရှုပ်ထွေးသော နေရာများမှာ မီးပွိုင့်များဖြည့်စွက်တပ်ဆင်ရန်အတွက် လျှပ်စစ်ပစ္စည်းများလိုအပ်လျက်ရှိနေရာ အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ သိရသည်။

လိုအပ်လျက်ရှိသော လျှပ်စစ်ပစ္စည်းများမှာ မီးတိုင်၊ မီးလုံး၊ မီးကြိုး၊ ထရန်စဖော်မာ၊ ဘက်ထရီနှင့် အင်ဗာတာတို့ အပါအဝင်ဖြစ်ပြီး ၎င်းအပြင် မြို့တော်ခန်းမအတွင်းလိုအပ်လျက်ရှိသည့် LED မီးလုံး၊ စတိတ်စင်စလိုက် မီးလုံးနှင့် ဆက်စပ်ပစ္စည်းများကို ဌာနမှ မြန်မာကျပ်ငွေဖြင့် ဝယ်ယူသွားမှာဖြစ်သောကြောင့် ပြည်တွင်းကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါဖြင့် တင်သွင်းရန် ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား တင်ဒါလျှောက်လွှာတစ်စုံလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ရောင်းချပေးနေကြောင်း သိရသည်။

တင်ဒါ‌တင်သွင်းရမည့် နောက်ဆုံးရက်ကို မေ ၂၀ ရက် ညနေ ၄ နာရီအထိ သတ်မှတ်ပေးထားပြီး မေ ၂၆ ရက်မှာ တင်ဒါဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ရာ သတ်မှတ်အချိန်ထက် ကျော်လွန်တင်သွင်းတဲ့ လျှောက်လွှာများကို ထည့်သွင်းဆောင်ရွက်ပေးမှာ မဟုတ်ကြောင်းထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
မႏၲေလး၌ လမ္းမီးတိုင္ႏွင့္ မီးပြိဳင့္မ်ားအတြက္ တင္ဒါေခၚယူေန
NP News - ေမ ၁ဝ

လက္ရွိ ၂၀၂၅-၂ဝ၂၆ ဘ႑ာေရးႏွစ္အတြင္း မႏၲေလးတိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္တြင္ လမ္းမီးထြန္းျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ႏွင့္ ယာဥ္အသြားအလာရႈပ္ေထြးေသာ ေနရာမ်ားမွာ မီးပြိဳင့္မ်ားျဖည့္စြက္တပ္ဆင္ရန္အတြက္ လွ်ပ္စစ္ပစၥည္းမ်ားလိုအပ္လ်က္ရွိေနရာ အိတ္ဖြင့္တင္ဒါေခၚယူထားေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အေဆာက္အအုံႏွင့္ ကုန္႐ုံဌာနမွ သိရသည္။

လိုအပ္လ်က္ရွိေသာ လွ်ပ္စစ္ပစၥည္းမ်ားမွာ မီးတိုင္၊ မီးလုံး၊ မီးႀကိဳး၊ ထရန္စေဖာ္မာ၊ ဘက္ထရီႏွင့္ အင္ဗာတာတို႔ အပါအဝင္ျဖစ္ၿပီး ၎အျပင္ ၿမိဳ႕ေတာ္ခန္းမအတြင္းလိုအပ္လ်က္ရွိသည့္ LED မီးလုံး၊ စတိတ္စင္စလိုက္ မီးလုံးႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ဌာနမွ ျမန္မာက်ပ္ေငြျဖင့္ ဝယ္ယူသြားမွာျဖစ္ေသာေၾကာင့္ ျပည္တြင္းကုမၸဏီမ်ားကို အိတ္ဖြင့္တင္ဒါျဖင့္ တင္သြင္းရန္ ဖိတ္ေခၚထားျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ စိတ္ပါဝင္စားသည့္ ကုမၸဏီမ်ားအား တင္ဒါေလွ်ာက္လႊာတစ္စုံလွ်င္ ေငြက်ပ္ တစ္ေသာင္းႏႈန္းျဖင့္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အေဆာက္အအုံႏွင့္ ကုန္႐ုံဌာနမွ ေရာင္းခ်ေပးေနေၾကာင္း သိရသည္။

တင္ဒါ‌တင္သြင္းရမည့္ ေနာက္ဆုံးရက္ကို ေမ ၂၀ ရက္ ညေန ၄ နာရီအထိ သတ္မွတ္ေပးထားၿပီး ေမ ၂၆ ရက္မွာ တင္ဒါဖြင့္လွစ္ေဆာင္႐ြက္သြားမည္ျဖစ္ရာ သတ္မွတ္အခ်ိန္ထက္ ေက်ာ္လြန္တင္သြင္းတဲ့ ေလွ်ာက္လႊာမ်ားကို ထည့္သြင္းေဆာင္႐ြက္ေပးမွာ မဟုတ္ေၾကာင္းထုတ္ျပန္ခ်က္အရ သိရသည္။

© 2021. All rights reserved.